ဖောက်ပြန်တတ်သော ယောက်ျားများကိုသာ ရည်ရွယ်ပါသော ‘‘မောင့်အိမ်သူ’’

Thursday, March 9, 2017

ဖောက်ပြန်တတ်သော ယောက်ျားများကိုသာ ရည်ရွယ်ပါသည်ဆိုသော မောင့်အိမ်သူ ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလအတွင်းက ရုံတင်ပြသခဲ့ကြောင်းသိရသည်။

အဆိုပါဇာတ်ကားသည် တက္ကသိုလ်ကျောင်း သူ/သားဘ၀ကစတင်၍ ချစ်ခဲ့ကြသူနှစ်ဦး လက်ထပ်ပြီးချိန်တွင် အဆင်မပြေသောဘ၀၌ အတူရုန်းကန်ခဲ့ကြသော်လည်း ဘ၀တိုးတက်လာပြီး သည့်နောက်ပိုင်း ဘေးပတ်ဝန်းကျင်၏ သွေးထိုးလှုံ့ 
ဆော်မှုကြောင့် အိမ်ထောင်ရေးဖောက်ပြန်ကာ အပျော်ရှာသော အမျိုးသား၊ ခင်ပွန်းသည်၏ ဂုဏ်သိက္ခာအတွက် အိမ်ထောင်ရေးအဆင်ပြေမှုများကို မျိုသိပ်ခံစားရင်း စိတ်ဝေဒနာခံစားရကာ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် မိသားစုသံယောဇဉ် ကြီးမားသော ဇနီးတစ်ယောက်အကြောင်း ရိုက်ကူး ထားသည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးသည် ၂၀၁၅ ခုနှစ်အတွက် နောက်ခံတေးဂီတ အကယ်ဒမီဆုရရှိခဲ့ပြီး Laurel ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးကရိုက်ကူး၍ ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ သီတာလင်း (Laurel)၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် လှယဉ်ကျေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။