ကိုယ်အလေးချိန် မြန်မြန်ကျစေမယ့် စူပါသစ်သီး ၁၀ မျိုး

ကိုယ်အလေးချိန် ကျဆင်းစေတဲ့ ဖြစ်စဉ်တွေမှာ အကူအညီဖြစ်စေမယ့် အကောင်းဆုံးသော သစ်သီးတချို့အကြောင်း စာရင်းပြုစုထားတာ လေးကို လက်တို့အသိပေးချင်ပါတယ်နော်။ အခုဆောင်းပါးထဲမှာ ဖော်ပြသွားမယ့် သစ်သီးအများစုဟာ ကိုယ်အလေးချိန်အပေါ် သက်ရောက်စေတဲ့ သူတို့ရဲ့ အံ့သြဖွယ်ရာ စွမ်းဆောင်ရည်တွေအတွက်ကတော့ အသိအမှတ်ပြုခံရပြီးသား သစ်သီးတွေ ချည်းပါဘဲ။ ဒါပေမဲ့ ဒီသစ်သီးတွေရဲ့ ကိုယ်အလေးချိန်အပေါ် သက်ရောက်နိုင်စွမ်းနဲ့ ပတ်သက်ပြီး လူသိမများသေးတဲ့ အချက်ကလေးတွေလည်း ရှိနေပါသေးတယ်။
အခုဖော်ပြသွားမယ့် သစ်သီးတွေက ကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာတတ်တဲ့ မလိုလားအပ်တဲ့ အလွန်အမင်းတောင့်တမှုတွေကို ထိန်းချုပ်ပေးနိုင်ကြပါတယ်။ ကျန်းမာခြင်းကို လာဘ်ကြီးတစ်ပါး
အဖြစ် အမြဲတမ်းရရှိနိုင်ဖို့ မလွယ်ကူတဲ့ ယနေ့ခေတ်မှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုအတွက် သတိပြုမှတ်သားထားသင့်တဲ့ အချက်လေးတွေကို ထည့်သွင်းဖော်ပြပေးသွားချင်ပါတယ်။ မျှတစွာ စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအတွက်နဲ့ ကိုယ်အလေးချိန်အပေါ်မှာ လိုအပ်တဲ့ အကျိုးသက်ရောက်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ စူပါစွမ်းအားတွေနဲ့ သစ်သီးတွေအကြောင်းကို အောက်မှာ ဆက်လက်ဖတ်ရှု့ကြည့်ပါဦးနော်။ 
 
ကိုယ်အလေးချိန် ကျဆင်းစေမယ့် စွမ်းအားပြင်း သစ်သီးများ
၁။ ထောပတ်သီး 
အခုဖော်ပြသွားမယ့် စူပါစွမ်းအားနဲ့ သစ်သီးတွေရဲ့ စာရင်းထဲမှာ ထောပတ်သီးက ဘာလို့ ထိပ်ဆုံးက ပါလာသလဲဆိုရင်တော့ ထောပတ်သီးဟာ ကိုယ်အလေးချိန် ကျဆင်းဖို့အတွက်တော့ အကောင်းဆုံး သစ်သီးဖြစ်နေတာကြောင့်ပါ။ ထောပတ်သီးဟာ အိုမီဂါ ၉ ဖက်တီးအက်ဆစ် တွေ ကြွယ်ဝစွာပါဝင်တာမို့ ထောပတ်သီးကို စားသုံးပေးခြင်းဟာ ကိုယ်အလေးချိန် ကျဆင်းဖို့အတွက်တော့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုပါ။ ထောပတ်သီးက စွမ်းအင်ကို မြှင့်တင်ပေးတဲ့အပြင် အဆီတွေကို လောင်ကျွမ်းစေခြင်းဖြင့် ဇီဝတွင်း ဖြစ်ပျက်မှုတွေကို မြင့်တက်စေပါတယ်။ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်တာပေါ့။ ဒါကြောင့် ထောပတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကိုယ်အလေးချိန် ကျဆင်းစေပြီး ကျန်းမာမျှတတဲ့ ကိုယ်ခန္ခာကိုပါ ရရှိနိုင်ပါလိမ့်မယ်။ ထောပတ်သီးသုပ် ဒါမှမဟုတ် ခရမ်းချဉ်သီး၊ ကြက်သွန်နီနဲ့ ဟင်းခတ်အမွှေး အကြိုင်တွေ ထည့်သွင်းပြီးတော့ သုပ်ထားတဲ့ ထောပတ်သီးသုပ်ကို စားသုံးပေးမယ်ဆိုရင် အရင်ကနဲ့ မတူတော့ဘဲ ကွဲပြားလာတာကို တွေ့ရပါလိမ့်မယ်။ 
 
၂။ သံပုရာသီး 
