သင်္ကြန်​သီချင်းကလုပ်​တယ်​ မ​ပေါက်​တာ "G fatt"

Friday, March 16, 2018

မကြာမီ ရက်​ပိုင်းအတွင်းက ဒုတိယတစ်ကိုယ်​​တော်​စီးရီး 120/B ထွက်​ရှိခဲ့တဲ့ ​တေးသံရှင်​ G fatt က လာမယ့်​ သင်္ကြန်​အတွက်​ သီချင်းလုပ်​ဖို့က​တော့ Feeling အရပဲ လို့ဆိုပါတယ်​။

"သင်္ကြန်​သီချင်းက လုပ်​တယ်​ မ​ပေါက်​တာ။ အရင်​နှစ်​ကလည်း ခွက်​​စောင်းခုတ်​ချက်​​ပေါ့ Ice Cold နဲ့လုပ်​ကြတယ်​။ Mp3 link ပဲ တင်​လိုက်​တာ သင်္ကြန်​နားအရမ်းနီးလို့ထင်​တယ်​ သိပ်​မသိလိုက်​ကြဘူး။ မှတ်​မှတ်​ရရ ​ပြောရမယ်​ဆို ကျွန်​​တော်​ဒီ​လောကမှာ offcial စထွက်​ဖူးတာ သင်္ကြန်​သီချင်းနဲ့ဗျ။ 2010 ​လောက်​က Bo Bo Entertainmentက လုပ်​တဲ့ အ​ခွေမှာ ​ရေ​တွေစိုကုန်​ပြီသီချင်း။ ကိုဖရက်​ဒီ နဲ့ မဂူဂူးသီချင်း​ပေါ့ ကျွန်​​တော်​ဝင်​ဆို​ပေးတာပါ။ ဒီနှစ်​က​တော့ ဟိုတ​လော​က​တောင်​ စဉ်းစား​သေးတယ်​။ ဖီလင်​အရပဲ လုပ်​ဖြစ်​ မလုပ်​ဖြစ်​ မ​သေချာ​သေးပါဘူး" လို့ Myanmar People Magazine ကို ​တေးသံရှင်​ G fatt က ​ပြောပြခဲ့ပါတယ်​။