CENTERSTAGE @ KHTDC

Wednesday, December 14, 2016

CENTERSTAGE သည် HKTDC မှ ဦးဆောင်ကျင်းပသော နောက်ဆုံးပေါ် ဖက်ရှင်ပရိုမိုးရှင်းနဲ့ ဖက်ရှင်လမ်းကြောင်းဖြစ်ပြီး ၂ဝ၁၆ စက် တင်ဘာ ၇ ရက် မှ ၁ဝ ရက် အထိ HKCEC တွင် ကျင်းပပြုလုပ်ခဲ့သည်။ 

 

၎င်း ကုန်စည်ပြပွဲတွင်း နိုင်ငံပေါင်း ၂ဝ ကျော်မှ ဖက်ရှင်အမှတ်တံဆိပ်ပေါင်း ၂ဝဝ ကျော်၊ ထူးခြားလှပသောဖက်ရှင်ပြပွဲ ၅ဝ ကျော်နှင့် အခြားဖက်ရှင် ပွဲ ၃ဝ ကျော်တို့ ပြသခဲ့ကြသည်။ 

 

ဒီဇိုင်နာများမှ အတွေ့အကြုံများဝေငှခြင်း၊ လုပ်ငန်းဆိုင်ရာ ဟောပြောပွဲများ၊ Networking event နှင့် အခြားအစီအစဉ်များစွာတို့ကို ပွဲရက်များတွင်စီစဉ်ကျင်းပခဲ့သည်။

 

“ကျွန်တော်တို့ရဲ့ ပွဲဦးထွက်ပွဲမှာ အာရှဖက်ရှင်လောကရဲ့ အာရုံစိုက်မှုကို ဖမ်းယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ဒီပွဲမှာ အာရှဖက်ရှင်တံဆိပ်တွေ အချင်းချင်းလေ့လာနိုင်တဲ့အပြင် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေလည်း ရရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် အခုမှ အာရှဖက်ရှင်လောကကို ခြေချမယ့် ဒီဇိုင်နာ လက်သစ်တွေအတွက်လည်း သူတို့ရဲ့ လက်ရာတွေကို ဒေသတွင်းမှာ ချပြနိုင်တဲ့အခွင့်အရေးရခဲ့ကြပါတယ်။

 

 ဟောင်ကောင်ဟာ အာရှရဲ့ ဖက်ရှင်မြို့တော်ကြီးဖြစ်လာတာနဲ့အမျှ CENTRESTAGE ဟာ ဒေသတွင်း ဖက်ရှင်ဖလှယ်ခြင်း အခွင့်အရေးမှာ အရေးပါတဲ့ နေရာကနေ အားဖြည့်ခွင့်ရခဲ့ပါတယ် ” ဟု HKTDC ရဲ့ Deputy Executive Director ဖြစ်သူ Benjamin Chau က ပြောကြားခဲ့ပါသည်။