နောက်နှစ်မှာ စောင့်ကြည့်ရမယ့် တော်ဝင်မင်္ဂလာပွဲ

Friday, January 12, 2018

ဗြိတိန်က အပျိုလေးတွေ တရားဝင်အသည်း ကွဲမယ့်နေ့ကတော့ ၂ဝ၁၈ မေ ၁၉ ပါ။\


အဲဒီ့နေ့မှာ ဗြိတိန်မင်းသား Harry က Meghan Markle ကို တော်ဝင်မင်္ဂလာပွဲ နဲ့ လက်ထပ်မယ့်အကြောင်း Kensington နန်းတော်က ဒီဇင်ဘာလလယ်မှာ တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။


သူတို့ နှစ်ယောက်ရဲ့ စေ့စပ်သတင်းကို နိုဝင်ဘာလထဲမှာ ကြေငြာခဲ့ပြီး တော်ဝင်စေ့စပ်ပွဲကိုတော့ ဒီဇင်ဘာအစောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။


တော်ဝင် မင်္ဂလာပွဲကိုတော့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း Winsor ရဲတိုက်မှာ ကျင်းပသွားမှာပါ။]