လှပဆန်းသစ်သော Gadget များ

လှပပြီးဆန်းသစ်လှတဲ့ gadget လေးတွေကို ကိုယ့်အခန်းထဲမှာထားပြီး အခန်းကို အဆန်းတကြယ်ဖြစ် အောင်လုပ်မယ်။ ဒါမှမဟုတ် ဒီလိုပစ္စည်းလေးတွေကို ၀ါသနာအရစုဆောင်းတာ စိတ်ဝင်စားမယ်ဆိုရင်တော့ အခုဖော်ပြမယ့် ပစ္စည်းလေးတွေ စာဖတ်သူကို ဖမ်းစားနိုင်ပါလိမ့်မယ်။ ဒီ gadget အားလုံးက၂၀၁၄ ခုနှစ် အစောပိုင်းကာလတွေမှာ ဈေးကွက်ထဲကို ရောက်လာတဲ့ ကုန်ပစ္စည်းလေးတွေဖြစ်ပါတယ်။

လှုပ်ရှားမှုအာရုံခံနိုင်သည့် ရေစိုခံမီးစနစ်

အိမ်ပြင်မှာရော အတွင်းမှာပါ ထားသုံးနိုင်ပါတယ်။ ရေစိုတာကို ခံနိုင်ရည်ရှိပြီးတော့ လှုပ်ရှားမှုတစ်ခုခု ရှိတာနဲ့ မီးပွင့်သွားမှာ ဖြစ်ပါတယ်။ LED Floodlight နည်းပညာကို သုံးစွဲထားပြီးတော့ AA ဓာတ်ခဲလေးလုံး ထည့်ပြီး သုံးရမှာဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၂ ဒေါ်လာ ဖြစ်ပါတယ်။

သစ်သားပုံ Kisai LCD

နာရီဒီဇိုင်းဆန်းသစ်တီထွင်မှုနဲ့ နည်းပညာပိုင်းပြိုင်ဆိုင်မှု သည်းထန်နေတဲ့အချိန်မှာ ဒီနာရီလေးက ဆန်း သစ်မှုနဲ့ သပ်ရပ်လှပမှုကိုပေးတယ်လို့ခံစားရမှာပါ။ USB နဲ့ချိတ်ဆက်နိုင်မှာ ဖြစ်ပြီးတော့ 2GB MicroSD ကတ် လည်းပါရှိပါတယ်။ MicroSD ကတ်ကို ထပ်မံတိုးချဲ့သုံးစွဲနိုင်မှာ ဖြစ်ပြီးတော့ တန်ဖိုးက ကန်ဒေါ်လာ ၁၀၉ ဖြစ်ပါတယ်။

ADAPT Bluetooth Adapter

ဆန်းသစ်လှပပြီး အိပ်ဘေးမှာချိတ်သွားလို့ ရအောင်သေးငယ်ပေါ့ပါးပါတယ်။ 3.5 mm audio jack ပါ ရှိပါတယ်။ အသံကိုထိန်းညှိနိုင်သလို၊ ဖုန်းဖြေတာနဲ့ play/pause တွေကို လုပ်လို့ရပါတယ်။ Built-in microphone ပါရှိပြီး ကြိုးမဲ့စနစ် နဲ့ သုံးနိုင်အောင် စီမံပေးထားပါတယ်။ ၆ နာရီ ဆက်တိုက်သုံးနိုင်ပြီးတော့ နာရီပေါင်း ၁၅၀ အထိ standby ထားသုံးနိုင်ပါတယ်။ ပြီးတော့ ပေပေါင်း ၃၀ အကွာအထိ ထားသုံးလို့ရပါ တယ်။

အာကာသယာဉ်တစ်ခုလို့ ထင်စရာရှိတဲ့စပီကာ

Pyle Audio Street Blaster လို့ ခေါ်ပါတယ်။ အာကာသယာဉ်လို့ ရုတ်တရက်ကြည့်ရင် ထင်စရာရှိပါ တယ်။ ဒီဆိုင်းဆန်းပြားပြီး လှပပါတယ်။ Bluetooth နဲ့ရော Near Field Communication (NFC) နည်း ပညာနဲ့ပါ အသုံးပြုနိုင်ပါတယ်။ iOS နဲ့ရော Android  device တွေနဲ့ပါချိတ်ဆက် အသုံးပြုနိုင်ပါတယ်။  3.5mm input jack, built-in digital amplifier နဲ့ LED မီးလုံးတွေပါရှိပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၂၄၉.၉၉ ဖြစ်ပါတယ်။

Titanfall R.A.T. 3

မောက်စ်ဂိမ်းကစားမယ့်သူတွေအတွက် အထူးစီမံပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းစွဲဆောင် မှုရှိပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ၇၉.၉၉ ဒေါ်လာဖြစ်ပါတယ်။ 3500 DPI optical sensor ပါရှိပြီးတော့ သုံးစွဲသူကိုယ်တိုင် သတ်မှတ်နိုင်တဲ့ အမိန့်ပေးခိုင်းစေမှု ၉ ခု ပြု လုပ်နိုင်ပါတယ်။

