နဂါးမောက်သီးရဲ့ ထူးကဲသော ကျန်းမားရေး အကျိုးကျေးဇူးများ

အသီးအနှံများနဲ့ အရွက်များကို စားသုံးပေးခြင်းက သင့်ရဲ့ကျန်းမားတဲ့ ဘ၀နေထိုင်မှု ပုံစံအရည်အသွေးကို မြှင့် တင်ပေးနိုင်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ သစ်သီးသစ်နှံများကို ပေါများစွာ ရရှိနေနိုင်ပြီဖြစ်လို့ သင့်ရဲ့ကျန်းမားရေးနဲ့ သင့်တော်တဲ့သီးနှံများကို ရွေးချယ်စားသုံးတက်ဖို့ လိုပါတယ်။ များသောအားဖြင့် လူတွေဟာ သစ်သီးဝလံဆိုရင် ပန်းသီးနဲ့ လိမ္မော်သီးကိုသာ ရွေးချယ်လေ့ရှိတတ်ကြပါတယ်။ အကယ်၍ သင်ဟာ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်မယ့်၊ သွေးတိုးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်မယ့်၊ သင့်ရဲ့အလုံးစုံသော ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမယ့် အရာတစ်ခုခုကို ရှာဖွေနေမယ်ဆိုရင် သင့်အတွက်အသင့်တော်ဆုံးအရာ ရှိနေပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေရန်

ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ပြောဆိုကြတဲ့ အကြောင်းအရာများထဲမှာ အရေးကြီးဆုံး အကြောင်း အရာကတော့ မကြာမကြာဗိုက်ဆာတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ စားပြီးသွားသော်လည်း အချိန်မကြာခင် ဗိုက်ဆာ လာလို့ ပြန်စားရင်းက သင့်မျက်လုံးတွေ ပေါင်ချိန်စက်က ဂဏန်းတွေကို မကြည့်ရဲတော့တဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။ အရောင်အသွေး လှပတဲ့သဘာဝထွက်ကုန် နဂါးမောက်သီးက သင့်ရဲ့အစားစားလိုစိတ်ကို လျှော့ချပေး နိုင်ပြီးသူ့ရဲ့အရသာနဲ့ ပါဝင်တဲ့အာဟာရ တန်ဖိုးတွေက သင့်ကိုပြည့်ဝ တင်းတိမ်နေစေနိုင်ပါတယ်။ နဂါးမောက်သီးက ကယ်လိုရီပမာဏနည်းနည်း၊ အမျှင်ဓာတ်များများနဲ့ ဖွဲ့စည်းထားပြီး ဒါကပဲအခြားသီးနှံများနဲ့ နှိုင်းယှဉ်လျှင် ပို၍ အချိန် ကြာကြာ အဆာခံနိုင်ခြင်းအကြောင်း ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေ နိုင်ပြီး သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းဖို့ လုပ်ဆောင်တဲ့အခါ နဂါးမောက်သီးက ကူညီပေးနိုင်ပါတယ်။

သွေးတိုးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရန်

သွေးတိုးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားရခြင်း အဓိကအကြောင်းအရင်းနှစ်ခု ရှိပါတယ်။ စိတ်ဖိစီးမှုများခြင်းနဲ့ သွေးကြောတွေ အလျှော့အတင်း မရှိတော့ဘဲ မာကျောလာခြင်း စတဲ့အရာတွေကြောင့် ဖြစ်ပါတယ်။ နဂါးမောက်သီးကို ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးအတွက် မရှိမဖြစ်အရာအဖြစ် ယူဆပြီး စားသုံးပေးခြင်းဖြင့် အထက် ပါပြဿနာများကိုဖြေရှင်းပေးနိုင်ပါတယ်။ နဂါးမောက်သီးက နှလုံးကြက်သားတွေနဲ့ နှလုံးတစ်ဝိုက်က ကြွက်သားတွေကို ကျန်းမာစေဖို့ ကူညီပေးနိုင်တယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ဒါ့အပြင် ဒီအသီးက နှလုံးသွေးကြောဆိုင်ရာ ရောဂါ များကို ဖြစ်ပွားစေတဲ့ အဓိကတရားခံ Oxidative Stress အဆင့်ကို လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နဂါး မောက်သီးက သင့်နှလုံးကျန်းမားရေးကို စောင့်ရှောက်ပေးမယ့်အသီးလို့ ဆိုနိုင်ပါတယ်။

Antioxidant ရင်းမြစ်

ခန္ဓာကိုယ်ထဲမှာ လှည့်လည်ပြီး အကျိုးပြုဆဲလ်တွေကို တိုက်ခိုက်ဖျက်စီးနေတဲ့ Free Radical တွေကို ချေမှုန်းဖို့ အရေးပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဂါးမောက်သီးမှာ ပါဝင်ပါတယ်။ အံ့အားသင့်ဖွယ်ရာ သဘာဝနဂါးမောက်သီး မှာ Antioxidant ကြွယ်ဝစွာပါဝင်ပြီး ဒါက သင့်ရဲ့အသက်ရှင်ဖို့ လုပ်ဆောင်နေရတဲ့ လုပ်ငန်းများကို အနှောင့်အယှက်ပေး နိုင်တဲ့ အဆိပ်အတောက်ဖြစ်စေသော အရာမှန်သမျှကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ ဒီလို အဆိပ်အတောက်ဖြစ်စေတဲ့ Free Radical တွေက နေရောင်ခြည်မှ တဆင့်၊ လေထုမှတဆင့်၊ အစားအစာ၊ လူသုံးကုန်များမှ တဆင့် ရှောင်လွဲလို့ မရဘဲ ခန္ဓာကိုယ်ထဲကို ရောက်ရှိလာတက်ပါတယ်။ Free Radical တွေက ခန္ဓာကိုယ်ထဲမှာ အချိန်ကြာလာရင် ကင်ဆာ အထိ ဖြစ်လာနိုင်တာကြောင့် သဘာဝကရတဲ့ Antioxidant ကြွယ်ဝတဲ့အစားအစာ၊ အသီးအနှံများကို မကြာခဏ စားသုံးပြီး ဒီလိုအဆိပ်အတောက်တွေကို ဖယ်ရှားပေးသင့်ပါတယ်။

