About Miss People
Miss People ဆိုတာ စတိုင်လ်ကိုဦးစားပေးတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီး၊ စတိုင်လ်မိုက်တဲ့ အချောအလှလေးတွေကို မြန်မာမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးကျော်ကြားစေဖို့ People Magazine ကဖော်ထုတ်ပေးမယ့်ပွဲတစ်ခုပါ။ ဖက်ရှင်ဒီဇိုင်းပညာရှင်တွေနဲ့ ပူးပေါင်းပြီး Stylist အနေနဲ့ပဲ ဖြစ်ဖြစ်၊ မော်ဒယ်လ်တွေနဲ့ပေါင်းပြီး အဖွဲ့လိုက်ဖြစ်ဖြစ်၊ ကိုယ်တိုင်မော်ဒယ်လ်လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့စတိုင်လ်ကိုအသားပေးလို့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ့် တစ်ခုတည်းသော ပွဲကြီးဖြစ်ပါတယ်။ Miss People ပြိုင်ပွဲကြီးကို 2006ခုနှစ်လောက်မှစပြီး ခြိမ့်ခြိမ့်သဲသဲကျင်းပခဲ့တာ အခုဆိုရင် သုံးနှစ်ရှိခဲ့ပါပြီ။ 2006 ခုနှစ်ရဲ့ Miss People ရွေးချယ်ပွဲကိုတော့ Traders Hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 2007 ခုနှစ်မှာတော့ The Strand မှာ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ Miss People Style Competition မှာ ၀င်ရောက်ယှဉ်ပြိုင်ပြီး ဆုများရရှိခဲ့ကြသော မော်ဒယ်လ်တွေဟာလည်း ယခုအချိန်မှာ အောင်မြင်ကျော်ကြားသော မော်ဒယ်လ်များအဖြစ် မော်ဒယ်လ်လောကမှာ ရည်တည်နေပြီ ဖြစ်ပါတယ်။ မြန်မာ People Magazine ရဲ့ တတိယအကြိမ်မြောက် Miss People 2008 ပြိုင်ပွဲကြီးကိုတော့ ရန်ကုန်နဲ့ မန္တလေး မြို့များမှာ တခမ်းတနား ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ ရည်ရွယ်ချက်ကတော့ စတိုင်လ် အမိုက်ဆုံး၊ အချောဆုံး၊ အဖြောင့်ဆုံး မဒီလေးများကို မြန်မာမှာသာမက ကမ္ဘာမှာပါ ကျော်ကြားသွားအောင် People Magazine မှ ဖော်ထုတ် ပေးလိုပါတယ်။ အရင်နှစ်တွေကလိုပဲ ဖက်ရှင်နဲ့ ဒီဇိုင်းပညာရှင်တွေဟာ Stylist အနေနဲ့ပဲ ဖြစ်ဖြစ်၊ မော်ဒယ်လ်နဲ့ ပေါင်းပြီး အဖွဲ့လိုက်ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင် မော်ဒယ်လ် လုပ်ပြီးတော့ပဲ ဖြစ်ဖြစ် ဖက်ရှင်နဲ့ စတိုင်လ်ကို အသားပေးလို့ ပါဝင် ယှဉ်ပြိုင်နိုင်ခြင်းဟာ ဒီပွဲရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။ အလှအပခံစားတတ်တဲ့၊ ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူတွေအားလုံး လာလို့ရအောင် ပွဲဝင်ကြေးကို မသတ်မှတ်ပဲ အခမဲ့ စီစဉ်ပေးထားပါတယ်။ မျှော်လင့်မထားလောက်အောင် ထူးခြားရင်ခုန်စေမယ့် အစီအစဉ်များကိုလည်း ဖန်တီးတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် တက်ရောက်လာတဲ့ ဧည့်ပရိတ်သတ်အားလုံး ပျော်ရွှင်ကျေနပ်စေမှာ သေချာပါတယ်။
