ငွေကြေးစီမံ ခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတ ရှားပါးရှာတဲ့သူ Toni Braxton

Monday, August 28, 2017

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းကရင်း အောင်မြင်ခဲ့သူ၊ အအောင်မြင်ဆုံး R&B အဆိုတော်တွေထဲက တစ်ဦးရဲ့ အကြောင်းကို ပြောပြရင်း စတင်ချင်ပါတယ်။ သူမကတော့ Toni Braxton ပါ။ သူမဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက တည်းရင်း လက်ရှိအချိန်အထိ ဆယ်စုနှစ် ၄ ခုစာလောက် အောင်မြင်နေခဲ့ အောင်မြင်နေဆဲ သူတစ်ယောက်ပါ။ ငွေရေးကြေးရေး ပြဿနာတွေ ဖြေရှင်းနေရမယ်လို့ မထင်ရပါဘူး။ ဒါပေမဲ့ သူမဟာ သူမပိုင်ဆိုင်မှုနဲ့ တတ်နိုင်တာထက် ပိုပြီးတော့ ကောင်းကောင်း နေထိုင်စားသောက်တဲ့ နေရာမှာတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့သူပါ။ နောက်ပြီး ငွေရေးကြေးရေး ချွတ်ခြုံကျတာမျိုး ကြုံတွေ့ရတာကလည်း အခါခါပါဘဲ။ မွဲပြာကျသွားလုနီးပါး ဖြစ်ခဲ့ရတဲ့ ငွေကြေးချွတ်ခြုံကျမှုကို သူမအနေနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာကတော့ ၁၉၉၆ ခုနှစ်တုန်းကပါ။ ဆယ်စုနှစ်တစ်ခုလောက် ကြာပြီးတဲ့အခါမှာတော့ တေးဂီတဖျော်ဖြေပွဲတွေ မလုပ်ဖြစ်တော့တာနဲ့ ဆက်စပ်လို့ မရိုးသားခဲ့တဲ့ Lloyd’s of London နဲ့ အာမခံပြဿနာ ဖြစ်ပြန်ပါတယ်။

၂၀၁၀ ခုနှစ်မှာတော့ လူတစ်ယောက် ကိုင်တွင်ဖြေရှင်းနိုင်တာထက် ပိုတဲ့ ကုမ္ပဏီတွေကနေ တရားစွဲခံရရင်းနဲ့ ငွေရေးကြေးရေး ချွတ်ခြုံကျခဲ့ပြန်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ်ထပ်ဖြစ်ပြန်ပါတယ်။ သူမအဆိုအရ အကြွေးက ဒေါ်လာသန်း ၅၀ နီးပါးရှိပါသတဲ့။ သူမရဲ့ ငွေကြေးပြဿနာတွေနဲ့ ပတ်သက်လို့ အကြောင်းပြချက်ပေးရကြေးဆိုရင် တစ်ခုထက်မကပါဘူး။ ငွေကြေးကိုင်တွယ်ဖြေရှင်းမှု မှားတာကြောင့်ဖြစ်သလို အဆင့်မမီတဲ့ အာမခံစုဆောင်းထားရှိမှုအပြင် ကိုယ်တတ်နိုင်တာထက် လွန်ကဲသုံးဖြုန်းတာကြောင့်လည်း ပါပါတယ်။ ၂၀၁၄ မှာတော့ သူမဟာ ဒေါ်လာ ၃ သန်း တန်ဖိုးရှိတဲ့ အိမ်တစ်လုံးကို ဝယ်ခဲ့ပြီး ဒီအတွက်လည်း ဘယ်လို သင်ခန်းစာတွေ ထပ်ရဦးမယ်ဆိုတာကို စောင့်ကြည့်ရဦးမှာဘဲ ဖြစ်ပါတယ်။