ကျန်းမာရေးအတွက် ငှက်ပျောသီးရဲ့ လျှို့ဝှက်ချက်

ငှက်ပျောသီးရဲ့ နူးညံ့ပြီးချိုမွှေးတဲ့ အရသာကြောင့် ကလေးလူကြီးမရွေး နှစ်သက်စွာစားသုံးလိုကြပါတယ်။ ငှက်ပျောသီးက သွေး တွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ပါဝင်တဲ့အမျှင်ဓာတ်က ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေ သဘာဝအတိုင်း ကျန်းမာ နေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အခြားသီးနှံများနဲ့မတူပဲ သဘာဝအခွံပါရှိပြီး သယ်ဆောင်ထုပ်ပိုးရလွယ်ကူကာ တစ်နှစ်ပတ်လုံး စိုက်ပျိုးရရှိနိုင်တဲ့ ငှက်ပျောသီးမှာသိသော်လည်း သတိမမူမိတဲ့ အဖိုးထိုက်အဟာရတန်ဖိုးများစွာ ပါဝင်ပါတယ်သင့်ရဲ့အနီးနားပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး သင်ကိုယ်တိုင် လည်း နှစ်သက်မယ်လို့ယုံကြည်တဲ့ ငှက်ပျောသီးရဲ့ အကျိုးပြုအဟာရများက သင့်ရဲ့ခန္ဓာကိုယ် ကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေခြင်း
ဖြေးဖြေးနဲ့မှန်မှန် ကိုယ်အလေးချိန် ကျဆင်းလိုသူများအတွက် အန္တရာယ်ကင်းပြီး အလွယ်တကူရရှိနိုင်တဲ့ အကောင်းဆုံးနည်း ကတော့ သင်ရဲ့တစ်နေ့တာ အစားအစာစာရင်းထဲမှာ ငှက်ပျောသီးကို ထည့်သွင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။ နံနက်စာမစားခင် ငှက်ပျောသီး တစ်လုံးမှနှစ်လုံးခန့်စားသုံးပြီး သဘာဝရေအေးကို သောက်ပေးပါ။ ငှက်ပျောသီးမှာပါဝင်တဲ့ အင်ဇိုင်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် တွေကို တိုးမြှင့်ပေးပြီး ကြွယ်ဝစွာပါဝင်တဲ့ အမျှင်ဓာတ်က ဆာလောင်မှုကို ထိန်းချုပ်ပေးပါတယ်။

ကျောက်ကပ်ကို ကာကွယ်ခြင်း

ကျောက်ကပ်နဲ့ ပတ်သတ်တဲ့ရောဂါများ ဖြစ်ရပွားခြင်းအကြာင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါမှာ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနဲ့ ထိတွေ့မှု များခြင်း၊ သွေးတိုးရောဂါစတာတွေနဲ့ စပ်ဆက်လျက်ရှိကြောင်း တွေ့ရှိခဲ့ပါ တယ်။ သုတေသီတွေက လေ့လာမှုတွေ Dietary Fiber နဲ့ ကျောက်ကပ်ကို ကာကွယ်နိုင်ကြောင်းတွေ့ရှိခဲ့ပြီး ငှက်ပျောသီး က Dietary Fiber ရရှိနိုင်တဲ့ သီးနှံရင်းမြစ်ဖြစ်တယ်လို့  International Journal of Cancerမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

 

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

ငှက်ပျောသီးကို မကြာခဏစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်က အခြားစားသုံးလိုက်တဲ့ အစားအစာများဆီက ကယ်လ်ဆီယမ်စုပ်ယူနိုင်စွမ်းကိုမြှင့်တင်ပေးပါတယ်။ ငှက်ပျောသီးမှာပါဝင် တဲ့ ဒြပ်ပေါင်းတစ်မျိုးက အူထဲမှာရှိတဲ့ Probiotic လို့ခေါ်တဲ့အကျိုးပြု ဘက်တီးရီးယားတစ်မျိုးကို အဟာရဖြည့်တင်းပေးပါတယ်။ ဒီဘက်တီးရီးယားတွေက ဗီတာမင်နဲ့ အစာချေအင်ဇိုင်းတွေကို ထုတ် လုပ်ပေးပြီး ခန္ဓာကိုယ်က အဟာရစုပ်ယူနိုင်စွမ်းကို အားဖြည့်ပေးကာ အခြားမိုက်ခရို ပိုးမွှားတွေရဲ့ရန်က ကာကွယ်ပေးပါတယ်။ ဒါကြောင့် ငှက်ပျောသီး မကြာခဏစားပေးခြင်းက အူနဲ့ပတ်သတ်တဲ့ ကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။

