နယူးဗားရှင်း ဟာသရုပ်ရှင်ကားကြီး ပြသတော့မည်

Friday, February 16, 2018

ကံကောင်းလို့ အမည်တွင်ပေမယ့် ဘဝမှာ အမြဲကံမကောင်းတဲ့ လူတစ်ယောက်ရှိပါတယ်။ သူက ဘဝမှာ နေ့စဉ်ကံမကောင်းမှု၊ အလွဲတွေကိုသာ ကြုံရတာဖြစ်ပါတယ်။ ဒီလူတစ်ယောက်ရဲ့ အလွဲတွေကို ဟာသပုံစံနဲ့ ပုံဖော်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


အဆိုပါ နယူးဗားရှင်း(အမြင်သစ်) ဟာသရုပ်ရှင်ကားကြီးကိုတော့ ဖိုးသူတော်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဒါရိုက်တာ ညီညီဇော်နိုင်ရိုက်ကူးထားပြီး ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ညီထွဋ်ခေါင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ နန်းမြတ်ဖြိုးသင်း၊ ရွှေသမီး၊ ပွင့် တို့နဲ့အတူ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။