ဘာကြောင့် များများစားမိတာလဲ

 

    ကုန်လွန်ခဲ့ပြီးတဲ့ ဆယ်စုနှစ်များစွာအတွင်းမှာ အစားအသောက် ထုတ်လုပ်သူတွေက လူတွေ ရဲ့ ဆားနဲ့သကြားအရသာ အပေါ်စွဲလမ်းပြီး တင်းတိမ် နိုင်စွမ်းမရှိတဲ့ အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ထုတ်ကုန် အစား အသောက်တွေမှာ သင်ကိုယ်တိုင်စားသုံးဖို့ မစဉ်းစားမိတဲ့ သကြားနဲ့ဆားပမဏတွေကို ထည့်သွင်း ထုတ်လုပ်ကြပါတော့တယ်။ ဒီအစားအသောက် တွေကို သင်စားသုံးလိုက်ပြီးနောက်ပိုင်းမှာ သင့် ရဲ့ လျှာပေါ်က အရသာခံဘုလေးတွေ အပေါ် သက် ရောက်မှုရှိပြီး အချိုနဲ့အငန်အရသာ ပါဝင်တဲ့ အစားအသောက်များကို အာသာငမ်းငမ်း စားချင်စိတ် တွေ ဖြစ်ပေါ်လာစေပါတယ်။ သင်အာသီသ ရှိနေ တဲ့ အဆိုပါအရသာများကို အရသာခံအာရုံများက မခံစားမိသေးသ၍  အာသာ မပြေဘဲ အစားအ သောက်တစ်မျိုးမျိုး စားချင်စိတ်ရှိနေပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ အစားအလွန်အကျွံစားတဲ့ အလေ့အကျင့် ဖြစ်ပေါ်လာပါတော့တယ်။

အကြောင်းအရင်း
    အချိုနဲ့အငန် အရသာများကို စားသုံး လိုက်တဲ့အချိန်မှာ ဦးနှောက်ဆီသို့ အရေးပါတဲ့ သတင်းများ ပေးပို့ပြီးသား ဖြစ်စေပါတယ်။ ဥပမာ အားဖြင့် ချိုတဲ့အစားအသောက်များ စားသုံးလိုက် ချိန်မှာ  အချိုအရသာကို အာရုံခံတဲ့ အစိတ်အပိုင်း
လေး နိုးကြားလာပြီး အချိုနဲ့ပတ်သတ်တဲ့ အဟာရဓာတ်များကို စတင်ပြီးချေဖျက်ဖို့  ဦးနှောက်ကို သတင်းပေးပို့လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်ရဲ့ အာဟာရမျှချေကို ထိန်းထားနိုင်ဖို့ အငန်ဓာတ်လိုအပ်ကြောင်း ဦးနှောက်က တွက်
ချက်ပြီး လှုံ့ဆော်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီ အချက်က ဘာကြောင့် အချိုရည်နဲ့ အာလူးကြော် အလိုက်ဖက်ဆုံးဖြစ်နေရသလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေလည်းဖြစ်ပါတယ်။
    သင် အစားအသောက်ကို အများကြီး စားလိုက်တယ်ဆိုတာက ဗိုက်ဆာလို့ မဟုတ်ဘဲ သင့် ဦးနှောက်ဆီက ပြည့်ဝတင်းတိမ်သွားပြီဆိုတဲ့ အချက်ပြမှု မရသေးလို့ ဖြစ်ပါတယ်။
    အသင့်စား အစားအသောက်များကို စားသုံးခြင်းက သင့်ကို အရသာခံ စီးဆော ပေါ်ကို ရောက် သွားစေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ အချို များတဲ့ အစားအသောက်တစ်မျိုးကို သင်စားပြီး နောက် ချက်ချင်းလိုလိုပဲ အာသာမပြေတဲ့ ခံစားချက်မျိုး ပေါ်လာနိုင်ပါတယ်။ အငန်အရသာပါတဲ့ အစား အစာတစ်မျိုးမျိုး ဖြည့်စွက်စားသုံးလိုက်တဲ့အခါမှ ပြည့်စုံသွားတဲ့ ခံစားချက်မျိုး သင်ကိုယ်တိုင်လည်း ကြုံဖူးမှာပါ။ ဒါ့အပြင် အချိုဓာတ်က ဆာလောင်မှုကို အာရုံခံမိစေတာကြောင့် အစားစားလိုစိတ်ကို လည်း နှိုးဆွပေးပြန်ပါတယ်။ ဒါကြောင့် အချိုစားလိုက် ၊ အငန်စားလိုက် ၊ ဗိုက်ဆာလာလိုက် နဲ့ သင့်ရဲ့ အရသာခံ စီးဆောကြီး က စတင်ပြီး အလုပ်လုပ်ကာ အာသာမပြေနိုင်တော့ဘဲ အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ဆိုးကြီး စတင် ဖြစ်ပေါ်လာနိုင်ပါတယ်။
    အထက်မှာ ဖော်ပြခဲ့တဲ့ဖြစ်စဉ်တွေအရ  ပမာဏ မြင့်မားတဲ့ အချိုဓာတ်နဲ့ အငန်ဓာတ် စားသုံးမှု ဟာ ဦးနှောက်ရဲ့ အာရုံခံအစိတ်အပိုင်းတွေအပေါ် သက်ရောက်မှုရှိတာကို တွေ့နိုင်ပြီး ဆေးဝါးတစ်မျိုး မျိုးကိုစွဲသလိုပဲ အချိုနဲ့အငန်အရသာကို စွဲစေနိုင်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အာသာမပြေနိုင်တော့ဘဲ  အစားအလွန်အကျွံ စား သုံးတဲ့အဆင့်ကို ရောက်ရှိသွားစေနိုင်ပါတယ်။

