မြန်မာနိုင်ငံ၏ ပထမဆုံး Mercure ဟိုတယ်ဖွင့်လှစ်

Monday, May 7, 2018

AccorHotels အဖွဲ့မှ ၎င်းတို့၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံး Mercure အမှတ်တံဆိပ် ဟိုတယ်ကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
AccorHotels အဖွဲ့မှ စီမံကွပ်ကဲသော Mercure Yangon Kaba Aye သည် အထပ်ပေါင်း (၇) ထပ်ရှိပြီး မိသားစုများနှင့် ရက်ရှည်တည်းခို နေထိုင်မည့် ဧည့်သည်များ အတွက် အသင့်တော်ဆုံး ဖြစ် စေရန် အလင်းရောင် ကောင်းကောင်းရရှိ၍ ကျယ်ဝန်းသော အထူးကောင်းမွန်သည့် အခန်းများနှင့် suite အခန်းပေါင်း (၁၈၃) ခန်း ဖြင့် ဖွဲ့စည်းထားသည့် ဟိုတယ်တစ်ခုဖြစ်​​ကြောင်း သိရသည်။


ဟိုတယ် အဆောက်အအုံကြီးကို ရေကူးကန်ကို လှမ်းမြင်နေရအောင် ဒီဇိုင်းဆွဲထားသော ထိုစားသောက်ဆိုင်တွင် ဧည့်သည် အရေအတွက် (၂၀၀)ခန့် နားနားနေနေ အပန်းဖြေ အနားယူနိုင်ပြီး ရေကူးကန်ကျယ်ကြီး ကို ငေးကြည့်ရင်း စားသောက်ခံစား ပျော်ရွှင်နိုင်ပါသည်။ အစည်းအဝေးပွဲများ၊ ကော့တေးလ် ပါတီများ၊ ညီလာခံများနှင့် မင်္ဂလာပွဲ အခမ်းအနားများအတွက်လည်း ဧည့်သည်(၂၁၀) ခန့်ကို တည်ခင်း ဧည့်ခံရန် ကျယ်ဝန်းသော ခန်းမကြီးများလည်း ရှိပါသည်။ ထို့အပြင် အမြဲတစေ ခရီးသွားလာနေရသော စီးပွားရေး သမားများအတွက်လည်း တစ်ဦးထည်းထိုင်ခုံမှစ၍ လူဦးရေ(၆)ဦးအထိ အသုံးပြုနိုင်ပြီး နာရီအလိုက် (သို့မဟုတ်) လအလိုက် ငှားရမ်း၍ အသုံးပြုနိုင်သော ‘Ready to Work’ လုပ်ငန်းခွင် နေရာလေးများကို လည်း ဖွဲ့စည်းပေးထားပါသည်။


စိတ်ပင်ပန်းမှုများကို ဖြေဖျောက်ရန်နှင့် အားအင်သစ်များ ပြန်လည်ရရှိရန် ဟိုတယ်၏ Sweat Club ဟု အမည်ရသော အားကစားခန်းမတွင်လည်း နောက်ဆုံးပေါ် လေ့ကျင့်ရေး ပစ္စည်းကိရိယာများနှင့်နေ့စဉ် အေရိုးဗစ်သင်တန်းများကို ဖွင့်လှစ်ပေးထားပါသည်။ ညနေပိုင်းတွင်ဆိုလျှင်လည်း ရှုပ်ထွေးဆူညံသော မြို့ပြအငွေ့အသက်များမှ ခွဲထွက်ပြီး စိတ်ကြည်လင် လန်းဆန်းစေမှုကို ပေးစွမ်းနိုင်မည့် အနက် (၂၁) မီတာရှိသော ရေကူးကန်တစ်ကန်၊ ရွေးချယ်စရာ အမြည်းနှင့် ကော့တေးလ်အမျိုးမျိုး ခင်းကျင်းထား သော အဖျော်ယမကာ ဘားပါဝင်သည့် ရေကူးကန်များတွင်လည်း စိတ်အပန်းဖြေ အနားယူနိုင်ပါသည်။ ကလေးထိန်း ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးထားသည့်အတွက် အပန်းဖြေလာရောက် တည်းခိုကြသော ကလေးငယ်လေးများတစ်ဖက်နှင့် မိသားစုများအတွက်လည်း အဆင်ပြေစေပါသည်။


တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်သော Mercure Yangon Kaba Aye ဟိုတယ် အပါအဝင် MGallery, The Lake Garden Nay Pyi Taw, Novotel Inle Lake Myat Min, Novotel Yangon Max, Ibis Styles Yangon Stadium နှင့် Sofitel Inle Lake Myat Min စသည်ဖြင့် မြန်မာနိုင်ငံတွင်းမှ အဆင့်မြင့် ဟိုတယ်ကြီး(၆)ခုကို AccorHotels မှ အောင်မြင်စွာ စီမံကွပ်ကဲလျက်ရှိ​သည်​။