ဒန့်သလွန်ရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဒန့်သလွန်ရွက်၊ ဒန့်သလွန်သီး၊ ဒန့်သလွန်စေ့တွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေတစ်ခုပြီး တစ်ခုကို ခေတ်သစ်သိပ္ပံပညာနဲ့ ရှာဖွေသက်သေပြနိုင်ခဲ့ပြီးနောက်မှာ စိုက်ပျိုးရလွယ်ကူပြီး အကြီးမြန်တဲ့ ဒန့်သလွန်ပင်က Miracle Tree လို့ တင်
စားခံရပြီး ကမ္ဘာတစ်ဝန်းကမှာ နာမည်ကြီးလာပါတယ်။ အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိပြီး အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတိုက်တွေမှာ ရှင်သန်ပေါက်ရောက်တဲ့ ဒန့်သလွန်ပင်က အရွက်ရော အသီးရော စားသုံးနိုင်ပြီး အစေ့ကလည်း ဆေး
ဖက်ဝင်ပါတယ်။ ရှားပါးပြီး စွမ်းအားမြင့်တဲ့ ဆေးဖက်ဝင် အာနိသင်တွေပိုင်ဆိုင်ထားပြီး အာဟာရ တန်ဖိုးမြင့်မားတဲ့ ဒန့်သလွန်ရွက်ကို ပညာရှင်တွေ လေ့လာမှုတွေ ၊ သုတေသနတွေ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ကြပါတယ်။ ဒါကြောင့် လတ်တလောမှာ သိပ္ပံပညာနဲ့ သက်သေပြနိုင်ခဲ့တဲ့ ဒန့်သလွန်ရွက် ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

အစာချေစနစ်
ဒန့်သလွန်ရွက်မှာ Isothiocyanates ပါဝင်တာကြောင့် အစာချေလမ်းကြောင်း ပုံမှန်အလုပ်မလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းချုပ်ခြင်း၊ အစာအိမ်ရောဂါ၊ အူမရောင်ခြင်း စတဲ့ ရောဂါတွေကို ကုသရာမှာ အသုံးဝင်တယ်လို့ သိရပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ဒန့်သလွန်ရွက်က အူမရောင်ခြင်းကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးများနဲ့နောက် နှိုင်းယှဉ်နိုင်တဲ့ အာနိသင်ရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်မှာ Antibiotic နဲ့ Antibacterial အာနိသင်ရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောခြင်းကဲ့သို့သော ဘက်တီးရီးယားကူးစက်မှုကြောင့်ဖြစ်တဲ့ ရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ဗီတာမင် B ကြွယ်ဝစွာ ပါဝင်တာကလည်း အစာချေစနစ်ကို ပိုမိုကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပြီး စားသုံးလိုက်တဲ့ အစားအစာများကို အဆီအဖြစ် သိုလှောင်ခြင်းထက် စွမ်းအင်အဖြစ်ပြောင်းလဲဖို့ ပိုပြီး လွယ်ကူစေနိုင်တာကြောင့် အဝလွန်ခြင်းမှလည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ် လို့ သိရပါတယ်။ 

Antibacterial နဲ့ Antifungal အာနိသင်ဒန့်သလွန်ရွက်မှာ အထက်မှာပြောခဲ့ပြီးဖြစ် တဲ့ Antibacterial အာနိသင်ရှိပြီး Antifungal အာနိသင်လည်းရှိတာကြောင့် ရောဂါဖြစ်စေနိုင်တဲ့ မိုက်ခရို့ဘ်ပိုးမွှားတွေ ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းလည်းရှိနေပါတယ်။ ၂ဝ၁၇ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတစ်ခုက ဒန့်သလွန်ရွက်က ရရှိတဲ့ အဆီအနှစ်ဟာ အစားအသောက်တွေမှာ ပေါက်ဖွားတဲ့ Mircoorganism တွေ ရှင်သန်ကြီးထွားခြင်းကို ကျယ်ကျယ်ပြန့်ပြန့်တားဆီးပေးနိုင်ကိုတွေ့ရှိခဲ့ရပါတယ်။ Anti-fungal အာနိသင်က မှိုကြောင့်ဖြစ်ပွားတဲ့ ရောဂါအချို့ကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်းရှိမယ်လို့ ပညာရှင်တွေ ယူဆထားကြပါတယ်။

