ပရိသတ်ချစ်တဲ့ အဆိုတော်ကောင်လေးနဲ့ ပရိသတ်ကို Suprises လုပ်မယ့် ဆိုဖီယာ

Friday, June 16, 2017

တေးသံရှင် ဆိုဖီယာက သူမ၏ ဒုတိယမြောက်တေးစီးရီးအခွေအား ပရိသတ်ချစ်သော တေးသံရှင် အမျိုးသားတစ်ဦးနှင့် တွဲဖက်သီဆိုသွား မည်ဖြစ်ကြောင်း သိရသည်။

“ညီမနောက်တစ်ခွေ ထပ်လုပ်မယ်။ နာမည်ကြီး လူငယ်အဆိုတော် တစ်ယောက်နဲ့ပေါ့နော်။ အဲ့ဒါက Suprises ပေါ့။ အခုတော့ မပြော သေးဘူး။ ဆီုဖီနဲ့ လိုင်းသိပ်မကွာဘူး။ ဆိုဖီကြိုက်တဲ့ အဆိုတော်ဖြစ်တယ်။ အားလုံးကလည်း ချစ်ကြတဲ့ ကောင်လေးတစ်ယောက်ပဲ။ အခု သီချင်းတွေ စပြီးစုနေပါပြီ” ဟု တေးသံရှင် ဆိုဖီယာက ပြောသည်။

ထို့အပြင် သူမအနေဖြင့် သရုပ်ဆောင်တစ်ယောက်အဖြစ် ဇာတ်ကားများကို လက်ခံရိုက်ကူးသွားမည်ဖြစ်ပြီး ဇာတ်ရုပ်အစုံ ရိုက်ကူးချင်ကြောင်း သိရသည်။

“ဆိုဖီ ဇာတ်ညွှန်းကိုကြည့်ပြီး ဇာတ်ကားတွေရိုက်ဖို့ လက်ခံသွားပါမယ်။ ဆိုဖီ အရှေ့ပိုင်းမှာ ရိုက်ထားတာက ဗီလိန်ဆန်ဆန်အမာတွေ များတယ်။ နောက်ပိုင်းမှာတော့ ဗီလိန်ရော၊ ဇာတ်ရုပ်အပျော့လေးတွေရော အစုံ try ကြည့်ချင်ပါ တယ်။ အခုထိကတော့ အဆိုပိုင်းကိုပဲ ဦးစားပေးလုပ်ဖြစ်နေတာပေါ့နော်။ အခု ဇာတ်ကားနှစ်ကား ရိုက်ထားပါတယ်။ ဇွန်လထဲမှာ တစ်ကားရိုက်ပါမယ်။ ဆိုဖီ ကြိုးစားနေပါတယ်။ ပရိသတ်တွေ အားပေးကြမယ်လို့ ဆိုဖီ မျှော်လင့်ပါတယ်” ဟု တေးသံရှင် ဆိုဖီယာက ပြောသည်။

တေးသံရှင် ဆိုဖီယာအနေဖြင့် လက်ရှိအချိန်တွင် သူမ၏ NVM တေးစီးရီး MTV ရိုက်ကူးလျက်ရှိပြီး အရိုးရှင်းဆုံးပုံစံများဖြင့် သီချင်းနှင့် အံဝင်ခွင်ကျဖြစ်မည့် ဇာတ်လမ်းတိုပုံစံများ ရိုက်ကူးထားကြောင်း သိရသည်။
HHW