ကိုယ့်စိတ်ကြိုက် selfies ပုံတွေ ရိုက်ကူးနိုင်မယ့် HISY

ကိုယ်ပုံကို ကိုယ်ရိုက်ကူးတဲ့ Selfie ယဉ်ကျေးမှုက ဒီနေ့ခေတ်မှာ အတော်ကိုထွန်းကားလာပါတယ်။ ဒီစကားလုံးက ၂၀၁၃ ခုနှစ်ရဲ့ အလှဆုံးစကားလုံးအဖြစ် စာရင်းဝင်သွားခဲ့ပါတယ်။ ဗီဒီယိုပါ ရိုက်ကူးနိုင်မှာဖြစ် ပါတယ်။ တစ်ခုကတော့ ဒီပစ္စည်းကို Bluetooth ကနေတစ်ဆင့် iDevice နဲ့ချိတ်သုံးရပါလိမ့်မယ်။ ပေ ၃၀ က နေ ပေ ၉၀ အကွာအဝေးအတွင်း အသုံးပြုနိုင်ပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ၂၅ ဒေါ်လာဖြစ်ပါတယ်။

ဆန်းဆန်းပြားပြား Sceptre SoundPal

ပေါ့ပါးတဲ့ ခရီးဆောင်စပီကာလေးပါ။ NFC ရော Bluetooth နဲ့ပါချိတ်ဆက်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ 3.5 mm ကြိုးပေါက်ပါရှိပြီး microSD memory card reader လည်း တွဲဖက်ပါ ရှိပါတယ်။ တန်ဖိုးက ကန် ဒေါ်လာ ၉၉.၉၉ ဒေါ်လာဖြစ်ပါတယ်။

စတိုင်လ်ကျတဲ့ခရီးဆောင်စပီကာ

စတိုင်လ်ကျပြီးလှပတဲ့ Pyle PWPBT30 Rocket Torch ခရီးဆောင် စပီကာဖြစ်ပါတယ်။ Bluetooth နည်းပညာ၊ FM ရေဒီယို၊ mini SD memory card slot နဲ့ AUX-IN jack တို့ပါရှိပါတယ်။ ပေါ့ပါးပြီး ရေစိုတာ ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ iOS, Android သို့မဟုတ် PC device တွေနဲ့ ဆက်သွယ်အသုံးပြုနိုင်ပြီး ဒီ device တွေကနေ ၃၂ ပေအကွာအဝေးအထိ သယ်ဆောင်အသုံးပြုနိုင်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၄၄.၉၉ ဖြစ်ပါတယ်။

သံစဉ်များနဲ့ ခေါင်းအုံး

Sleep Sound Generating Pillow လို့ ခေါ်ပါတယ်။ ညပိုင်းအိပ်မပျော်သူတွေအတွက်ရော သံစဉ် ညိမ့်ညိမ့်လေးတွေ နားဆင်ပြီး အိပ်စက် အနားယူချင်သူတွေအတွက်ပါ ပြုလုပ်ပေးထား တဲ့ခေါင်းအုံးပါ။ အိပ်ရ တဲ့နေရာမှာ အရင်က အိပ်ရတာထက်ကိုပိုပြီးတော့ စောစောလေး အိပ်ပျော်မယ်လို့ ပြောထားပါတယ်။ တန်ဖိုး က ကန် ဒေါ်လာ ၆၉.၉၅ ဒေါ်လာဖြစ်ပါတယ်။

အသံနဲ့ရော တုန်ခါမှုနဲ့ပါ နိုးနိုင်ပါတယ်။ တုန်းခါမှုပုံစံကို ၆ မျိုးထည့်ပေးထားပါတယ်။ ပါးလွှာပြီးတော့ အမျိုးသမီးတွေ နှစ်သက်မယ့်ပုံစံအဖြစ် ဒီဇိုင်းကို အထူးပြုထုတ်လုပ်ထားတာလို့ ပြောထားပါတယ်။ ဘက် ထရီက ပြန်လည်းအားပြန်သွင်းနိုင်တဲ့အမျိုးအစားကို ထည့်ထားတာလို့သိရပါတယ်။

Swann HD RemoteCam

HD RemoteCam ဖြစ်ပါတယ်။ ခလုတ်ခလေးကို တစ်ချက်နှိပ်လိုက်ရုံဖြင့် ဗီဒီယိုရိုက်ကူးမှုကို ပြုလုပ် နိုင်ပါတယ်။

 ဗီဒီယိုကို 1280x720p နဲ့ ရိုက်ကူးနိုင်ပြီးတော့ ဓာတ်ပုံတွေကိုတော့ 1600x1200 Pixels resolution နဲ့ ရိုက်ကူးနိုင်ပါတယ်။ 2 GB microSD memory ကတ်ထည့်ပေးထားပါတယ်။ မိနစ် ၂၀ အထိ ရိုက်ကူးနိုင်ပြီး တော့ 32GB အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ ၆၉.၉၉ ဖြစ်ပါတယ်။