လျှမ်းလျှမ်းတောက် မိတ်ကပ်ဆံပင်ပြင်ဆင်မှုများ

Tuesday, March 21, 2017

နိုင်ငံတကာ ဖက်ရှင်စင်မြင့်ထက်မှာ လျှမ်းလျှမ်းတောက်ထင်ပေါ်တဲ့ ၂၀၁၇ နွေမိတ်ကပ်နဲ့ ဆံပင်အပြင်အဆင်များကတော့...

ပြိုးပြက်မိတ်ကပ်
ပြိုးပြိုးပြက်ပြက် အမှုန်လေးတွေကို နှုတ်ခမ်းပေါ်မှာ၊ မျက်ခမ်းအောက်နားမှာ၊ မျက်ခုံးအောက်နားမှာ၊ နားရွက်မှာ ပြင်ဆင်ခြယ်သပြီး ထူးထူးကဲကဲ ပွဲထွက်လာတဲ့ အမှတ်တံဆိပ်တွေကတော့ SHIATZY CHEN ၊ Fendi ၊ Sabinna နဲ့ Giamba ။

၁၉၈၀ မိတ်ကပ်
၂၀၁၆ နွေဖက်ရှင်လျှောက်လမ်းထက်မှာ ၁၉၉၀ လွန်နှစ်များက မိတ်ကပ်ပြင်ဆင်မှုတွေကို ပြန်ဖောက်ထုတ်ခဲ့ကြပြီး အခု ၂၀၁၇ နွေဖက်ရှင် လျှောက်လမ်းထက်မှာတော့ ယောက်ျားလေးမျက်ခုံးလို ခက်ထူထူ ဆွဲထားတဲ့မျက်ခုံးတွေ၊ ရှဲဒိုးကို မျက်ခွံပြည့်ခြယ်တာတွေ၊ မက်ဒေါနားတို့လို ဆံပင်ကောက်ပွပွတွေ စတဲ့ ၁၉၈၀ လွန်နှစ်များဆီက မိတ်ကပ်အပြင်အဆင်များနဲ့ ပံ့ပိုးခဲ့ကြတယ်။ 

ခေတ်သစ်ဘီးဟိုက်ဆံထုံး
၂၀၁၇ နွေဖက်ရှင် လျှောက်လမ်းထက်မှာ ဘီးဟိုက်ဆံထုံးတွေကို ပုံစံအသစ်နဲ့ ဟောသလိုပဲ တွေ့မြင်ခဲ့ရပါတယ်။