အလွန်အကျွံ အစားစားလိုစိတ်ကို ထိန်းချုပ်ဖို့
    အကယ်၍သင်ဟာ အသင့်ပြုလုပ်ပြီး အစားအသောက်များ၊ အမြန်စားအစားအစာများကို ကြိုက်နှစ်သက်နေပြီး မကြာမကြာလည်း ပမာဏ အတော်များများ စားသောက်လေ့ရှိသူတစ်ဦးဆိုပါ စို့။ သင့်အတွက် အဆိုပါ အစားအသောက်များကို
ရှောင်ပြီး ပုံမှန်ချက်ပြုတ် ကြော်လှော်ထားတဲ့ အစားအသာက်များကို ပြောင်းလဲစားသောက်ဖို့ ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်နေနိုင်ပါတယ်။ အဆိုးဆုံးက အာသာမပြေနိုင်ခြင်းပါ။ ဒါပေမဲ့ ရက် အနည်းငယ်အတွင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များမှာ သင်နှစ်သက်စွာ တ၀ကြီး စားခဲ့တဲ့ အသင့်၊ အမြန်စား အစားအသောက် တွေထက် အနံ့၊ အရသာ ပိုမိုစုံလင်တယ်ဆိုတာကို သိလာပါလိမ့်မယ်။ နောက်ထပ် တစ်ချက်ကတော့ ပမာဏ အနည်းငယ်လောက် စားရုံနဲ့ သင့်ကိုပြည့်ဝ တင်းတိမ်စေတာကိုလည်း သိလာရမှာပါ။ သင့်ရဲ့ အလွန်အကျွံ အစားစားလိုစိတ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေကို တစ်ဆင့်ချင်း အောင်မြင်အောင် ဖြတ်သန်းသွားဖို့တော့ လိုအပ်ပါ တယ်။

