သရာစောထိရုပ်ရှင်ဇာတ်ကား ပြသတော့မည်

Monday, September 11, 2017

သရုပ်ဆောင် အကယ်ဒမီထွန်းထွန်း၊ ယုသန္တာတင်၊ ယဉ်လတ်တို့အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ကရင်ပြည်နယ် သံတောင်ဒေသမှာ ခက်ခက်ခဲခဲ သွားရောက်ရိုက်ကူးထားတဲ့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ ၁၅ရက်ကနေ ၂၁ရက်အထိ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ပြသတော့မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရုပ်ရှင်ဇာတ်ကားကတော့ ဒေသအကျိုးကို သယ်ပိုးဆောင်ရွက်နေတဲ့ သရာစောထိလို့ အမည်ရတဲ့ လူငယ်တစ်ဦးရဲ့ ဘဝ၊ သူရဲ့ ပတ်ဝန်းကျင်၊ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်း၊ တောင်ငူ၊ သံတောင်၊ သံတောင်ကြီးဒေသရဲ့ ၂၀၁၂ခုနှစ်မှာ ပေါ်ထွန်းခဲ့တဲ့ ငြိမ်းချမ်းရေးအလင်းရောင်အကြောင်းတို့ကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။