“ရေ” တစ်မျိုးပဲ သောက်ကြည့်ပါ

ခန္ဓာကိုယ်ရှိ မော်လီကျူးတိုင်း၊ ဆဲလ်တိုင်း၊ အင်္ဂါအစိတ်အပိုင်းတိုင်း အသက်ရှင်ဖို့နဲ့ အလုပ်လုပ်နိုင်ဖို့ ရေ ကို လိုအပ်ပါတယ်။ ရေက ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍမှာ ရှိနေပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မှာလည်း ကြီးမားတဲ့ သက်ရောက်မှုရှိနေပါတယ်။ လူတိုင်းနေ့စဉ် ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ကို ဖြည့်တင်းဖို့အတွက် ရေနဲ့ အခြားအဖျော်ယမကာများကို သောက်သုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်က လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်တင်း
တဲ့အခါမှာ ရေတစ်မျိုးတည်း သီးသန့် သောက်သုံးတာနဲ့ အခြား ကော်ဖီ၊ လက်ဖက်ရည်၊ အချို ရည်နဲ့ အဖျော်ယမကာများကိုပါ တွဲဖက်ပြီး သောက် သုံးတာက ကွာခြားမှုများစွာရှိပါတယ်။ အကယ်၍ သင်က ရေဓာတ်ဖြည့်တင်းဖို့ ရေကိုပဲ အဓိက
သောက်သုံးတဲ့အခါမှာ သင့်ခန္ဓာကိုယ်မှာ ထင်မထားတဲ့ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ အစားအသောက်ပုံစံနဲ့ နေထိုင်မှု ပုံစံပြောင်းလဲ  မှုမရှိဘဲ ရေဓာတ်အတွက် ရေတစ်မျိုးတည်းကိုပဲ ရက်ပေါင်း ၃ဝ သောက်သုံးတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေပါတယ်
လူတစ်ယောက်ဟာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အခြားအဖျော်ယမကာတွေမပါဘဲ ရေကိုပဲ သီးသန့် ရက် ၃ဝ သောက်သုံးတဲ့အခါမှာ သူ့ရဲ့ ဦးနှောက်က တုံ့ပြန်မှုတွေကိုပိုပြီး မြန်မြန်ဆန်ဆန် ပြုလုပ်လာတာကို တွေ့ရတယ်လို့ Frontiers in Human Neuroscience ဂျာနယ်က ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့လုပ်ငန်းအားလုံးကို ထိန်းချုပ်ရတာဖြစ်ပြီး အဆိုပါ လုပ်ငန်းတွေလုပ်ဆောင်ဖို့ အောက်ဆီဂျင် ပမာဏ အမြောက်အများ လိုအပ်ပါတယ်။ ရေက အောက်ဆီဂျင်ရရနိုင်တဲ့ ရင်းမြစ်တစ်ခုဖြစ်တာ ကြောင့် သင်ရေသောက်တဲ့ အခါမှာ ဦးနှောက်က အောက်ဆီဂျင်ရရှိပြီး လုပ်ဆောင်မှု စွမ်းရည်မြင့်တက်လာပါတယ်။ ဦးနှောက်စွမ်းရည်မြင့်လာပြီး တုံ့ပြန်မှုတွေ မြန်မြန်ဆန်ဆန်လုပ်လာတဲ့အခါ အာရုံစူးစိုက်မှု ပိုကောင်းလာစေပြီး  သင့်ကို ပိုပြီးထက်မြက်လျင်မြန်လာစေနိုင်ပါတယ်။ တစ်ရက်ကို ရေ ၈ ခွက်ကနေ ၁ဝ ခွက်အတွင်း သောက်ပေးမယ်ဆိုရင် သင့်ရဲ့ သိမြင်နားလည်နိုင်စွမ်းကို ၃ဝ%အထိ တိုးတက်လာစေနိုင်တယ်လို့ ပညာရှင် တွေဆိုထားပါတယ်။ 

သင့်ကိုပိုပြီးနုပျိုလာစေပါတယ်
ရေသောက်ခြင်းက သင့်အရေပြားက ဆဲလ် တွေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး အိုမင်းခြင်း ဖြစ်စဉ်ကိုနှေးကွေးစေနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတဲ့အရေပြားဆဲလ်တွေက သင့်ရဲ့ အသားအရေ ကို စိုပြေကျန်းမာစေနိုင်သလို အရေပြားကို နူးညံ့စေပြီး တောက်ပကြည်လင်စေကာ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့်  ငယ်ရွယ်နုပျိုတဲ့ အသွင်ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကြွက်သားတွေကိုလည်း ကျစ်လစ်သန်မာစေပါတယ်။ အဆိုပါအကျိုးကျေးဇူးတွေကို ကိုယ်တိုင်ခံစားကြည့်လိုတယ်ဆိုရင် သင်လုပ်ဆောင်ရမယ့်အရာက ရေသောက်ပေးရုံပါပဲ။ 

ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်
သန့်စင်တဲ့ ရေက ကမ္ဘာပထမဆုံးနဲ့ ရှေးအကျဆုံး ဆေးဝါးတစ်မျိုးဖြစ်တယ်ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဒါက ချဲ့ကားပြောဆိုတဲ့ ယုံတမ်းစကား သက်သက်မဟုတ်ဘူးဆိုတာကို သိပ္ဗံနည်းကျသက်သေပြနိုင်ခဲ့ပါတယ်။ ရေက ခန္ဓာကိုယ်က အင်္ဂါ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေ အသစ်ပြန်လည်ဖြစ်ပေါ်ဖွဲ့စည်းဖို့ ဓာတ်ကူပစ္စည်း တစ်ခုအနေနဲ့ လုပ်ဆောင်ပေးနိုင်ပြီး သင့်ရဲ့ ကိုယ်ခံစွမ်းအားကို ပိုပြီးတိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ ရေလုံလုံလောက်လောက်သောက်ပေးရုံ
နဲ့ အသည်းနဲ့ကျောက်ကပ်ကဲ့သို့သော ခန္ဓာကိုယ်ရဲ့အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။ အဆိုပါ အင်္ဂါအစိတ်အပိုင်းတွေက ခန္ဓာကိုယ်ရှိသွေးထဲက ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေ၊အညစ်အကြေးတွေနဲ့ ပိုလျှံတဲ့ဆားတွေကို စွန့်ထုတ်တဲ့ အလုပ်ကိုလုပ်ပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးပါတယ်။ ဒါ့အပြင် ရေသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ pH ပမာဏကို ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေနိုင်ပြီး နာကျင်မှုကိုခံစားနိုင်တဲ့ စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်တာကြောင့် ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ခေါင်းကိုက်ခြင်းကဲ့သို့ သော ဝေဒနာများကိုလည်း သက်သာစေနိုင်ပါတယ်။ အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေ အပြည့်အဝရရှိနိုင်ဖို့ ရေတစ်မျိုးတည်းကိုပဲ ရက်ပေါင်း ၃ဝ တိတိ သောက်သုံးကြည့်ပါလို့ အကြံပြုလိုပါတယ်။  

နှလုံးကို ကျန်းမာစေပါတယ်
ရေသောက်ခြင်းက သင့်နှလုံးရဲ့ ကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ သွေးဖိအားကို ကျဆင်းစေပြီး သွေးကြောတွေ မထူလာအောင် ကာကွယ်ပေးနိုင်တာကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ Heart Attack ကဲ့သို့သော နှလုံးနဲ့သက်ဆိုင်တဲ့ရောဂါများ ဖြစ်နိုင်ချေကိုလည်း လျှော့ချပြီးသားဖြစ်စေပါတယ်။ ညအိပ်ရာမဝင်ခင် ရေ ၁ ခွက်သောက်ပေးခြင်းဖြင့် နှလုံးမှတစ်ဆင့် အောက်ဆီဂျင် ပြည့်ဝတဲ့သွေး တွေကို အခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ထုတ် လွှတ်ပေးနိုင်အောင် ကူညီပေးနိုင်ပြီး နှလုံးခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းကဲ့သို့သော ရောဂါများကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေ ဆိုပါတယ်။ American Journal of Epidemiology မှာ ပညာရှင်တွေ သုတေသနပြုလုပ်ပြီးနောက် တစ်ရက်ကို ရေ ၅ခွက်နဲ့အထက် သောက်သုံးသူတွေဟာ ရေ ၂ ခွက်လောက်ပဲ သောက်သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ Heart Attack ကြောင့် သေဆုံးနိုင်ချေ ၄၁ % လျော့နည်းကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ရေသောက်ခြင်းက နှလုံးရဲ့ကျန်းမာရေးကို အဓိကအထောက်အကူပေးနိုင်တဲ့ အရာလို့တောင် ဆိုနိုင်ပါတယ်။ သိသာတဲ့ရလဒ်ရဖို့ အခြားအဖျော် ယမကာတွေမပါဘဲ သန့်စင်တဲ့ ရေကိုပဲသီးသန့် ရက် ၃ဝ သောက်သုံးပေးရမှာဖြစ်ပါတယ်။ 

