သင်​ဇာဝင့်​​ကျော်​နဲ့​ပြေလည်​​အောင်​ပဲရှင်းချင်​တဲ့ "မိုး​ဟေကို" 

Monday, October 2, 2017

"သူ့နာမည်​​ရွှေရုပ်​" ရုပ်​ရှင်​ဇာတ်​ကားရိုက်​ကူးမှုနဲ့ပတ်​သက်​ပြီး မကြာမီရက်​ပိုင်းအတွင်းက ထုတ်​လုပ်​သူ သရုပ်​​ဆောင်​မိုး​ဟေကို၊ သရုပ်​​ဆောင်​သင်​ဇာဝင့်​​ကျော်​၊ ဒါရိုက်​တာစတီးလ်​ တို့အကြား နားလည်​မှုလွဲမှားကာ ဖြစ်​ပွားခဲ့တဲ့ ကိစ္စရပ်​ကို ​ပြေလည်​​အောင်​​ဖြေရှင်းတာမျိုးပဲ လုပ်​ချင်​တယ်​လို့ မိုး​ဟေကို က ​ပြောပါတယ်​။ ဒါ့အပြင်​ လူမှုကွန်​ရက်​စာမျက်​နှာ​ပေါ်မှာ သရုပ်​​ဆောင်​သင်​ဇာဝင့်​​ကျော်​​ရေးသားခဲ့တဲ့အ​ကြောင်းအရာ​တွေနဲ့ပက်​သက်​ပြီး သူမနဲ့တိုက်​ရိုက်​ပြသနာဖြစ်​ပွားခဲ့ခြင်း မဟုတ်​ဘဲ ဒါရိုက်​တာစတီးလ်​နဲ့ဖြစ်​ပွားခဲ့ခြင်းသာဖြစ်​ပြီး သူမတို့​ဖြေရှင်းဖို့ကြိုးစားခဲ့​ပေမယ့်​ သရုပ်​​ဆောင်​သင်​ဇာဝင့်​​ကျော်​က လက်​ခံ​တွေ့ဆုံခဲ့ခြင်း မရှိခဲ့တာဖြစ်​တယ်​လို့ သရုပ်​​ဆောင်​မိုး​ဟေကိုက ​ပြောပါတယ်​။ ဒါ​ကြောင့်​ ထိပ်​တိုက်​​တွေ့ဆုံ​ဖြေရှင်းခြင်းကို​တော့ မြန်​မာနိုင်​ငံရုပ်​ရှင်​အစည်းအရုံးမှာ ပြုလုပ်​သွားမှာဖြစ်​ပါတယ်​။