ကင်ဆာ
ဒန့်သလွန်ရွက်မှာ ပါဝင်တဲ့ ကင်ဆာကို ဟန့်တားနိုင်တဲ့ Anticancer Agent က အကြိတ်တွေကို ကုသရာမှာ အလွန်တန်ဖိုးမြင့်မားတယ်လို့ သိရပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ဒန့်သလွန့်ရွက်မှာပါတဲ့ အဆိုပါ Anticancer Agent က 
ကင်ဆာဆဲလ်တွေ ကြီးထွားခြင်းကို တားဆီးပေးနိုင်တာကို တွေ့ရှိရပြီး ဓာတုကုထုံးလိုပဲ သက်ရောက်မှုရှိတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကင်ဆာဆဲလ်တွေ ကြီးထွားခြင်းကို တားဆီးပြီး သူ့အလိုလိုသေဆုံးစေတဲ့ ဓာတုကုထုံး ကဲ့သို့သော အာနိသင်က သားဥအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ စတဲ့ ကင်ဆာ ရောဂါ အမျိုးအစားပေါင်းစုံအပေါ်မှာ သက်ရောက်မှုရှိတာကို လက်တွေ့ သရုပ်ဖော်ပြနိုင်ခဲ့ပါတယ်။ 

ဒါကြောင့် ဒန့်သလွန်ရွက်ဟာ ကင်ဆာရောဂါကို ကုသရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်လိမ့်မယ်လို့ ပညာရှင်တွေ မျှော်လင့်နေကြပါတယ်။

အရိုးကျန်းမာရေး
ဒန့်သလွန်ရွက်မှာ အရိုးတွေရဲ့ သန်မာကြံ့ခိုင်မှုကို ထိန်းသိမ်းပေးနိုင်တဲ့ အစွမ်းလည်း ရှိနေတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အရိုးတွေရဲ့ ကျန်းမာရေးအတွက်မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ Calcium နဲ့ Phosphorous စတဲ့ ဓာတ်တွေ ဒန့်သလွန်ရွက်မှာ ကြွယ် ဝစွာ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်တဲ့ Anti-inflammatory ဂုဏ်သတ္တိလည်းရှိတာကြောင့် အဆစ်အမြစ်ရောင်ရောဂါကြောင့် ခံစားရတဲ့ ဝေဒနာကိုလည်း သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒန့်သလွန်ရွက်မှာ အရိုးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အကျိုးကျေးဇူးလည်း ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

နှလုံးကျန်းမာရေး နဲ့ ဆီးချိုရောဂါ
ဒန့်သလွန်ရွက်ရဲ့  အဆီအနှစ်မှာ စွမ်းအားမြင့်တဲ့ Antioxidants ဂုဏ်သတ္တိရှိပြီး နှလုံးထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အာနိသင်နဲ့ နှလုံးကို ကာကွယ် 
ပေးနိုင်တဲ့ အာနိသင်တွေက နှလုံးရဲ့ ကျန်းမာရေးကို ပိုပြီးတိုးတက် ကောင်းမွန်လာစေနိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သုတေသီတွေဟာ ဒန့်သလွန်ရွက်ရဲ့ သွေးတွင်းသကြားဓာတ်၊ ဆီးတွင်း သကြားဓာတ်နဲ့ ဆီးအတွင်းက ပရိုတိန်းပမာဏတွေကို လျော့ကျစေနိုင်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဆိုပါတွေ့ရှိချက်အရ ဆီးချိုရောဂါအတွက်လည်း ဒန့်သလွန်ရွက်က အထောက်အကူပြုနိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒန့်သလွန်ရွက်မှာ နှလုံးကို ကျန်းမာစေ
ပြီး ဆီးချိုရောဂါကုသရာမှာ အထောက်အကူပြု နိုင်တဲ့ အာနိသင်တွေရှိတာကို သိပ္ပံပညာနဲ့ သက် သေပြနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သွေးတိုး နဲ့ ကိုလက်စထရော
ဒန့်သလွန်ရွက်ဟာ သွေးဖိအားကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ပရဆေးလောက နဲ့ အိမ်သုံးဆေးလောကမှာ နာမည်ကြီးပြီး သားဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာတွေ့ရတဲ့ Isothiocyanate နဲ့ Niaziminin အမည်ရ သြော်ဂဲနစ်ကွန်ပေါင်းများက သွေးကြောတွေ ထူလာခြင်းကို တားဆီးပေးနိုင်ပြီး သွေးတိုးရောဂါဖြစ်ပွားလာမယ့် အန္တရာယ်ကို လျှော့ချပေးနိုင်စွမ်းရှိတာကို ပညာရှင်တွေ  လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒန့်သလွန်ရွက်မှာ ကိုလက်စထရောကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပြီး အသည်း နဲ့ ကျောက်ကပ်တွေမှာ အဆီဖုံးနိုင်ချေကို လျော့ကျစေနိုင်ကြောင့် ဓာတ်ခွဲခန်းမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒန့်သလွန့်ရွက်ရဲ့ သိပ္ပံပညာက အတည်ပြုနိုင်ခဲ့ပြီးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ စာရင်းထဲမှာ သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပြီး ကိုလက်စထရောကျဆင်းစေနိုင်တဲ့ အာနိသင်တွေရှိတာကိုလည်း ထည့်သွင်းရတော့မှာဖြစ်ပါတယ်။

Ref; Health Benefits of Morin