ကိုယ်အလေးချိန်ကို သိသိသာသာ ကျဆင်းစေဖို့ဆိုရင် သံပုရာသီးနဲ့ ပျားရည်လို အတွဲအစပ်မျိုးကိုတော့ ဘယ်မှာမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ သံပုရာသီးမှာ ကိုယ်အလေးချိန်ကို စီမံထိန်းညှိပေးနိုင်တဲ့ ရိုင်ဘိုဖလာဗင်၊ ဗီတာမင် ဘီ၊ ဖော့စဖောရပ်(စ) နဲ့ မဂ္ဂနီဆီယမ်လို သတ္တုဓာတ်တွေ ထုပ်ပိုးပါဝင်နေပါတယ်။ ဗီတာမင် စီ ပါဝင်တယ်ဆိုတာကတော့ အားလုံးကလည်း သိထားပြီးသားဖြစ်တာမို့ အထူးတလည် မပြောတော့ပါဘူး။ နံနက်တိုင်းမှာ သံပုရာသီးနဲ့ ပျားရည်ကို သောက်သုံးပြီး စတင်လိုက်ခြင်းဖြင့် အဲ့ဒီထက်ပိုကောင်းတဲ့ ခန္ဓာကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားနည်းဆိုတာ မရှိနိုင်တော့ပါဘူးတဲ့။ 
၃။ ဖရဲသီး
ဖရဲသီးရဲ့ အကြောင်းကိုလည်း အထူးတလည် ပြောပြဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဖရဲသီးက ဘယ်လိုအဆီမျိုးကိုမဆို ရှင်းလင်းပေးတာကြောင့်ပါ။ ဖရဲသီးဖျော်ရည် တစ်ခွက် သောက်သုံးမယ်ဆိုရင် ကယ်လိုရီ ၅၀ ရရှိစေတာကြောင့် အမြင့်မားဆုံး ကယ်လိုရီကို ရရှိနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် အေ၊ ဘီနဲ့ စီကလည်း ကြွယ်ဝစွာပါဝင်ပြီး အပင်ကနေရရှိတဲ့ ဓာတုပစ္စည်းတွေ၊ ရောဂါအမျိုးမျိုးရဲ့ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားနိုင်တဲ့ ခန္ဓာကိုယ်ကို ပြုပြင်ကာကွယ်ပေးနိုင်တဲ့ စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း lycopene တို့လည်း စုပေါင်းပါဝင်နေတာဆိုတော့ နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေနဲ့ ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါသတဲ့။  
၎။ ငှက်ပျောသီးများ 
ငှက်ပျောသီးကတော့ ပြင်ဆင်ချက်ပြုတ်တာမျိုး မပြုလုပ်သေးခင်နဲ့ အစိမ်းအနေအထားမှာ ပျော်ဝင်နိုင်တဲ့ကစီဓာတ် ပါဝင်နေတာကြောင့် အဲ့ဒီအနေအထားမှာ စားသုံးတာက အကောင်းဆုံးပါဘဲ။ ငှက်ပျောသီးတစ်လုံး စားပြီးသွားတဲ့အခါမှာ ပုံမှန်အားဖြင့် အစာအိမ်ထဲမှာ နေသာထိုင်သာ ရှိသွားစေပြီး ရေနည်းနည်းလောက် သောက်ပေး လိုက်မယ်ဆိုရင်ဘဲ တစ်စုံတစ်ရာကို အလွန်အမင်းတောင့်တတဲ့စိတ်တွေ ဖြစ်မလာစေဖို့ အကူအညီပေးပါတယ်။ ဒါကြောင့် အစားအစာတွေကို အလွန်
အကျွံစားမိတာမျိုး မဖြစ်စေတော့ပါဘူး။ နောက်ပြီးငှက်ပျောသီးက အဆီတွေကို မြန်မြန်လောင်ကျွမ်းစေခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ပေးပါလိမ့်မယ်။ 
၅။ ဂရိတ်ဖရု
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဂရိတ်ဖရုကို နေ့စဉ်စားသုံးတဲ့လူတွေဟာ ဂရိတ်ဖရုမစားတဲ့ သူတွေနဲ့ ယှဉ်မယ်ဆိုရင် ကိုယ်အလေးချိန် ပိုပြီးမြန်မြန် ကျဆင်းစေတဲ့အကြောင်း သက်သေပြသနိုင်ခဲ့ကြပါတယ်။ ဂရိတ်ဖရုဟာ ကာဘိုဟိုက်ဒရိတ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးဖြစ်ပြီး နံနက်စာ စားသုံးတဲ့အခါမှာ ထည့် သွင်းစားသုံးပေးတာက အကောင်းဆုံးပါဘဲ။ ဘာကြောင့်လဲဆိုတော့ ဂရိတ်ဖရုက ညဘက်ကို အစာရှောင်ထားတယ်ဆိုရင်တောင် သူ့ရဲ့ မြင့်မားစွာ ပါဝင်နေတဲ့ သကြားဓာတ်နဲ့ အစားထိုးလိုက် နိုင်တဲ့အပြင် တစ်နေ့တာအတွက် ခန္ဓာကိုယ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းစဉ်တွေကို ကူညီပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ 
၆။ လိမ္မော်သီး
