CASIO EDIFICE မှ စိုင်းစိုင်းခမ်းလှိုင်အား Brand Ambassador အဖြစ်ခန့်အပ်ပွဲ ကျင်းပ

Tuesday, December 13, 2016

ကမ္ဘာ့အအောင်မြင်ဆုံး နာရီအမှတ်တံဆိပ် တစ်ခုဖြစ်သည့် CASIO EDIFICE မှ မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး သရုပ်ဆောင် အဆိုတော်တစ်ဦးဖြစ်သည့် စိုင်းစိုင်းခမ်းလှိုင်အား Brand Amb-assador အဖြစ်ခန့်အပ်ပွဲ နှင့် စာနယ်ဇင်း မီဒီယာ များသို့  မိတ်ဆက်သည့် အခမ်းအနားကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Micasa Hotel (Function Room) ၌ မနက် ၁၀ နာရီ မှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။ ကမ္ဘာကျော်တံဆိပ် နာရီများထဲမှ တစ်ခုဖြစ်သည့် CASIO Japan Company မှာ CASIO လက်ပတ်နာရီ series အမျိုးမျိုးကို  နိုင်ငံတကာသို့ ဖြန့်ဖြူးရောင်းချလျှက်ရှိပြီး နိုင်ငံတကာမှာလည်း ယခုလို နာမည်ကြီး အနုပညာရှင်များကို သံတမန်အဖြစ် ခန့်အပ်ကာ ကြေငြာလျှက်ရှိနေတာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ၂၀၁၃ ခုနှစ်လောက်ကစတင်ကာ  Naing Family Cherry Oo Co,.Ltd. မှ တရားဝင် ဖြန့်ချီခဲ့တာဖြစ်ပြီး G-SHORK နာရီများက စပြီး ယခုလို Ambassador များ ခန့်အပ်လျှက်ကြေငြာ ခဲ့တာဖြစ်ပါတယ်။

CASIO SERIES များထဲမှ တစ်ခု ဖြစ်သည့် ၎င်း EDIFICE နာရီများမှာ နည်းပညာမြင့် လုပ်ဆောင်ချက်များဖြစ်သည့် အလိုအလျောက် အချိန်ထိန်းညှိစနစ် ပါဝင်သည့်အပြင် smart ဖုန်းများနဲ့ ချိတ်ဆက်နိုင်တဲ့ Bluetooth စနစ်များ ပါဝင်ပါတယ်။ ရေစိုခံနိုင်ပြီး Smart ကျတဲ့ ပုံစံနဲ့ EDIFICE လက်ပတ်နာရီများကို အမျိုးသားများအတွက် သာထုတ်လုပ်ထားတာဖြစ်ပြီး Sporty watch အမျိုးအစားများဖြစ်တဲ့အတွက် ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ စတိုင်ကျကျနာရီများကို ကြိုက်နှစ်သက်တဲ့ အမျိုးသားများအတွက် သင့်လျော်တဲ့ နာရီအမျိုးအစားတစ်မျိုးလည်း ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ အိမ်နီးချင်းနိုင်ငံများထက် ပိုသက်သာတဲ့ ဈေးနှုန်းနဲ့ ၉၀,၀၀၀ ကျပ်ဝန်းကျင်မှ ၄၀၀,၀၀၀ ကျပ် ၀န်းကျင်အထိရှိပြီး ရန်ကုန်၊ မန္တလေး၊ မုံရွာ စတဲ့ မြို့များက CASIO Brand တစ်မျိုးတည်းကို သာ ရောင်းချတဲ့  G Factory နာရီဆိုင်များနဲ့ တစ်နိုင်ငံလုံးက CHERRY OO နာရီဆိုင်များမှာ တူညီ တဲ့ ဈေးနှုန်းများနှင့် ၀ယ်ယူရရှိနိုင်များဖြစ်ပြီး အချို့သော ကိုယ်စားလှယ်အရောင်းဆိုင်များမှာလည်း ၀ယ်ယူရရှိနိုင်သည့်အပြင် မည်သည့်ဆိုင်တွင် ၀ယ်ဝယ် တူညီသော ၀န်ဆောင်မှုများကိုလည်း ရယူနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှလည်း CASIO နာရီများကို ယခင်ကတည်းက ကြိုက်နှစ်သက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ စွဲစွဲလမ်းလမ်း ၀တ်ဆင်နေရတဲ့ နာရီ Brand တစ်ခုဖြစ်တာကြောင့် CASIO EDIFICE ရဲ့ Brand Ambassador အဖြစ် လာရောက်ကမ်း လှမ်းတဲ့အချိန်မှာ ၀မ်းမြောက်စွာ လက်ခံခဲ့ခြင်းဖြစ် ကြောင်းကိုလည်း သိရပါတယ်။