Mrs.Universe 2017 ပြိုင်ပွဲသို့ မြန်မာမှ ကေခိုင်နှင်း သွားရောက်ယှဉ်ပြိုင်မည်

Tuesday, July 4, 2017

International and global beauty pageant တစ်ခုဖြစ်တဲ့ Mrs.Universe အိမ်ထောင်ရှင် အမျိုးသမီးများ ပြိုင်ပွဲသို့ မြန်မာမှ ကလေးနှစ်ဦးမိခင် ကေခိုင်နှင်းမှ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တဲ့ Mrs. Universe ပွဲဟာ အသက် ၂၅ နှစ်မှ ၄၅ နှစ်အရွယ် အိမ်ထောင်ရှင်အမျိုးသမီးများအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ ပွဲဖြစ်ပါတယ်။ ၂၀၁၇ အတွက် ပွဲကို တော့ တောင်အာဖရိကနိုင်ငံ Duban မြို့မှာ သြဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ ပြုလုပ်ကျင်းပတော့မှာဖြစ်ပါတယ်။ ၈၄ နိုင်ငံက အိမ်ထောင်ရှင် အမျိုးသမီးတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့်ပွဲမှာ မြန်မာနိုင်ငံမှ ကေခိုင်နှင်းက သွားရောက်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Mrs. Elegeant ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ပြီးနောက် Winner ဖြစ်ခဲ့ကာ Mrs. Universe ပြိုင်ပွဲဝင်ရန်Trainning ဆင်းခဲ့ပြီး ပြိုင်ပွဲဝင်ခွင့်ပြုရန် လျှောက်လွှာတင်သွင်းပြီး ခွင့်ပြုခဲ့တဲ့အတွက် ၂၀၁၇ အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲနဲ့ ပတ်သက်ပြီး “နှင်း ဒီပွဲအတွက် အများကြီး ကြိုတင်ပြင်ဆင်ထားပါတယ် အလှအပဆိုင်ရာ Makeup ဆံပင် ကိုယ်တိုင်ပြုလုပ်တတ်အောင် သင်ကြားနေပါတယ် Body ပိုင်းအဆင်ပြေအောင် တစ်နေ့ကို နှစ်နာရီကြာ ကစားတယ် Talent Show အတွက် မြန်မာပုဂံအကကို သေချာသင်ယူ လေ့ကျင်နေတယ် အထွေထွေဗဟုသုတတွေအတွက်လည်း လေ့လာနေပါတယ် ပြိုင်ပွဲက သတ်မှတ်ထားတဲ့ Presentation အတွက်လည်း စနစ်တကျပြင်ဆင်သွားပါမယ်ရှင်၊ နှင်း ဒီပြိုင်ပွဲမှာ ဆုရခြင်း မရခြင်းဆိုတာထက် မြန်မာအမျိုးသမီး မိခင်တွေရဲ့ လှပကျန်းမာခြင်းနဲ့ ဥာဏ်ရည် ဥာဏ်သွေးကို ထုတ်ဖော်ပြသခွင့် ရချင်မိတာပါ အကောင်းဆုံးအတတ်နိုင်ဆုံး ကြိုးစားနိုင်သမျှ ကြိုးစားပေးခဲ့ပါ့မယ်ရှင်လို့ ပြိုင်ပွဲပတ်သက်ပြီး ပြောပါ တယ်။ ပြိုင်ပွဲအချိန်မှာတော့ Mrs. Universe ပွဲရဲ့ Offical Facebook Page https://www.facebook.com/MrsUniverse2017/?fref=ts  နဲ့ website http://www.mrsuniverseltd.com/ တို့မှတစ်ဆင့်အားပေးနိုင်ကြပါတယ်။