ယဉ်ကျေးတဲ့ မိန်းကလေးတွေကို ရင်ခုန်တဲ့ ချမ်းမင်းရဲထွဋ်

Friday, September 8, 2017

ရည်းစားမထားဖြစ်တာ ကြာပြီဆိုတဲ့ ချမ်းမင်းရဲထွဋ်က ယဉ်ကျေးတဲ့ မိန်းကလေးတွေကို ရင်ခုန်တယ်လို့ ဆိုပါတယ်။

“ကျွန်တော် ရည်းစားမထားတာကြာပြီ။ အရင်တုန်းက ထားခဲ့ဖူးတယ်။ ပြတ်သွားတာ တစ်နှစ်ခွဲလောက်ရှိပြီ။ ဒီတစ်နှစ်ခွဲအတွင်းမှာက ဒီအလုပ်ဘက်မှာပဲ အချိန်ပေးဖြစ်နေတယ်။ ယဉ်ကျေးတဲ့ မိန်းကလေးတွေကို ရင်ခုန်တယ်။ ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေးလေး စကားလာပြောတဲ့ ကောင်မလေးတွေဆိုရင် စိတ်ဝင်စားတယ်။ ဒီအလုပ်ကို နားလည်ပေးတဲ့သူမျိုးလိုချင်တာ။ ရည်းစားမထားသေးဘူးတော့ မဟုတ်ဘူးပေါ့နော်။ ဖူးစာပါလာရင် ကျွန်တော်ချစ်မှာပါ”လို့ ချမ်းမင်းရဲထွဋ်က ပြောပါတယ်