Samsung Galaxy A Series မိတ်ဆက်

Friday, January 12, 2018

Samsung Myanmar မှ Galaxy A Series ၏ အသစ်ထပ်မံထုတ်လုပ်လိုက်သော မျိုးဆက်သစ်စမတ်ဖုန်း Galaxy A8 (2018) အား ယနေ့စတင်မိတ်ဆက်လိုက်သည်။ 


Galaxy A8(2018) တွင် microSD ထပ်မံထည့်သွင်း၍လည်း 256GB အထိတိုးမြှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ Galaxy A series စမတ်ဖုန်းများအနက် Galaxy A8 (2018) သည် Samsung Gear VR နှင့် ပထမဆုံးတွဲဖက်အသုံးပြုနိုင်သည့် စမတ်ဖုန်းဖြစ်ကြောင်း သိရသည်။


Samsung Galaxy A8 (2018) အား အနက်ရောင် နှင့် ရွှေရောင် အရောင်နှစ်မျိုး ရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် မြန်မာကျပ်ငွေ ၆၁၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ရာ ဇန်နဝါရီလ ၈ ရက်နေ့ မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ Samsung အရောင်းပြခန်းများတွင် စရန်ငွေ ၃၀,၀၀၀ ကျပ်သွင်း၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။