ကလေးဆေးရုံကို အလည်သွားခဲ့တဲ့ Jack Sparrow

Thursday, August 17, 2017

ပြီးခဲ့တဲ့ တနင်္လာနေ့က ဗန်ကူးဗားမှာရှိတဲ့ BC Children’s Hospital မှာ တက်ရောက်နေတဲ့ ကလေးတွေအတွက် ပျော်စရာနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ Pirates of the Carribbean ဇာတ်ကားထဲက Jack Sparrow ကြီး သူတို့ ကုတင်နားကို အလည်ရောက်လာလို့ပါ။

အသက် (၅၄) နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင် Johnny Depp တစ်ယောက် Jack Sparrow ၀တ်စုံအပြည့်ဝတ်ဆင်ပြီး အဲဒီ့ ကလေးဆေးရုံမှာ တက်ရောက်နေတဲ့ ကလေးအယောက်စီတိုင်းကို အချိန်ပေးခဲ့တာ စုစုပေါင်း (၅) နာရီတောင် ကြာမြင့်ခဲ့ပါသတဲ့။

ကလေးတွေ ဘယ်လောက်ပျော်နေသလဲဆိုတာ သိရအောင် ပုံလေးတွေ ကြည့်ကြည့်လိုက်ပါဦး...