ဖေဖော်ဝါရီလ ၉ရက်မှာ ရုံတင်မယ့် "ကောလိပ်ဂျပိုး"

Thursday, February 8, 2018

ဆရာဇဝန ရဲ့ နာမည်ကျော် ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ယခင်ကလည်း ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ကောလိပ်ဂျင်ကို ယခုအခါ သရုပ်ဆောင် မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ ခင်လှိုင်၊ နေနော် နဲ့ ဟာသသရုပ်ဆောင်များစွာတို့ ပါဝင်ပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က "ကောလိပ်ဂျပိုး" ဟာသရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်ထားပါတယ်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ အလှအပ၊ ကိုသိန်းဖေရဲ့ အလွဲတွေ၊ စနောက်တတ်ပုံတွေနဲ့ မအေးစိန်အပေါ် ချစ်ခြင်းတွေကို ပုံဖော်ထားပါတယ်။