အစာအိမ်အနာပေါက်ခြင်းကို တာဆီးပေးခြင်း

ငှက်ပျောသီးရဲ့ အချဉ်ပေါက်ခြင်းကို ဟန့်တားနိုင်တဲ့ အစွမ်းသတ္တိကြောင့် အက်ဆစ်ဓာတ်များလို့ အစာအိမ်အနာပေါက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့သဘာဝ ဓာတ်ပစ္စည်းတွေက အစာအိမ်နံရံကို ပိုမိုထူထဲလာစေပြီး အစာအိမ်ကို အနာ ဖြစ်စေမယ့် ဘက်တီးရီယားများနဲ့ အက်ဆစ်ဓာတ်များရဲ့ရန်မှ ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးနဲ့ နွားနို့ရောနှောပြီး သောက်သုံးပေးခြင်းက အစာအိမ်ထဲက အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးပါတယ်။ ဒါကြောင့် အစာအိမ်အချဉ်ပေါက်ပြီး ဗိုက်နာနေမယ်ဆိုရင် ငှက်ပျောသီးစားပေးခြင်းက ဘေးထွက်ဆိုးကျိုးမရှိဘဲ သက်သာစေနိုင်ပါတယ်။

နှလုံးကို ကျန်းမာစေနိုင်ခြင်း

နှလုံးရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့နဲ့ သွေးဖိအား ပုံမှန်လည်ပတ်နေစေဖို့အတွက် ငှက်ပျောသီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ ငှက်ပျောသီးမှာ မြင့်မားစွာပါဝင်တဲ့ ပိုတတ်ဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေက သင့်ရဲ့နှလုံးသွေးကြောတွေ ကို ကာကွယ်ပေးပြီး သွေးကြောနံရံတွေမှာ အဆီတွေစုပုံလာခြင်းကြောင့်ဖြစ်တတ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို မဖြစ်အောင် တား ဆီးပေးနိုင်စွမ်းရှိပါတယ်။ ငှက်ပျောသီး ပုံမှန်စားသုံးပေးခြင်းဖြင့် နှလုံးလေရိုက်ခြင်းနဲ့ လေဖြတ်ခြင်းစတဲ့ရောဂါတွေကို ကြိုတင်ကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် အားကစား သမားတွေ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုအပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း၊ ကြွက် တတ်ခြင်းတွေမဖြစ်အောင် ငှက်ပျောသီး စားပေးနိုင်ပါတယ်။ 

ဗီတာမင်ဓာတ်ကို ဖြည့်တင်းပေးနိုင်ခြင်း

ဗီတာမင် B-6ကို များသောအားဖြင့် အသားငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာသာ တွေ့ရလေ့ရှိပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပါဝင်တဲ့ ဗီတာမင် B-6 ပမာဏက သင့်ခန္ဓာကိုယ်အတွက် တစ်နေ့တာ လိုအပ်တဲ့ပမာဏရဲ့ ၃၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါက အံ့သြ ဖွယ်ရာ ပမာဏဖြစ်ပါတယ်။ ဗီတာမင် B-6 က ဆဲလ်အသစ်တွေကြီးထွားဖို့ အရေးကြီးတဲ့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ် မျိုး ဖြစ်ပါ တယ်။ ဒါ့အပြင် အဆစ်အမြစ်ယောင်ယမ်းရောဂါ၊ ဆီးချိုရောဂါတွေကို တားဆီးပေးနိုင်ပြီး အာရုံကြောအဖွဲ့အစည်းကို သန်မာစေနိုင်ပါ တယ်။ ဒီအစွမ်းထက်လှတဲ့ ဗီတာမင်ဓာတ်ကို ငှက်ပျောသီးတစ်လုံး စားပေးရုံနဲ့ ရရှိနိုင်ပါပြီ။

ဒါတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ပါဝင်တဲ့မြင့်မားတဲ့ Potassium ပမာဏက အာရုံကြောစနစ်ကို လန်းဆန်းစေနိုင်ပြီး အမြင်အာရုံကို တိုးတတ်စေကာ Maganisium က အရိုးတွေကိုသန်မာစေ ပါတယ်။ ငှက်ပျောသီး စားသုံးပေးခြင်းက ပူပြင်းတဲ့ရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိတဲ့ မူးဝေအော့အန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ဈေးဝယ်ရန်စာရင်းထဲမှာ ငှက်ပျောသီးကို ယနေ့မှစတင်ပြီး ထည့်သွင်းဖို့ အကြံပြုလိုက်ရပါတယ်။

Ref:By Heidi Almond