ချစ်သူနဲ့ အတူတွေ့လိုက်ရတဲ့ Mariah Carey

Friday, August 18, 2017

မနေ့ညက နယူးယောက်မြို့မှာ ချစ်သူ Bryan Tanaka နဲ့ ညစာစားဖို့ ထွက်လာတဲ့ Mariah Carey ကို အခုလိုပဲ တွေ့လိုက်ရပါတယ်။

အသက် (၄၇) နှစ်ရှိပြီဖြစ်တဲ့ အဆိုကျော်ကတော့ အနက်ရောင်ကိုယ်ကျပ်ဝမ်းဆက်ကို ၀တ်ဆင်ထားပြီး သူမရဲ့ချစ်သူကတော့ အ၀ါရောင်တီရှပ်နဲ့ ဂျင်းန်ဘောင်းဘီကို ခပ်ရိုးရိုးပဲဝတ်ဆင်ထားပါတယ်။

ဒီနေ့ညမှာတော့ Mariah Carey ဟာ Lionel Richie နဲ့ တွဲပြီး နယူးဂျာစီမှာ ဖျော်ဖြေပွဲတစ်ခု ဖျော်ဖြေသွားဖို့ရှိတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။