ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနား

Tuesday, December 13, 2016

ဒီဇင်လဘာလ ၉ ရက် နံနက်ပိုင်းက ရွှေတိဂုံစေတီတော် အောင်မြေမှာ ရူးအောင်ချစ်မယ့်သူ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ Heart & Soul ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်မှာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် နေတိုး၊ မင်းသာကီ၊ အိန္ဒြာကျော်ဇင်၊ မေတိုးခိုင် တို့က အဓိကပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ဝတ္ထု လွန်းထားထား၊ ဇာတ်ညွှန်း မယ်ခိုင် ဖြစ်ပြီး ဒါရိုက်တာအောင်ဇော်လင်း ဖြစ်ပါတယ်။