အသင့်၊ အမြန်စား အစားအသောက်တွေကို ဖြတ်လိုက်ပါ
    နေ့လည်စာ စားတဲ့အချိန်မှာ  အသင့်၊ အမြန် စား အစားအစာများ၊ အချိုရည်များနဲ့ တွဲဖက် စားသုံးခြင်းမျိုးကို ရှောင်ကြဉ်လိုက်ပါ။ ရိုးရိုးရေ နဲ့ အချိုမပါတဲ့ လက်ဖက်ရည်(ရေနွေးကြမ်း)ကို အစားထိုးသောက်ပေးနိုင်ပါတယ်။ Diet Coke တစ်
မျိုးမျိုးကို သောက်နေတယ်ဆိုရင်တောင် ဖြတ်လိုက် ပါ။ အဆိုပါဖျော်ရည်ထဲမှာပါနေတဲ့ အချိုဓာတ်က သင့်ဦးနှောက်ကို လှုံ့ဆော်မှုဖြစ်စေပြီး အစားများ များ စားလိုစိတ်ဖြစ်ပေါ်စေပါတယ်။ အဓိက အရေး ကြီးတဲ့အချက်ကတော့ နေ့လည်စာကို စားဖြစ်အောင်စားပါ။

ညနေစာကို သင်ကိုယ်တိုင်ချက်ပြုတ်ပါ
    သင့်ရဲ့ အလွန်အကျွံအစားစားလိုစိတ်နဲ့ အာသာမပြေနိုင်ခြင်းတို့က တစ်နေကုန်ပင်ပန်းနေလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ညနေစာကို အသင့်စားခေါက်ဆွဲခြောက်တစ်ထုပ် ပြုတ်စားလိုက်ခြင်း ကနေလည်း စတင်သွားနိုင်ပါတယ်။ အသင့် စားနိုင်ဖို့ ပြုလုပ်ထားတဲ့ အစားအသောက်များမှာ သင့်ခန္ဓာကိုယ်က ဘယ်တော့မှ မလိုအပ်တဲ့ သကြား၊ ဆား၊ အရသာတုများနဲ့ ဓာတုပစ္စည်းများ ပမာဏ များ ပြားစွာ ပါဝင်ပါတယ်။ သင့်ရဲ့ညနေစာကို ကိုယ်တိုင် ချက်ပြုတ်ခြင်းက အချိန်ပို ကုန်စေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက သင့်ရဲ့ အစားစားလိုစိတ်ကို ထိန်းချုပ်ဖို့နဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစား အသောက်များ စားမိနေခြင်း အလေ့အကျင့်ကို ကန့်သတ်ဖို့ လှမ်းရမယ့် ဒုတိယခြေလှမ်း ဖြစ်ပါ
တယ်။ အရွက်သုပ်တစ်မျိုးမျိုးနဲ့ ပရိုတိန်းအတွက် ချက်ပြုတ်ရလွယ်တဲ့ အသားဟင်းတစ်မျိုးဆိုလည်း လုံလောက်ပါတယ်။

အမည်းရောင် ချောကလက်ကို ဆောင်ထားပါ
    သေချာတာကတော့ ရိုးရှင်းတဲ့ နေ့လည်စာနဲ့ ညစာက သင့်ကို အာသာပြေစေမှာမဟုတ်ပါဘူး။ ပထမရက်တွေမှာ သင့်ရဲ့ အရသာခံ အာရုံက မှတ်မိနေတဲ့ အာလူးကြော်ထုပ်တွေ၊ အချိုရည်ဘူးတွေ၊ ဟမ်ဘာဂါတွေ၊ ခေါက်ဆွဲခြောက်တွေရဲ့ အရသာကို သင်ပြင်းပြင်းပြပြ တမ်းတနေမှာ အသေအချာ ပါပဲ။ ဘာစားစား မတင်းတိမ်နိုင်ဘူးဆိုတဲ့ အဖြစ်ကို ရင်ဆိုင်ဖြတ်သန်းရမှာပါ။ ဒီပြဿနာကို လွယ်လွယ်ဖြေရှင်းနိုင်ပါတယ်။ ဒိန်းမတ်နိုင်ငံက University of Copenhagen မှ သုတေ သီတွေက ချောကလက်အမည်းရောင်ရဲ့ ခါးသက်သက်နဲ့ ချို တဲ့အရသာဟာ အချိုနဲ့အငန် စားလိုစိတ်အား ပြေပျောက်စေတာကို တွေ့ရှိခဲ့ပါတယ်။ တစ်နည်းဆိုရရင် သင့်ကို အာသာပြေစေနိုင်ပါတယ်။  

