ဖရုံသီးရဲ့ ရွှေရောင် လျှို့ဝှက်ချက်များ

 

    အရသာချိုအီအီ၊ အသားထူထူအိအိနဲ့ ရွှေရောင် အဆင်းရှိတဲ့ ရွှေဖရုံသီးကို သင်ငယ်စဉ် ကလေးဘ၀ကတည်းက နတ်သမီးပုံပြင်များမှ တစ်ဆင့် ရင်းနှီးပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ သင့်မေမေကျွေးတဲ့ အာဟာရပြည့်တဲ့ ထမင်းဝိုင်း မှာ လည်း မကြာမကြာ ပါလာလေ့ရှိတဲ့ ဟင်းအ မယ် တစ်မျိုးဖြစ်မှာပါ။ ဒါကြောင့် ဒီတစ်လ အတွက် တော့ အညွှန့်ကအစ၊ အသီး အလယ်၊ အစေ့ အဆုံး စားသုံးလို့ရတဲ့ ရွှေဖရုံသီးရဲ့ ကျန်းမာရေးအကျိုးပြု အာဟာရဓာတ်များအကြောင်း ကို တင်ဆက်ပေး ချင်ပါတယ်။

 

လှပနုပျိုခြင်း
    Mayo Clinic ရဲ့ အဆိုအရတော့ ရွှေဖရုံသီး ဟာ ဗီတာမင် A ရရှိနိုင်တဲ့ သဘာဝ ရင်းမြစ်တစ်ခု ဖြစ်ပြီး အဆိုပါ ဗီတာမင်ဟာ အိုမင်းခြင်းကို တား ဆီးပေးနိုင်တဲ့ Anti-aging အစွမ်းသတ္တိရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် A က  အရေပြား ဆဲလ်တွေ အသစ်ပြန်လည်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ကို နှိုးဆော်ပေးနိုင်ပြီး အသားအရေ ချောမွေ့ပျော့ ပြောင်းစေဖို့နဲ့ နုပျိုစေဖို့ မရှိမဖြစ်လိုအပ်တဲ့ Collagen ထုပ်လုပ်နိုင်စွမ်းကိုလည်း တိုးတက်စေ နိုင်တယ်လို့ ဆိုပါတယ်။  ဒါကြောင့် ရွှေဖရုံသီးမှာ သင့်ရဲ့ နုပျိုမှုကို တစ်ဖက်တစ်လမ်းက ကူညီ ပေးနိုင်စွမ်းရှိနေတယ်လို့ ဆိုကြပါစို့။

ကိုယ်အလေးချိန် ကျဆင်းစေခြင်း
    လိမ္မော်ရောင် အသီးအနှံတွေမှာ အမျှင် ဓာတ်ကြွယ်ဝစွာ ပါဝင်နေလေ့ရှိပါတယ်။ တုံးတစ် ပြီးသား ဖရုံသီးတစ်ပန်းလုံးစာမှာ အမျှင်ဓာတ် ၇ ဂရမ်၊ ကယ်လိုရီ ပမာဏ ၅၀ သာ ပါဝင်ပြီး အဆီပါဝင်မှုကတော့ သုညပါ။ အမျှင်ပါဝင်မှု မြင့် မားတဲ့ အစားအစာတွေဟာ ပမာဏနည်းနည်း စားသုံးရုံနဲ့ ဗိုက်ပြည့်စေပြီး စားပြီးနောက် အဆိုပါ အမျှင်ဓာတ်ကို ချေဖျက်ဖို့ အချိန်ယူရပါတယ်။ ဒါကြောင့် မကြာခဏ အစားစားလိုစိတ်ကို အလို အလျောက်တားဆီးပြီးသား ဖြစ်သွားစေသလို အစား များများ စားခြင်းကိုလည်း လျှော့ချပြီးသား ဖြစ်စေပါတယ်။ ဒါကြောင့် ရွှေဖရုံသီးက သင့် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချရာမှာဖြစ်စေ၊ အလေးချိန်တက်မလာအောင် ထိန်းသိမ်းရာမှာ ဖြစ် စေ အားကိုးနိုင်တဲ့ အရသာရှိသော အစားအစာတစ် မျိုး ဖြစ်ပါတယ်။

