Meliā Yangon ၏ Valentine’s Day အထူးအစီအစဉ်

Thursday, February 9, 2017

ချစ်သူနှင့်အတူ Special date လေးတစ်ခုဖြင့် Valentine's Day ကို ကျင်းပချင်သော မောင်နှံတို့အတွက် ၂ဝ၁၇ ၊ ဖေဖော်ဝါရီ ၁ဝ ရက် မှ ၁၄ ရက်အတွင်း Valentine's Day အထူးအစီအစဉ်များကို  Meliā Yangon မှ စီစဉ်ထားရှိ ကြောင်း သတင်းရရှိသည်။

Meliā Yangon သည် ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်တွင် စတင်ဖွင့်လှစ်ခဲ့သော ခေတ်မီခန့်ညား ထည်ဝါသည့် Luxury ဟိုတယ်သစ်ကြီးဖြစ်ပြီး အိပ်ခန်းပေါင်း ၄၃ဝ နှင့် အဆင့်မြင့် စားသောက်ဆိုင်များပါဝင်ကာ ရန်ကုန်မြို့၏ ကြယ်ငါးပွင့် အဆင့် စံပြုရသော ဟိုတယ်တစ်ခုဖြစ်လာစေရန် ရည်မှန်းထားကြောင်း သိရှိရသည်။ ဟိုတယ်သည် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတစ်ခုဖြစ်သည့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည်ရှိပြီး အလုပ်ကိစ္စဖြင့်သော်လည်းကောင်း၊ အပန်းဖြေ အနားယူရန်အတွက်သော်လည်းကောင်း သွားရောက်တည်းခိုရန် သင့်တော်သည့် ဟိုတယ်တစ်ခု ဖြစ်သည်။ 

ဟိုတယ်၏  ဒုတိယထပ်၌ တည်ရှိသော The Market စားသောက်ဆိုင်တွင် အထူး Valentine's ညစာ (စုံတွဲ တီရှပ်လက်ဆောင်၊ အမှတ်တရဓာတ်ပုံ ရိုက်ယူရန် အလှဆင်ထားသော Photo-call နှင့် Valentine's အခင်းအကျင်းများ၊ Romantic theme ဘူဖေးအစားအစာများ) ဖြင့် တည်းခင်းဧည့်ခံမည် ဖြစ်ပါသည်။ ဘူဖေးညစာ ဈေးနှုန်းများမှာ သောကြာနှင့် စနေနေ့တို့အတွက် US$38 net (ရေ၊ ဖျော်ရည်၊ အအေး၊ ဘီယာ နှင့် House wine အပါအဝင်) ဖြစ်ပြီး၊ တနင်္ဂနွေနေ့မှ အင်္ဂါနေ့တို့အ တွက် US$35 net (ရေ၊ ဖျော်ရည်၊ အအေး နှင့် ဘီယာတို့ အပါအဝင်) ဖြစ်သည်။ 

Open Market Concept ကို အခြေခံထားသော The Market (All-day-dining) စားသောက်ဆိုင်သည် ဥရောပအစားအစာ၊ မြန်မာအစားအစာ၊ အာရှအစားအစာ စသည်တို့ကို တစ်နေရာတည်းတွင် စုံလင်စွာရွေးချယ် သုံးဆောင်နိုင် မည်ဖြစ်ပြီး လုပ်ငန်းခွင် မိတ်ဆုံစားပွဲများ၊ မိသားစုဝင်များ၊ မိတ်ဆွေ သူငယ်ချင်းများနှင့် တွေ့ဆုံစားသောက်ပွဲများ ကျင်းပရန်လည်း သင့်တော်သည့် နေရာဖြစ်သည်။

၎င်းအပြင် Valentine's အခန်းနှင့် ညစာ Package ကို အထူးဈေးနှုန်း US$150 net ဖြင့် Premium Lake-view အခန်းတွင် (အခန်းတွင်း Romantic အသုံးအဆောင် အခင်းအကျင်းများ၊ Late check-out ၄ နာရီအထိ)  တစ်ညတာ တည်း 
ခိုနိုင်ပြီး US$30 ဖြင့် အခန်းအတွင်းသို့ နံနက်စာကို Sparkling wine နှင့်တကွ ပေးပို့သော ဝန်ဆောင်မှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ဟိုတယ်၏ ပထမထပ်တွင်တည်ရှိသော The Lantern Restaurant သည် ဗီယက်နမ်နိုင်ငံ၏ အရသာစုံလင်သော အထင်ကရ ဟင်းလျာများဖြင့် တည်ခင်းသွားမည်ဖြစ်ပြီး ဆိုင်တွင်းရှိ အနုပညာဆန်စွာလှပသည့် အပြင်အဆင်များကို တွေ့မြင် 
ခံစားနိုင်မည့်အပြင် Private Room များတွင်လည်း သုံးဆောင်နိုင်မည်ဖြစ်သည်။ US$21 ဖြင့် တနင်္လာမှ သောကြာ၊ နေ့လယ်စာ Set menu ကို သုံးဆောင်နိုင်မည် ဖြစ်သည်။

အဆိုပါ ပထမထပ်တွင် ဟိုတယ်၏ သုံးဆိုင်မြောက်ဖြစ်သော "Olea" မြေထဲပင်လယ်စာ စားသောက်ဆိုင်ကို ဖေဖော်ဝါရီလဆန်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အရသာရှိ၍ ကျန်းမာရေးနှင့် ညီညွတ်သော မြေထဲပင်လယ်စာစစ်စစ်ကို မြည်း
စမ်းနိုင်မည်ဖြစ်သည်။ အမျိုးအစားစုံလင်သော ဝိုင်နှင့် အဆင့်မြင့်ယမကာများကိုလည်း တစ်မူထူးခြားပြီး Country style ဆန်ဆန် အလှဆင်ထားေ သာ စားသောက်ခန်းတွင်ဖြစ်စေ၊ Indoor ဝရန်တာရှိ စားပွဲတွင်ဖြစ်စေ၊ ဝိုင် Cellar တွင်ဖြစ် စေ အေးဆေးငြိမ်းချမ်းစွာ သုံးဆောင်နိုင်ပါသည်။ အခြားစားသောက်ဆိုင်များနှင့် မတူသော အချက် မှာ Olea စားသောက်ဆိုင်သည် ညစာအတွက်သာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စားသောက်ဆိုင်နှင့် အခန်းများကို Booking တင်ရန်နှင့် အသေးစိတ်သိရှိနိုင်ရန် စုံစမ်းလိုပါက ဖုန်း ဝ၁ ၉၃၄ ၅ဝဝဝ၊ လိပ်စာအမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန် (မြန်မာ)www.facebook.com/MeliaYangon တို့ကို ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။