အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးမယ့် Diet

ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို စားသုံးပေးခြင်းက ကောင်းတယ်ဆိုတာကို လူတိုင်းသိထားကြပြီးသားပါ။ ဒါအပြင့် အများစုသော ဟင်းသီးဟင်းရွက်တွေဟာ အသက်ရှည်ရှည်နဲ့ ကျန်းမာနုပျိုစွာ နေနိုင်စေမယ့် အစားအစာတွေ ဖြစ်နေပါတယ်။ ဒီတစ်လမှာတော့ ကိုယ်အလေးချိန် လျော့ကျစေတဲ့ Diet မဟုတ်ဘဲ အိုမင်းမှုကို တိုက်ဖျက်ပေးမယ့် Diet အကြောင်း ရှာဖွေ ပြန်ဆိုပေးထားပါတယ်။
 
အိုမင်းမှုကို တိုက်ဖျက်ပေးတဲ့ အစားအစာဆိုတာ 
ငယ်ရွယ်နုပျိုမှုကို လိုလားတောင့်တတတ်ကြတဲ့ အလေ့အထရှိပြီးသား လူသားတို့ရဲ့ နေထိုင်ရာဌာနမှာ ကိုယ့်ရဲ့ ပုံပန်းက ဘယ်လိုရှိလဲ၊ ငယ်တယ်လို့ ထင်ရသလားဆိုတဲ့ မေးခွန်းအတွက် အဖြေတွေကို လူတိုင်းလိုလိုကတော့ သိချင်ကြသူတွေ ချည်းပါဘဲ။ ကိုယ့်ရဲ့ ရုပ်သွင်၊ ပုံပန်းဟာ ဆယ်နှစ် လောက်ပိုပြီး ငယ်နေတယ်ထင်ရဖို့အတွက် ပလပ်စတစ် ဆာဂျရီလုပ်ဖို့၊ ကျန်းမာရေး လှုပ်ရှားမှုတွေ ပြုလုပ်တဲ့ လေ့ကျင့်ရုံမှာ အဖွဲ့ဝင်ဖြစ်နိုင်ဖို့၊ အိုမီဂါ- ၃ ဖက်တီးအက်ဆစ်နဲ့ L-carnitine အမိုင်နို အက်ဆစ်တို့လို မရေမတွက်နိုင်တဲ့ ဖြည့်စွက်စာတွေအတွက် တစ်နှစ်ထက် တစ်နှစ် ဒေါ်လာဘီလျံတွေနဲ့ ချီပြီးတော့ကို အသုံးပြုတတ်ကြပါတယ်။ ဒါပေမဲ့ အိုမင်းမှုကို တိုက်ဖျက်ပေးနိုင်ပြီး ဈေးအသက်သာဆုံးနဲ့ အဆင်သင့်ရရှိနိုင်တဲ့ ထုတ်ကုန်တွေကိုတော့ အများစုက မျက်စိမှောက်နေတတ်ကြပါတယ်။ အဲ့ဒီ ထုတ်ကုန်တွေကတော့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေပါဘဲ။ 
 
နုပျိုကျန်းမာစေဖို့အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး အစားအစာတစ်နည်းအားဖြင့် Diet ကို ရှာဖွေနေတဲ့သူဟာ ပြည့်ဝဆီတွေကို ရှောင်ရှားရပါမယ်။ တစ်နေ့တာအတွက် ရေ ၈ ဖန်ခွက် သောက်ရမှာဖြစ်ပြီး ကယ်လိုရီနည်းတဲ့ အစားအစာတွေကို စားရပါမယ်။ အခွံစင်အောင် ချွတ်မထားတဲ့ ကောက်နှံတွေအပြင် သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးရပါမယ်။ ဒီလို ယျေဘုယျအချက်တွေအပြင် အောက်မှာ ဖော်ပြပေးသွားမယ့် လမ်းညွှန်ချက် တွေကိုလည်း လိုက်နာစေလိုပါတယ်။ သက်ရှည်နုပျိုပြီး ကျန်းမာစေမှုကို အထောက်အကူပေးနိုင်စေဖို့အတွက် သေချာသတ်မှတ်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ရှိပါတယ်။ အဓိကသော့ချက်ကတော့ ဘယ်လိုသတ္ထုဓာတ်တွေ လို
အပ်သလဲဆိုတာကိုသိပြီး ဘယ်လို ဟင်းသီးဟင်းရွက်တွေမှာ လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေသလဲဆိုတာကို သိထားဖို့လိုအပ်မှာ ဖြစ်တာကြောင့် အောက်မှာ ဆက်လက်လေ့လာကြည့်ပါဦး။
 
