ကမ္ဘာကပါ စိတ်ဝင်စားတဲ့ Myanmar Idol ကို နိုင်ငံခြားကနေပြိုင်လို့ရပြီ

Friday, January 12, 2018

ယခုလ ၁၆ရက်ကနေ စတင်ပြီး အသံစစ်ဆေးမှုတွေ ပြုလုပ်တော့မယ့် သုံးကြိမ်မြောက် Myanmar Idol အစီအစဉ်ကို ဆုကြေးတိုးမြှင့်ရုံသာမက နိုင်ငံခြားကနေ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။


ယခုကဲ့သို့ စီစဉ်ရခြင်းမှာ Myanmar Idol အစီအစဉ်ကို Season-1 တွင် ပရိသတ်စိတ်ဝင်စားမှု ကမ္ဘာ - ၂၀ရာနှုန်း၊ မြန်မာ -၂၀ရာနှုန်း ရှိခဲ့ပြီး Season-2 တွင် ကမ္ဘာ - ၄၀ရာနှုန်း၊ မြန်မာ - ၈၀ရာနှုန်းအထိ မြှင့်တက်ခဲ့ခြင်းကြောင့်ဖြစ်သည်။


ယခုနှစ်မှာတော့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထောက်အထားပြည့်စုံရင် Video Audition နဲ့ ပါဝင်ခွင့်ရရှိမှာဖြစ်သလို Myanmar Idol Season-3 ရဲ့ Winner ဆုကြေးကတော့ ငွေသားသီးသန့် ကျပ်သိန်း ၅၀၀၊ တေးစီးရီး CD ဖြစ်ပါတယ်။


ပရိသတ်တွေအနေနဲ့ Myanmar Idol Season -3 အစီအစဉ်ကို တီဗီဖန်သားပြင်ပေါ်မှာ ဧပြီလ ၁၇ရက် (မြန်မာနှစ်ဆန်း ၁ရက်) နေ့မှာ စတင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။