အသံတိတ်ရုပ်ရှင်ခေတ်အပါအ၀င် ခေတ်အဆက်ဆက်ရုပ်ရှင်ဇာတ်ဝင်တေးများကို နားဆင်ရမည့် မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့်အကြို ရုပ်ရှင်ဇာတ်ဝင်တေးဂီတ ဖျော်ဖြေပွဲ

Thursday, February 9, 2017

အသံတိတ် ရုပ်ရှင်ခေတ်အပါအဝင် ခေတ်အဆက်ရှိ မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးများကို ဖျော်ဖြေမှုပြုလုပ်သွားမည့် မြန်မာ့ရုပ်ရှင်နှစ် (၁ဝဝ) ပြည့်အကြို ရုပ်ရှင်ဇာတ်ဝင်တေးဂီတ ဖျော်ဖြေပွဲကို Laurel Art Academy (ရုပ်ရှင်အနုပညာသင်တန်းကျောင်း)က စီစဉ်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျော်ဖြေပွဲတွင် မြန်မာပြည် သိန်းတန်၊ ချစ်ကောင်း၊ ကိုင်ဇာ၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ စောလားထော်ဝါး၊ မေဆွိ၊ မေခလာ၊ ကော်နီ၊ နီနီခင်ဇော်တို့က ပါဝင်သီဆိုကြမှာဖြစ်ပြီး Laurel Art Academy ၏ အနုပညာမျိုးဆက်သစ် များက သရုပ်ပြတင်ဆက်မှု ပြုလုပ်သွားမှာဖြစ် ကြောင်းသိရသည်။

အဆိုပါပွဲကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ည ၇နာရီတွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမှာဖြစ်ပြီး mntv နှင့် CHANNEL 9 ရုပ်သံလိုင်းများမှတစ်ဆင့် ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရသည်။

မြန်မာ့ ရုပ်ရှင်နှစ် (၁ဝဝ)ပြည့်အကြို ရုပ်ရှင်ဇာတ်ဝင်တေးဂီတဖျော်ဖြေပွဲတွင် မှုံရွှေရည်၊ စိန်စီသော တေးတစ်ပုဒ်၊ သင်္ကြန်မိုး၊ ပိတောက်ရိပ်ဝယ်၊ အတူးနဲ့အသက်၊ ကျောက်ခဲ၊ ပန်းခြွေတဲ့ လေ အစရှိသော သီချင်းများအပါအဝင် အခြားမြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးများစွာကို ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။