အိုမင်းမှုကို ဆန့်ကျင်ပေးတဲ့ အာဟာရဓာတ်များ 
ဗီတာမင် ကေ 
ဗီတာမင် ကေ က အရိုးရဲ့ သိပ်သည်းဆတွေကိုတိုးစေပြီး အရိုးကျိုးတာ၊ အရိုးအက်တာတွေဖြစ်ပွားစေမယ့် အန္တရာယ်ကနေလည်း လျော့ကျစေပါတယ်။ ဗီတာမင် ကေ ကို ဟင်းသီးဟင်းရွက် အတော်များများမှာ တွေ့ရှိနိုင်ပါတယ်။ ယျေဘု
ယျအားဖြင့်တော့ အစိမ်းရင့်ရောင် အရွက်တွေမှာပေါ့။ အာဟာရဓာတ်တွေ များများပါလေ အစိမ်းရောင်က ပိုရင့်ပြီးတော့ ရွေးချယ်ဖို့ သင့်လေပါဘဲ။ အစိမ်းရင့်ရောင် အရွက်တွေဟာ အာဟာရဓာတ်တွေ ပါဝင်နေရုံသာမကဘဲ လူတိန်းနဲ့ zeaxanthin တို့လည်း ပါဝင်နေပါတယ်။ ယင်းက ရေတိမ်နဲ့ မျက်စိကွယ်ခြင်းကို ကာကွယ်ပေးပြီး မျက်ကြည်လွှာရဲ့ ကျန်းမာမှုကို တိုးတက်စေပါတယ်။ 
 
ဗီတာမင် စီ
ဗီတာမင် စီ ကတော့ သိပ်ကိုကောင်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး အရေပြားမှာရှိတဲ့ အရေပြားပေါ်က ကိုလာဂျင်နဲ့ အလာစတင်တွေကို ဖျက်ဆီးတတ်တဲ့ free redicals တွေကို အဓိကအားဖြင့် ကာကွယ်ပေးပါတယ်။ ကိုလာဂျင်နဲ့ အလာစတင်တို့က အသားအရေ ပျော့ပြောင်းဖို့နဲ့ တင်းတင်းရင်းရင်းဖြစ်စေဖို့  ထိန်းသိမ်းပေးနေတဲ့ အရင်းအမြစ်တွေဖြစ်ပြီး အရေးအကြောင်းတွေ ပေါ်ထွက်မလာအောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် စီ ကို တုပ်ကွေးဆန့်ကျင်တဲ့ ပစ္စည်းအဖြစ်လည်း လူသိများပါသေးတယ်။ ဗီတာမင် စီ အလျှံအပယ်ရနိုင်တဲ့ ဟင်းသီးဟင်းရွက်ကတော့ သခွားဖရုံသီးဘဲ ဖြစ်ပါတယ်။ 
 