အသားအရေ ကျန်းမာလှပနုပျိုရန်

သင့်အသားအရေ လှပနုပျိုစေရန် Anti-aging Cream တွေကို ဈေးကြီးကြီးပေးဝယ်နေရတဲ့ ဒုက္ခကကင်းဝေး လိုရင်တော့ လွယ်ကူတဲ့ ဖြေရှင်းနည်း ရှိနေပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ အတိုင်း နဂါးမောက်သီးဟာ Antioxidant ကြွယ်ဝတဲ့အသီး ဖြစ်ပါတယ်။ Antioxidant တွေရဲ့ဂုဏ်သတ္တိက ခန္ဓာကိုယ်တွင်း ကျန်းမာရေးကိုသာမက သင့်ရဲ့အသား အရေ လှပနုပျိုစေရန်အတွက်ပါ အလွန်အကျိုးပြုပါတယ်။ နဂါးမောက်သီးကို မကြာမကြာ စားသုံးပေးနိုင်မယ်ဆိုရင် အချိန်တိုအတွင်း သင့်ရဲ့အသားအရေပေါ်က ထူးခြားတဲ့ ပြောင်းလဲမှုကို တွေ့မြင်လာရမှာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ် သန်စွမ်းစေရန်

သင့်ခန္ဓာကိုယ်ရဲ့ အဓိကအရေးအကြီးဆုံးစနစ်က ခုခံအားစနစ်ဖြစ်ပြီး သင့်ကို ဖျားနာခြင်း၊ ရောဂါပိုးမွှားများ ကူးစက်ခံရခြင်းမှ ကာကွယ်မှုပေးနိုင်ပါတယ်။ ဗီတာမင် C ၊ B1 ၊ B2 ၊ B3 ၊ Calcium ၊ Phosphorus ၊ Iron၊ Protein ၊ Niacinနဲ့ Fiber  စတဲ့အရာတွေက သင့်ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ဒီလို ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာ ကိုယ်အတွက် စားသုံးပေးနိုင်ပြီဆိုရင် တော်ရုံဖျားနာခြင်းနဲ့ ကူးစက်ရောဂါများကို မှုစရာမလိုတော့ပါဘူး။ နဂါးမောက် သီးက အထက်ပါ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျန်းမာပြီး ရေဓာတ် ပြည့်ဝနေဖို့အတွက် လူတွေရဲ့ခန္ဓာကိုယ်က နေ့စဉ်များပြားတဲ့ ရေဓာတ်ပမာဏကို လိုအပ်ပါတယ်။ နဂါးမောက်သီးကို ရေဓာတ် ၈၀% နဲ့ ဖွဲ့စည်းထားတာဖြစ်လို့ သင်အတွက်အကောင်းဆုံး ရွေးချယ်စရာ အသီးလို့တောင် ဆိုနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

တုပ်ကွေး၊ အအေးမိလို့ချောင်းဆိုးခြင်းနဲ့ အက်စမာကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများက တစ်နေ့တာ လုပ်ငန်းဆောင်တာများအတွက် အနှောင့်အယှက် ဖြစ်စေပါတယ်။ နဂါးမောက်သီးကို ဆေးဝါးအဖြစ် အစား ထိုးရန် မဟုတ်သော်လည်း ဝေဒနာမှ သက်သာစေရန် စားသုံးပေးလို့ ရပါတယ်။ နဂါးမောက်သီးမှာ ပါဝင်တဲ့ မြင့်မားတဲ့ ဗီတာမင် စီ ဓာတ်ကကိုယ်ခံစွမ်းအားကို မြင့်မားစေနိုင်တာကြောင့် တော်တန်ရုံ အအေးမိခြင်းနဲ့ ကူးစက်ရောဂါများကို ကာ ကွယ်ပြီးသား ဖြစ်စေပါတယ်။

နဂါးမောက်သီးကို အနီရောင်၊ အဖြူရောင် နဲ့ အ၀ါရောင်ဆိုပြီး ဈေးကွက်ထဲမှာရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တော့ အဖြူနဲ့အနီမျိုးကို ပိုပြီးလူကြိုက်များပါတယ်။ နဂါးမောက်သီးရဲ့ အစေ့လေးတွေမှာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ လိုအပ် သော်လည်း ကိုယ်တိုင်ပြုလုပ်နိုင်စွမ်းမရှိတဲ့ အဖိုးတန် Fatty Acid တွေပါဝင်ပါတယ်။ ဒီအစေ့လေးတွေမှာ Fatty Acid နဲ့ Oleic Acid 50% နဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်ထဲကမကောင်းတဲ့ ကိုလက်စထရောတွေ လျှော့ချရာမှာ ကူညီ ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နဂါးမောက်သီးက အာရှတိုက်အတွင်း ဖြစ်ထွန်းပြီး မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးအောင် မြင်ပါတယ်။ ဒီလို Super Fruit မျိုးဝင်အသီးကို သင့်ရဲ့လက်တစ်ကမ်းမှာ လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တာကြောင့်        သဘာဝကပေးတဲ့ အခွင့်အရေးကို လက်လွတ်မခံဖို့ အကြံပြုလိုက်ရပါတယ်။

Ref; 7 Stunning Health Benefits Of Dragon Fruit