Myanmar Premium presents AVA NYE 2017

Wednesday, December 21, 2016

၂၀၁၆ ခုနှစ်အတွက် DJ မဂ္ဂဇင်းရဲ့ နံပါတ် (၁) နေရာရရှိထားတဲ့ ဒိန်းမတ်နိုင်ငံသား Martin Garrix ဟာ လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့ည ၊ New Year မှာ ပြုလုပ်မည့် Myanmar Premium presents AVA NYE 2017 ပွဲသို့လာရောက်ဖျော်ဖြေမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ 

အဆိုပါဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းရှိ၊ The One Entertainment Park တွင် ဒီဇင်ဘာ ၃၁ ရက်နေ့ညနေ ၆ နာရီမှ ဇန်န၀ါရီ ၁ ရက်နေ့နံနက် ၁ နာရီအထိကျင်းပသွားမှာဖြစ်ပြီး ပွဲမှာတော့ Martin Garrix နှင့်အတူ New Year countdown ရေတွက်မည့် အစီအစဉ်လည်းပါမှာ ဖြစ်တဲ့အတွက် EDM ဂီတကို ကြိုက်နှစ်သက်ကြတဲ့ လူငယ်များအဖို့ စိတ်လှုပ်ရှားဖွယ် ဖြစ်စေမှာပါ။ 

စိတ်ပါဝင်စားသူများအနေနှင့် လက်မှတ်များကိုရန်ကုန်မြို့မှာဆိုရင်တော့ Harry’s Bar ၊ Gloria Jeans ၊ Mahantan Fish Market ၊ Ginki Kids Yangon ၊ POSH Fashion၊ Happy Noodles ၊ Music Box ၊Jooselyfe ၊ Cherry Chapter ၊ The Enboy နှင့် Rangoon Tea House တို့မှာ ၀ယ်ယူနိုင်ပါတယ်။

မန္တလေးမြို့မှာတော့ Oriental House ၊The MYST Café ၊Eighteen Restaurant ၊ Hana Yakiniku ၊ KyiPyar Beauty Store တို့မှာ ၀ယ်ယူရရှိနိုင်ပြီး အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူလိုသူများအတွက် shop.com .mm၊ flymya.com ၊ eventpop.me ၊ mmeventtickets.com ၊ RAVE REPUBLIC OF MYANMAR ၊ RAVE FESTIVALS TICKETS IN YGN တို့မှာ ၀င်ရောက် ၀ယ်ယူရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
ဒီပွဲကတော့ Martin Garrix ရဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပတဲ့ နယူးရီးယားပွဲတော် တစ်ခုလည်းဖြစ်တယ်လို့လဲ သိရပါတယ်။