မြန်မာတို့အတွက် Marry လာပါပြီ

Tuesday, July 4, 2017
မင်္ဂလာဆောင်တော့မယ့် ချစ်သူစုံတွဲများအတွက် အရမ်းအသုံးဝင်ပြီး အကြံဥာဏ်ကောင်း၊ နည်းလမ်းကောင်းတွေပေးစွမ်းမယ့် Wedding Website နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ Marry.com.mm  ဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပပြုလုပ်တော့မယ့် ချစ်သူစုံတွဲများအတွက် မင်္ဂလာပွဲတစ်ပွဲ ဖြစ်မြောက်ဖို့အတွက် ပြင်ဆင်စရာတွေ၊ လိုအပ်တာတွေ၊ စီစဉ်စရာတွေ၊ ပြုလုပ်စရာတွေ အတွက် အကြံဥာဏ်နည်းလမ်းကောင်းများစွာ၊ သတင်းဆောင်းပါးများစွာနဲ့ တည်ဆောက်ထားတဲ့
Website တစ်ခုဖြစ်ပါတယ်။ မင်္ဂလာဆောင်ရန်အတွက် အခြေခံ အကျဆုံးစီစဉ်စရာများဖြစ်တဲ့ ငွေကြေးစီမံခန့်ခွဲမှုများ၊ မင်္ဂလာပွဲတက်ရောက်ဖို့ လူဖိတ်ကြားမှုများကို အလွယ်တကူ စီမံခန့်ခွဲနိုင်မယ့် အပလီကေးရှင်း ( Application ) များကို Marry.com.mm မှာထည့်သွင်းထားတာမို့ အချိန်ကုန် လူပင်ပန်း သက်သာစွာနဲ့ အချက်အလက်များကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Marry ၀ဘ်ဆိုက်မှာ မင်္ဂလာဆောင်မယ့် အကြောင်းအရာများအပြင် မင်္ဂလာဆောင်နဲ့ အလှအပရေးရာ၊ မင်္ဂလာဆောင်နဲ့ ဖက်ရှင်၊ မင်္ဂလာဆောင်ပြီးရင် သွားသင့်တဲ့ ဟန်းနီးမွန်း (Honeymoon) ခရီးစဉ်များစတဲ့ အကြောင်းအရာများစွာကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ 
Marry က ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ချစ်သူစုံတွဲများအကြား ရေပန်းစားဆုံး Wedding Website ကြီးဖြစ်တာမို့ Marry.vn မှာလည်း ၀င်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။ Marry ကို ဖတ်ရှုတဲ့အခါ မင်္ဂလာဆောင်အတွက် ဆန်းပြားသစ်လွင်အသုံး
ဝင်တဲ့ နည်းလမ်းကောင်းများစွာ ရရှိနိုင်အောင် ဖန်တီးထားတယ်လို့ သိရှိရပါတယ်။ နောက်ထပ်ပြီး ပရိသတ်များအနေနဲ့ Marry Network ပေါ်ကနေ ထပ်မံမြင်တွေ့ဖတ်ရှုရမှာကတော့ Kalay ၀ဘ်ဆိုက်ပဲဖြစ်ပါတယ်။ Kalay မှာ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ နဲ့ မိဘများ အတွက် အထောက်အကူပြုနိုင်စေမယ့် သတင်းအချက်အလက်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် နေ့စဉ်မှတ်တမ်းများ၊ ကလေးမွေးဖွားဆိုင်ရာ အချက်အလက်များ၊  ကြီး ထွားမှုအဆင့်ဆင့်၊ ကာကွယ်ဆေးထိုးခြင်း အကြောင်းအရာများ၊ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးများရဲ့ ကလေးနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးအသိပညာ အကြောင်းအရာများကို Kalay မှ တဆင့်ဖတ်ရှုနိုင်ပါတယ်။ MarryBaby.vn ဆိုတဲ့ ဗီယက်နမ်နိုင်ငံရဲ့ Website မှာလည်း ၀င်ရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။  
မြန်မာနိုင်ငံမှာဖတ်ရှုနိုင်မယ့် Marry & Kalay Website များကို တင်ဆက်ပေးနိုင်ဖို့အတွက် လာမယ့် July လအတွင်းမှာ မိတ်ဆက်ပွဲ အခမ်းအနား များ ကျင်းပပြုလုပ်သွားမယ်လို့လဲ သိရပါတယ်။