ကိုယ်အလေးချိန်ကျစေပါတယ်
ရေကိုပဲ ရက် ၃ဝ သောက်သုံးတဲ့အခါမှာ သင့်ရဲ့ခန္ဓာကိုယ်က ကိုယ်တွင်းအင်္ဂါတွေထဲမှာရှိနေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့၊ မလိုအပ်တဲ့ ပစ္စည်းတွေကို စွန့်ထုတ်ပစ်ဖို့ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ဒါက ခန္ဓာကိုယ်ကို သန့်စင်
စေပြီး ဝမ်းဗိုက်နားတစ်ဝိုက်က အဆီတွေကို လျော့ကျစေပါတယ်။ အစပိုင်းမှာ ရေသောက်များတာကြောင့် ကိုယ်အလေးချိန် အနည်းငယ်တက်လာနိုင်ပေမဲ့ စိုးရိမ်ဖို့မလိုပါဘူး။ ရေကို ပုံမှန်သောက်နေကျ ပမာဏထပ် ပိုသောက်နေရတာကြောင့် အစားစားချင်စိတ်ကို လျော့နည်းစေပြီး သင့်ကိုအစားလျှော့စားပြီးသား ဖြစ်စေပါလိမ့်မယ်။ ရေကတော့ နောက်ပိုင်းမှာ သင့်ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေနဲ့ အတူပြန်လည်စွန့်ထုတ်တဲ့အထဲ ပါသွားမှာဖြစ်တာကြောင့် အပိုဆု အနေနဲ့သင့်ကို ကိုယ်အလေးချိန်ပါ ကျသွားစေပါလိမ့် မယ်။ The Academy of Nutrition and Dietetics က အစားမစားခင်ရေသောက်ခြင်းဖြင့် ပမာဏများများစားသုံးခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရက်၃ဝ ပြည့်ပြီး
နောက်ပိုင်းမှာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ ရေကို လုံလုံလောက်လောက် သောက်ပေးဖို့ အရေးကြီးပါတယ်။

ဇီဝကမ္မဖြစ်စဉ်ကိုတိုးတက်စေပါတယ်
ပညာရှင်တွေ လေ့လာမှုတွေပြုလုပ်ပြီးနောက် လူတစ်ယောက်ဟာ ရေကို တိတိကျကျနဲ့ လုံလုံလောက်လောက် စတင်သောက်သုံးတဲ့အခါ ခန္ဓာကိုယ်က အဆိုပါပြောင်းလဲမှုကို သိရှိပြီး ဇီဝကမ္မ ဖြစ်စဉ်တွေပိုပြီး လျင်လျင်မြန်မြန်ဖြစ်ပျက်စေဖို့ စတင်လုပ်ဆောင်လာတာကို တွေ့ရှိခဲ့ပါတယ်။ အိပ်ရာက နိုးနိုးချင်း ရေ ၁၆ အောင်စခန့် သောက်သုံးပေးရုံနဲ့ ဇီဝကမ္မဖြစ်ပျက်နှုန်းကို ၂၄%ခန့် တိုးတက်လာစေတယ်လို့ Health Fitness Revolution ကဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက သင့်ခန္ဓာကိုယ်ရဲ့ အလုံးစုံသောကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်မှုရှိ နေပါတယ်။ ဒါကြောင့်သင်ရေတစ်မျိုးတည်းကိုပဲ ဆက်တိုက်သောက်သုံးတဲ့အခါမှာ ရက် ၃ဝ မပြည့်ခင်မှာပဲ သင့်ခန္ဓာကိုယ်မှာ သိသာတဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့လာရမှာဖြစ်ပြီး ပိုပြီးပေါ့ပါးတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်လာမှာဖြစ်ကာ  စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွမှုကိုပါ ခံစားလာရမှာ ဖြစ်ပါတယ်။ လန်းဆန်းတက်ကြွလာအောင် ယခင် က သင်သောက်သုံးခဲ့ရတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖိန်းဓာတ်ပါတဲ့ အခြားအဖျော်ယမကားများကို မကြာခင်မှာ သင်မေ့ကောင်းမေ့သွားပါလိမ့်မယ်။ 

Ref; This Is What Happens When You Drink Only Water For 30 Days