ဘက်စုံထူးချွန်တဲ့ အနုပညာရှင်ဖြစ်ချင်လာတယ်ဆိုတဲ့ ဇွန်သံစဉ်

Wednesday, December 21, 2016

အလှမယ်ပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်ရင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိလာခဲ့ပြီဖြစ်တဲ့ Miss Universe Myanmar 2017 ဆုရှင် အလှမယ် ဇွန်သံစဉ်က ငယ်စဉ်က အလှမယ်တစ်ဦးသာ ဖြစ်ချင်ခဲ့ပေမယ့် အနုပညာလောကကိုဝင်ရောက်လာပြီး တဲ့နောက်မှာတော့ ပရိသတ်အတွက် ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ချင်လာခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကနေ သရုပ်ဆောင်မေဂျာနဲ့ ကျောင်းပြီးခဲ့တဲ့ သူမက ဇာတ်ကားတွေလက်ခံပြီး စတင်ရိုက်ကူးနေပြီလို့ ဆိုပါတယ်။ “ပြိုင်ပွဲကလည်း သွားပြိုင်ဖို့ရှိနေတော့ ဇာတ်ကားရိုက်တဲ့အပေါ်မှာ ပရိသတ်ဝေဖန်မှုရှိတယ်ဆိုပေမယ့် ညီမ ဒီဇာတ်ကားကို Miss Universe ဆုမရခင်ကတည်းက လက်ခံထားတာပါ။ ဇာတ်ကားရိုက်ပေ မယ့်လည်း ပြိုင်ပွဲအတွက်ကို အကောင်းဆုံးကြိုးစားနေပါတယ်။ ဘက်စုံထူးချွန်တဲ့အနုပညာရှင်ဖြစ်ချင်တဲ့အတွက် ညီမတစ်ဖြည်းဖြည်းနဲ့တစ်ဆင့်ချင်း ကြိုးစားနေပါတယ်”လို့ Miss Universe Myanmar 2017 ဆုရှင် အလှမယ် ဇွန်သံစဉ်က ပြောပါတယ်။ သူမအနေနဲ့ လက်ရှိအချိန်မှာတော့ Myanmar Media 7 ကထုတ်လုပ်ပြီး ဒါရိုက်တာသားညီရိုက်ကူးမယ့် ရတနာပုံ ရုပ်သံဇာတ်လမ်းတွဲမှာ အချစ်ကြီးပြီး ခက်ထန်တဲ့၊ လိုချင်တာကို ရအောင်ယူတတ်တဲ့ မိန်းကလေးအဖြစ် မာန်ပါပါနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။