“ဝ”တဲ့ အမျိုးသမီးတွေလည်း လှတယ်ဆိုတာပြမယ့် Miss Plus Size ရွေးချယ်ပွဲ

Friday, September 8, 2017

ကိုယ်ခန္ဓာဝတဲ့ အမျိုးသမီးတွေမှာလည်း အလှတရား၊ စိတ်ခွန်အား၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်ဆိုတာ ပြသမယ့် Miss Plus Size Beauties Queen Contest Myanmar 2017 ပြိုင်ပွဲကို အောက်တိုဘာလ ၈ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပဏာမရွေးချယ်ထားသူ အမျိုးသမီးငါးဆယ်ဦးရှိပြီး သူတို့ထဲက နှစ်ဆယ်ဦးရွေးချယ်ကာ ပွဲကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့ ဆု ၁၀ ဆုချီးမြှင့်သွားမှာဖြစ်ပြီး အသက် ၁၈နှစ်ကနေ ၄၀အတွင်းရှိ ပေါင် ၁၈၀ အထက်ရှိ အမျိုးသမီးတွေကို ရွေးချယ်ထားတာဖြစ်ပါတယ်။