သွားရည်စာတွေ အရမ်းစားလို့ ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်မိတယ်ဆိုရင်တော့ လိမ္မော်သီးကို သွားရည်စာအဖြစ် စားပေးပါလို့အကြံပြုပါရစေ။ လိမ္မော်သီးက ရေဓာတ်မြင့်မားစွာပါဝင်ပြီး ကယ်လိုရီပမာဏ နည်းနည်းသာ ပါဝင်ပါတယ်။ နောက်ပြီး စိတ်က တောင့်တနေတာတွေနဲ့ ပတ်သက်လို့ ကျေနပ်မှုရရှိစေတဲ့အပြင် ကိုယ် အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် လိမ္မော်သီးကို စားပေးခြင်းက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလိုပါဘဲ။ 
၇။ ပန်းသီး
တစ်နပ်နဲ့ တစ်နပ်ကြား ဥပမာ မနက်စာနဲ့ နေ့လယ်စာကြားမှာ အစားအစာတွေ မစားသုံးမိအောင် ထိန်းချုပ်ချင်နေပါသလား။ ဒီလိုဆိုရင်တော့ ပန်းသီးကိုသာ ဆွဲလိုက်ပါလို့ အကြံပြုပါတယ်။ ပန်းသီးက ကျန်းမာရေးကို ကောင်းမွန်တိုးတက်စေဖို့ အထောက်အကူပေးတဲ့အပြင် အမျှင်ဓာတ်လည်း မြင့်မားစွာပါဝင်ပါတယ်။ ဗီတာမင် အေနဲ့ ရေပါဝင်မှုကလည်း များတာကြောင့် ပန်းသီးစားပြီးတဲ့ နောက်ပိုင်းမှာ ပြည့်တင်းနေတဲ့ ခံစားချက်ကို ရရှိစေမှာ ဖြစ်ပါတယ်။ 
၈။ သလဲသီး
အာဟာရဗေဒ ကမ္ဘာမှာတော့ သလဲသီးအစေ့က အားလုံးရဲ့ အာရုံတွေကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ စူပါသစ်သီးပါ။ သလဲသီးအစေ့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓာတ်တွေနဲ့ ရေပါဝင်မှုကလည်း များပါတယ်။ နောက်ထပ်ရော ဘာတွေရှိနိုင်ပါသေးလဲ။ သလဲသီးအစေ့က ကယ်လိုရီ နည်းနည်းသာ ပါဝင်တာကြောင့် သလဲသီးအစေ့ နှစ်စေ့လောက်ကို ဝါးစားပေးရုံနဲ့ ကိုယ်လုပ်ဆောင်နေတဲ့ diet plan ကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။
၉။ နာနတ်သီး 
နာနတ်သီးနဲ့ ကိုယ်အလေးချိန် ကျဆင်းမှုက ဘယ်လိုများ သက်ဆိုင်နေပါလိမ့်နော်ဆိုပြီး တွေးမိသွားပါသလားရှင်။ နာနတ်သီးမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အင်ဇိုင်းတွေ၊ သတ္ထုဓာတ်တွေနဲ့ ဗီတာမင်တွေရောပေါ့။ ဒါပေမဲ့ ဒါတွေပါဝင်ရုံနဲ့ ကိုယ်အလေးချိန် ကျဆင်းစေပါသတဲ့လား။ ဟုတ်ပါတယ်။ အဓိကအချက်ကတော့ နာနတ်သီးမှာ ကိုလက်စထရောနဲ့ အဆီ လုံးဝမပါဝင်တာပါဘဲ။ 
၁၀။ ဘယ်ရီသီများ
ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်(စ) ဘယ်ရီတို့လို အက်ဆစ်ဓာတ်ပါဝင်ပြီး အရည်ရွှမ်းတဲ့ အသီးတွေဟာ ခန္ခာကိုယ်ဆီကို ကာဘိုဟိုက ဒရိတ် နည်းနည်းလေးသာ ရရှိစေပါလိမ့်မယ်။ ဒါပေမဲ့ သူတို့က အစွမ်းထက်တဲ့ အဆိပ်အတောက် ဖယ်ရှားသူတွေနဲ့ လေချဉ်တက်ခြင်းကို ဖယ်ရှားပေးနိုင်တဲ့သူတွေပါ။ သူတို့က အစာချေစနစ်ကို အကူအညီပေးနိုင်ရုံသာမက ကိုယ်အလေးချိန်ကျဆင်းဖို့အတွက်လည်း အများစုက အာရုံကျခံရတဲ့ အသီးတွေထဲမှာ ပါဝင်နေတဲ့အကြောင်း ပြောရင်းနဲ့ နှုတ်ဆက်ချင်ပါတယ်။ တချို့အချက်တွေက သိထားပြီးသားတွေ ဖြစ်နိုင်သလို မသိသေးတဲ့ အကြောင်းအရာတွေလည်း ပါဝင်ပြီး ပရိသတ်ကြီးအတွက် အကူအညီဖြစ်စေနိုင်ဖို့ မျှော်လင့်မိပါတယ်။
Ref: Top 10 Fruits To Eat To Lose Weight Quickly
by sitaranikhil