အမြင်အာရုံကို ထက်မြက်စေခြင်း
    ရွှေဖရုံသီးရဲ့ စွဲမက်ဖွယ် လိမ္မော်ရောင် အ ရောင်အဆင်းဟာ Beta- Carotene ကြွယ်ဝမှုရဲ့ သက်သေဖြစ်ပါတယ်။ Beta- Carotene ဟာ စားသုံးပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် A အဖြစ် ပြောင်းလဲသွားတဲ့ Organic compound တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် A ရဲ့ နောက်ထပ် ကျန်းမာရေး အကျိုးပြု ဂုဏ်သတ္တိကတော့ မျက်စိရဲ့ကျန်းမာရေး ကို အထူးကောင်းမွန်စေခြင်းပဲ ဖြစ်ပါတယ်။ ရွှေဖရုံ သီး တစ်ပန်းကန်လုံးစာမှာ လူတစ်ယောက် နေ့စဉ် စားသုံး သင့်တဲ့ ဗီတာမင် A ၂၀၀ % ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေဖရုံသီးမှာ Lutein နဲ့ Zeaxanthin အမည်ရ Antioxidant  နှစ်မျိုးဟာ မျက်စိအတွင်း တိမ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသက်အရွယ်ကြောင့် မျက်စိမှုန်လာတဲ့ ဖြစ်စဉ် ကိုလည်း နှေးကွေးစေနိုင်ကြောင်း လေ့လာမှုတွေ မှာ တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် ရွှေဖရုံသီးဟာ မျက်လုံးနဲ့ အမြင်အာရုံ ကျန်းမာရေးအတွက် အထူး ကောင်းမွန် သင့်တော်တယ်လို့ ဆိုနိုင်ပါတယ်။

ကိုယ်ခံအားကို ကောင်းမွန်စေခြင်း
    ရွှေဖရုံသီးရဲ့ အစွမ်းထက်လက်နက်ဆိုရင် ဗီတာမင် A လို့ပဲ ဆိုရမှာပါပဲ။ ဗီတာမင် A က သင့် ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ပြင်ပက ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုတွေ ကို ပြန်လည်တိုက်ထုတ်နိုင်ဖို့ ကူညီပေးနိုင် ပါ တယ်။ ရွှေဖရုံသီးမှာ ဗီတာမင် A အပြင် ဗီတာမင် C လည်း ပါဝင်ပါတယ်။ ရွှေဖရုံသီး တစ်ပန်းကန် လုံးစာမှာ အရွယ်ရောက်ပြီးသူတစ်ယောက် နေ့စဉ် လိုအပ်တဲ့ ဗီတာမင် C ၂၀% ပါဝင်ပါတယ်။ ဒါ ကြောင့် တုပ်ကွေး၊ အအေးမိခြင်း ကဲ့သို့သော ကူး စက်ရောဂါတွေ အလွယ်တကူ မကူးစက်လာ နိုင်အောင် ကိုယ်ခံအားစနစ် ပိုကောင်းလာစေဖို့ ရွှေဖရုံသီးကို ချက်ပြုတ်ပြီး မကြာမကြာ စားပေး နိုင်သလို အကယ်၍ သင့်ရဲ့ ကိုယ်ခံအားစနစ်ထဲကို ရောဂါပိုးတွေ ၀င်ရောက်တိုက် ခိုက်လာကြလို့ ဖျားနာပြီဆိုရင်လည်း  လျင်လျင်မြန်မြန် ပြန်လည်တိုက် ထုတ်နိုင်အောင် ရွှေဖရုံသီးကို စားပေးနိုင်ပါတယ်။ ဖျားနေချိန် သင်စားမယ့် ဆန်ပြုတ်ထဲမှာ ရွှေဖရုံသီး ကို ထည့်နိုင်သလို ရွှေဖရုံသီးစွပ်ပြုတ်လည်း သောက်နိုင်ပါတယ်။

