သင်္ကြန်တွင်း မဲဆောက် အထူးခရီးစဉ်များနှင့် မိဟာရ

Monday, April 10, 2017

သင်္ကြန်ပိတ်ရက်ရှည်ကာလအတွင်း မြ၀တီ-မဲဆောက်-ဘားအံ ခရီးစဉ်သို့ သွားရောက်လိုသူများအတွက် MIHARA Travels & Tours မှ ဧပြီ ၁၂ နေ့တွင် (၄)ရက်ခရီးစဉ်တစ်ကြိမ်၊ ဧပြီ ၁၆ ရက်နေ့တွင် (၄)ရက်ခရီးစဉ်တစ်ကြိမ်၊ ဧပြီ ၂၀ ရက်နေ့တွင် (၄) ရက်ခရီးစဉ်တစ်ကြိမ် ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းများမှာ ဧပြီ ၁၂ နှင့် ၁၆ အတွက် ခရီးသည်တစ်ဦးလျှင် တစ်သိန်းလေးသောင်းကျပ်၊ ဧပြီ ၂၀ အတွက် ခရီးသည်တစ်ဦးလျှင် တစ်သိန်းနှစ်သောင်းကျပ် သတ်မှတ်ထားသည်။ သင်္ကြန်မတိုင်မီသွားလိုသူများအတွက် ဧပြီ ၇ ရက်နေ့တွင် (၃) ရက်ကြာခရီးစဉ်ရှိပြီး ခရီးသည်တစ်ဦးလျှင် ကိုးသောင်းငါးထောင်ကျပ် သတ်မှတ်ထားသည်။

MIHARA Travels & Tours မှ မြဝတီ - မဲဆောက် - ဘားအံ ခရီးစဉ်များကို အပတ်စဉ် သောကြာနေ့တိုင်းတွင် ပုံမှန်ခရီးစဉ်များစီစဉ်ပေးလျက်ရှိသလို ခရီးသည်များအနေဖြင့် မိသားစုများ၊ အသင်းအဖွဲ့များစသည်ဖြင့် ကားစင်းလုံးငှား (၁၀ ဦး) ဖြင့် သွားလိုပါကလည်း နှစ်သက်ရာနေ့များတွင် စီစဉ်ပေးလျက်ရှိပြီး လက်မှတ်ရောင်း ခရီးစဉ်တိုင်းတွင် (5 Tickets and Above Buy 10% Discount) လက်မှတ် ၅ စောင်နှင့် အထက် ၀ယ်ယူသူတိုင်းအတွက် ၁၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

၎င်းအပြင် ငပလီကမ်းခြေ အပန်းဖြေ (၄)ရက်ကြာခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် တစ်သိန်းခြောက်သောင်းကျပ်နှင့် ပုဂံ - ညောင်ဦး - ပုပ္ပါး၊  ရွှေစက်တော်နှင့် အခြားသောဘုရားဖူးခရီးစဉ်များ၊ တောင်ကြီး - အင်းလေး၊ ထားဝယ်- မြိတ် ခရီးစဉ်များကို မိဟာရမှ စီစဉ်ပို့ဆောင်ပေးလျက်ရှိပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၏ အဓိကများဖြစ်သော မော်တော်ယာဉ်၏ ကြံ့ခိုင်ရေး၊ ယာဉ်မောင်းများ၏ စနစ်တကျကျွမ်းကျင်စွာ မောင်းနှင်ခြင်းများဖြင့် (ခရီးသည် ၂ ဦးမှ ၄၅ ဦး အထိ) စီးလုံးငှား ဝန်ဆောင်မှုများအား မည်သည့်ဒေသ၊ ခရီးစဉ်မဆို စိတ်တိုင်းကျဖြစ်သည်အထိ စီစဉ်ဆောင်ရွက်ပေးသည်ဟု သိရှိရသည်။ အသေးစိတ်သိရှိစုံစမ်းလို ပါကဖုန်း - 09 49218700 , 09 5025400 , 09 785025400 , 09 450051557 , 09 420773444 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။