Rogue One: A Star Wars Story

Wednesday, December 21, 2016

Star Wars ရုပ်ရှင်ဇာတ်ကား အသစ်ဖြစ်တဲ့ Rogue One: A Star Wars Story ဆိုတဲ့ ဇာတ်ကားကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နှင့် မြန်မာ အပါအ၀င် ကမ္ဘာတစ်လွှားမှာ စတင်ရုံတင်ပြသခဲ့ပြီး လူကြိုက်များလျက်ရှိတယ်လို့ သိရပါတယ်။ ဒီ ဇာတ်ကားကို အမေရိကန် ရုပ်ရှင်ထုတ်လုပ်ရေး Company တစ်ခုဖြစ်တဲ့ Lucasfilm Ltd,. မှ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ခန့် အကုန်ကျခံကာ ရိုက်ကူးထားပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်လွှားမှာ ပြသရာ ၀င်ငွေ အမေရိကန်ဒေါ်လာ သန်း၂၉၀ ရရှိထားပြီး Box Office မှာ လက်တလော ၀င်ငွေ အများဆုံးရရှိထားတဲ့ ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။ Rogue One: A Star Wars Story ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Gareth Edwards က ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ကွင်းရိုက်ကွက်များကိုတော့ Maldives အပါအ၀င် နေရာတော်တော်များများကို အခြေခံ ရိုက်ကူးထားတယ်လို့လည်း သိရပါတယ်။ Star Wars ရုပ်ရှင်ဇာတ်ကားများကတော့ အပိုင်း ၁ မှ ၇ အထိရှိပြီး Rogue One ကတော့ ၈ ကားမြောက်အဖြစ် သီးသန့်ရပ်တည်နေတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။