ဆားနဲ့သကြားကို ကိုယ်တိုင်ထည့်ပါ
    သင်စားမယ့် အစားအစာတွေထဲမှာ ဆား (သို့မဟုတ်) သကြားကို ကိုယ်တိုင်ထည့်ပါ။ သေချာ ပါတယ်။ သင်ကိုယ်တိုင်ထည့်မယ့် ဆား(သို့မဟုတ်) သကြားပမာဏဟာ စက်ရုံတွေ၊ စားသောက်ဆိုင် တွေက အသုံးပြုလိုက်တဲ့ ပမာဏ ထက်တော့ နည်းနိုင်ပါတယ်။ သင့်ဦးနှောက်နဲ့ အရသာခံ အာရုံကို လှည့်စားနိုင်မယ့် နောက်ထက် လှည့်ကွက်တစ်ခု လည်း ရှိပါသေးတယ်။ သင်ပထမဆုံးစားမယ့် အစားအစာရဲ့ မျက်နှာပြင်မှာ ဆား(သို့မဟုတ်) သကြား အနည်းငယ် ကို ဖြူးထားလိုက်ပါ။ ဆား(သို့မဟုတ်) သကြား ရဲ့ ခပ်ပြင်းပြင်း အရသာကို လျှာပေါ်မှာရှိတဲ့ အရသာခံဖုလေးက တစ်ဆင့် ဦးနှောက်က သိသွားပြီး သင်လိုအပ်တဲ့ အရသာကို ရသွားပြီဆိုတဲ့ အချက်ပြမှုကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။ တစ် နည်းအားဖြင့်တော့ အစားအစာတွေကို အများကြီး စားချင်စိတ် ဖြစ်ပေါ်မလာတော့ဘဲ  သင့်ကို တင်းတိမ်အာသာပြေသွားစေပါလိမ့်မယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့သရေစာများနဲ့ အစားထိုးပါ
    နောက်တစ်ဆင့်ကတော့ သင်စားနေကြ အ သင့်၊ အမြန်စား သရေစာမုန့်များနေရာမှာ ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များနဲ့ အစား ထိုးသွားဖို့ ဖြစ်ပါတယ်။ အချိုပါဝင်မှုများတဲ့ သကြား လုံးစားမယ့်အစား လိမ္မော်သီးတစ်လုံး စားပေးတာ မျိုး စတဲ့ အစားထိုးရွေးချယ်မှုတွေ ပြုလုပ်ပေးနိုင်ပါ တယ်။ ဆားရဲ့ အရသာအတွက်ကိုရော ဘယ်လို အစားထိုးပေးနိုင်ပါသလဲ။ မြေပဲ ထောပတ် အနည်း ငယ်ကို အားကိုးနိုင်ပါတယ်လို့ အာဟာရဗေဒ ပညာရှင်တွေက ဆိုပါတယ်။
    နောက်ထပ်သင်ရွေးချယ်လို့ရမယ့် သရေစာ တွေက ဒိန်ချဉ်၊ အုတ်ဂျုံ၊ သစ်သီးဖျော်ရည်များ၊ အစေ့အဆန်များဖြစ်ပါတယ်။ ဒီ အစားအစာတွေ က သင့်ရဲ့ကျန်းမာရေးကိုလည်း အထောက်အကူ ပြုနိုင်သလို ဗိုက်လည်းပြည့်စေနိုင်တာကြောင့် အစားစားလိုစိတ်ကိုလည်း လျှော့ချပြီးသားဖြစ် စေနိုင်ပါတယ်။
Ref;Reader’s Diges