မေမေနဲ့ တူချင်တဲ့ Kaia Gerber

Thursday, June 8, 2017

စူပါမော်ဒယ်မမကြီး Cindy Crawford ရဲ့ သမီးဖြစ်သူ Kaia Gerber ဟာ မော်ဒယ်လ်ရော၊ သရုပ်ဆောင်ပါလုပ်နေတဲ့ ဆယ်ကျော်သက် စတားတစ်ယောက်ဖြစ်နေပါပြီ။ 

“ကျွန်မရဲ့ အလှအပနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို မေမေက လွှမ်းမိုးထားပါတယ်။ အလှအပနဲ့ ပတ်သက်ရင် မေမေသင်ပေးထားတဲ့ထဲက ကျွန်မအကြိုက်ဆုံးကတော့ အနည်းဆုံးက အကောင်း ဆုံးပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ မေမေဟာ အရိုးရှင်းဆုံးနေထိုင်တတ်တဲ့ သူမို့လို့ပါ။ ပေါ့ပေါးပါးပါးနေတတ်လွန်းလို့ တစ်ခုခုလုပ်ကြမယ်ဟေ့ဆို အမြန်ဆုံးအသင့်ဖြစ်နေတတ် တဲ့သူပါ။ လူမြင်ကွင်းထွက်မှာမို့ အလှဆုံးဖြစ်အောင်ပြင်လိုက်ဦးမယ်ဆိုတာမျိုး မရှိပါဘူး။ အသားအရေလှနေအောင် Vitamin E လေးပဲ မှန်မှန်လိမ်းဆိုတာမျိုးပဲ အရိုးရှင်းဆုံးနည်းကို သင်ပေး တတ်တဲ့သူ” လို့  သူမရဲ့ မိခင်ဖြစ်သူထံက ရတဲ့အလှအပ အကြံပြုချက်ကို ဖွင့်ဟထားပါတယ်။

“မေမေ့ရဲ့ အအောင်မြင်ဆုံးအချိန်တွေက ဓာတ်ပုံတွေကို အမြဲကြည့်ဖြစ်တယ်။ ကိုယ့်အမေမို့လားမသိဘူး။ သူ့ကို ကြည့်လိုက်တိုင်း အေးချမ်းတယ်။ သူ့အပေါ် ဘယ်အရာကမှ မလွှမ်းမိုးနိုင်ဘူး။ မေမေဟာ ကျွန်မအတွက် အမေဖြစ်သလို၊ သူငယ် ချင်းကောင်းတစ်ယောက်လည်းဖြစ်တယ်။ ကျွန်မ အသက်ကြီးလာတာနဲ့ အမျှ အမေနဲ့ ပိုပြီးရင်းနှီးလာတယ်။ ဆယ်ကျော်သက်မို့ မိဘနဲ့ ပိုဝေးသွားသလိုဖြစ်သွားမသွားဘူး။ ကျွန်မမညာချင်ပါဘူး။ မေမေနဲ့တူတဲ့ သမီးတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်” တဲ့။