Sunquick အချိုရည်က အရသာသစ်နှစ်မျိုးနှင့် ထုပ်ပိုးမှုပုံစံသစ်ကို မိတ်ဆက်ခဲ့

Monday, April 10, 2017

Sunquick Fruit Drink မှ ထပ်မံထုတ်လုပ်လိုက်သည့်အရသာသစ်နှစ်မျိုးနှင့်အတူ အသင့်သောက်ပုံစံအသစ်ဖြင့် ထုတ်လိုက်ခြင်း မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

Tin Ye Win Group Company မှ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးလျက်ရှိသည့် Sunquick အချိုရည်ကို မူလက လိမ္မော်အရသာနှင့် ဘယ်ရီအရသာနှစ်မျိုးသာ ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ သရက်သီးနှင့်ပန်းသီးအရသာကိုပါ ထုတ်လုပ်လိုက်ခြင်းဖြစ်ပြီး ကလေးများအတွက် သယ်ယူမှု အဆင်ပြေစေရန် 125ml နှင့် 250ml ဘူးငယ်များ ကိုပါ ထုတ်လုပ်လိုက်ကြောင်း သိရသည်။

Sunquick အချိုရည်သည် ISO 9001 အသိအမှတ်ပြု အမှတ်တံဆိပ်ဖြစ်ပြီး CO-RO A/S အသိအမှတ်ပြုရရှိထားသည့်အပြင် ဘရူနိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကိုပါ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။