ကင်ဆာရောဂါများ
    အထက်မှာဆိုခဲ့ပြီးသလိုပါပဲ။ ရွှေဖရုံသီး ရဲ့ အဓိကပါဝင်တဲ့ Organic Compound တစ်မျိုး ဖြစ်တဲ့ Beta-carotene မှာအမြင်အာရုံ ကျန်းမာဖို့နဲ့ အသားအရေလှပဖို့အတွက် အလွန်အထောက် အကူပြုနိုင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ သုတေ သနတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာတော့ Beta- carotene ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို ဂရုတစိုက် ရွေးချယ်စားသုံးလေ့ရှိတဲ့ လူတွေကို အခြားသူများနဲ့ နှိုင်းယှဉ်တဲ့အခါ အချို့သော ကင်ဆာ အမျိုးအစားတွေ ဖြစ်နိုင်ချေ သိသိသာသာ နည်း ပါးနေတာကို တွေ့ရှိခဲ့ကြပါတယ်။
    ဗီတာမင် A နဲ့ C ကို ဆဲလ်တွေအတွက် ကာ ကွယ်ရေး တပ်ဖွဲ့ငယ်များလို့တောင် တင်စားခေါ် ဝေါ် နိုင်ပါသေးတယ်။ ဗီတာမင် A နဲ့  ဗီတာမင် C နှစ်မျိုးလုံးဟာ Antioxidant အာနိသင်ရှိကြပြီး Free Radical တွေ ဓာတ်တိုးခြင်းကို ကာကွယ်ပေး နိုင်စွမ်းရှိပါတယ်။  အဆိုပါ Free  Radical တွေက ဆဲလ်တွေကို အိုမင်းစေပြီး ကင်ဆာ ရောဂါဆီသို့ ဦးတည်သွားစေနိုင်ပါတယ်။ ရွှေဖရုံသီးမှာ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်တာကြောင့် သင့်ကျန်းမာရေး အတွက် ရွေးချယ် စားသုံးပေးသင့်တဲ့ အစားအစာ ဖြစ်တယ်လို့ ဆိုပါရစေ။

ဆီးချိုရောဂါ
    စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်မှာ ရွှေဖရုံ သီးမှာပါဝင်တဲ့ အာဟာရဓာတ်များက သွေးတွင်း သကြားဓာတ် ပမာဏကို လျှော့ချပေးနိုင်ပြီး ခန္ဓာ ကိုယ်က အင်ဆူလင် ထုတ်လုပ်မှုကိုလည်း တိုးမြှင့် ပေးနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါ တယ်။ လော လောဆယ်မှာတော့ ရွှေဖရုံသီးရဲ့ ဘယ်လို အာနိ သင်တွေက ဆီးချိုရောဂါကို သက်သာစေနိုင်သလဲ ဆိုတာကို အတိအကျပြောနိုင်ဖို့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမဲ့ ရွှေဖရုံ သီးကို ဆီးချိုရောဂါရှိနေသူတွေ ပုံမှန်စားနေကြ အတိုင်း စားပေးနိုင်ပြီး ဘေးအန္တရာယ် မရှိနိုင်ဘဲ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများကိုပါ ထပ်မံရရှိနိုင်ပါသေးတယ်။

ဖရုံစေ့
    ဖရုံသီး အပြင် ဖရုံစေ့ကလည်း အံ့ဖွယ်အစား အစာစာရင်းမှာ ပါဝင်ပါတယ်။ ဖရုံစေ့မှာ ပရိုတိန်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့က ရရှိမယ့် ပရို တိန်း အမျိုးအစားက Plant based protein အမျိုး အစား ဖြစ်ပါတယ်။ ဒါကြောင့် သတ်သက် လွတ် စားသုံးသူတွေနဲ့ အနီရောင် အသားမစားသူတွေ အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကို ဖရုံစေ့စား ပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ အမျှင်ဓာတ်နဲ့ ကျန်း မာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေကလည်း  အပို ဆုအနေနဲ့ ပါဝင်လာပါလိမ့်မယ်။
    ဒါ့အပြင် တစ်နေ့တာအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ် သတ္တုဓာတ်ကိုလည်း ဖရုံစေ့လှော် လက်တစ်ဆုပ်စာနဲ့ ဖြည့်တင်းပေးနိုင်ပါတယ်။ လှော်ပြီးသား ဖရုံစေ့ ပန်းကန်လုံးတစ်လုံးစာမှာ မဂ္ဂနီ ဆီယမ် ၁၆၈ မီလီဂရမ်ပါဝင်ပြီး အရွယ်ရောက် ပြီးသူ လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ မဂ္ဂနီဆီယမ် ၃၁၀ မီလီဂရမ်ရဲ့ ထက်ဝက်ခန့် ရှိတဲ့ ပမာဏဖြစ်ပါတယ်။ ကြွက်သားတွေနဲ့ အာရုံကြောတွေ အလုပ်လုပ်ဖို့၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို ထိန်းညှိ ပေးဖို့၊ ခန္ဓာကိုယ်က ပရိုတိန်း၊ အရိုးနဲ့ DNA တွေ ပြုလုပ်ဖို့ မဂ္ဂနီဆီယမ် က မရှိမဖြစ်လိုအပ်တဲ့ သတ္တု ဓာတ် တစ်မျိုးဖြစ်ပါတယ်။
    ဒါ့အပြင် ဖရုံစေ့မှာ ပိုတက်ဆီယမ်၊ ဇင့် နဲ့ Antioxidant တွေ လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ အရိုးတွေ ကြံ့ခိုင်သန်မာဖို့နဲ့ ကြွက်သားတွေ ကျုံ့ ခြင်း၊ ဆန့်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ချောမွေ့လွယ်ကူစေဖို့ ပိုတက်ဆီယမ်က ကူညီပေး နိုင်ပြီး ဇင့်ကတော့ ကိုယ်ခံစွမ်းအား စနစ်အတွက် အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ စိတ် ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလည်း လျော့ကျ စေပါတယ်။ Antioxidant တွေကတော့ သင့်ရဲ့ အလုံးစုံသော ကျန်းမာရေးနဲ့ အလှအပအတွက် အလွန်ကို အကူအညီဖြစ်စေနိုင်တဲ့ အရာများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွှေဖရုံသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများလို့ ဆိုမယ့်အခါ ဖရုံစေ့ကိုလည်း ချန်လှပ်ထားခဲ့လို့မရတဲ့  အရာပါ။
    ရွှေဖရုံသီးမှာ အထက်မှာ ဖော်ပြခဲ့ပြီးသလိုပဲ သင့်ရဲ့ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မယ့် အာ ဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် အမျိုး မျိုးလည်း ချက်ပြုတ်နိုင်၊ အရသာလည်း ကောင်းမွန်၊ အရောင်အဆင်းမှာလည်း နှစ်သက် စဖွယ်ရှိကာ အလွယ်တကူနဲ့ တန်ဖိုးသင့်သင့် ၀ယ်ယူလို့ရနိုင်တဲ့ အသီးအနှံဖြစ်တာကြောင့်  ဈေးဝယ်စာရင်းမှာ မ ကြာမကြာ ထည့်သွင်းသင့်ပါကြောင်း တိုက်တွန်းလိုက်ပါရစေ။
Ref;CNN