ဗီတာမင် အီး 
ဗီတာမင် အီး ကလည်း ငယ်ရွယ်နုပျိုတဲ့ အသားအရည်ကို ရရှိစေဖို့အတွက် အကောင်းဆုံးသော ဓာတ်တိုးပစ္စည်းတစ်ခုပါဘဲ။ ယင်းက ညစ်ညမ်းမှုတွေကြောင့် အရေပြားထိခိုက်ပျက်စီးတာ၊ ဆေးဝါးနဲ့ အခြားသော free redicals တွေဆီကနေ ကာကွယ်ပေးပါတယ်။ ဗီတာမင် အီးကို အရေပြားပေါ်မှာ လိမ်းနိုင်သလို စားသုံးလို့လည်းရပြီး အရေးအကြောင်းဖြစ်ပေါ်မှုတွေကို ကူညီလျှော့ချပေးပါတယ်။ ဗီတာမင် အီး ဟာ နေလောင်ဒဏ်မှ ထိထိရောက်ရောက် ကာကွယ်ပေးခြင်းနဲ့ သက်ဆိုင်တဲ့ အကျိုးသက်ရောက်မှုကို တိုးပွားစေတယ်။ ဒါပေမဲ့ သူက ချက်ချင်းတော့ အလုပ်လုပ်တာမဟုတ်လို့ အရေပြားရဲ့ အပြင်ပိုင်းအလွှာထဲကို နက်နက်ရှိုင်းရှိုင်း စုပ်ယူနိုင်စေဖို့ဆိုရင် နေရောင်နဲ့မထိတွေ့ခင် မိနစ်နှစ်ဆယ်အလိုလောက်မှာ ဗီတာမင် အီးကို အသုံးပြုပေးသင့်ပါတယ်။ တစ်ခါစုပ်ယူပြီးပြီဆိုတာနဲ့ ယင်းက ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ဖို့ စတင်လုပ်ဆောင်ပါတယ်။ နေကြာစေ့မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အီး ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းပါဝင်ပါတယ်။ 
 
ဗီတာမင် အေ 
ဗီတာမင် အေက အရေပြားအတွက် သိပ်ကို အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ဗီတာမင် အေက ခန္ဓာကိုယ်ထဲမှာ အလုပ်လုပ်စေဖို့ ဆိုရင် ဗီတာမင် အီး လိုအပ်ပါတယ်။ ဒါကြောင့် ဒီရဲ့ ဗီတာမင်တွေကို တစ်ခုမှ လျစ်လျူရှု့ထားလို့ 
မရဘူးပေါ့။ ဗီတာမင် အေ ချို့တဲ့တဲ့သူတစ်ယောက်ဟာ အသားအရည်က မှိန်ဖျော့ပြီး ခြောက်သွေ့လာပါမယ်။ အသားအရည်ခြောက်သွေ့ခြင်းဟာ   အရေပြားအိုမင်းရင့်ရော်မှုအတွက် အဆိုးရွားဆုံးလက်သည်ပါဘဲ။ အစိမ်းရောင် ပန်းငရုတ်ပွတွေဟာ ဗီတာမင် အေ ရရှိစေဖို့ အကောင်းဆုံးသော အရင်းအမြစ် ဖြစ်ပါတယ်။ 
အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတဲ့ အကောင်းဆုံး ဟင်းသီးဟင်းရွက်များ 
ပဲအမျိုးမျိုး 
ပဲအမျိုးမျိုးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်အဝ ပါဝင်ပါတယ်။ အထူးသဖြင့် ပဲနီလေးမှာပေါ့။ ပဲတွေမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းက ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါတွေနဲ့ တစ်သျှူးတွေကို ကာကွယ်ပေးပြီး free radicals တွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ 
 
ဘရိုကိုလီ 
ဘရိုကိုလီမှာ ပါဝင်တဲ့ Quercetin က အစွမ်းထက် ဓာတ်တိုးဆန့်ကျင် တစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှုတွေကို သက်သာစေတဲ့အစွမ်းရှိပါတယ်။ အရေပြားမှာ ပေါ်ထွက်လာတတ်တဲ့ အဖုအပိန့်တွေ ရောင်ရမ်းတာ၊ အကြောတွေ ရောင်ရမ်းတာနဲ့ အူမရောင်နာတို့ကို သက်သာစေပါတယ်။
 
ဂေါ်ဖီထုပ်အသေးစားလေးများ 
ယင်းမှာတော့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ဆိုဒီယမ်နဲ့ အဆီပါဝင်မှု နည်းပါးတယ်။ နောက်ပြီး sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ ယင်းက ဆီးကြိတ်ကင်ဆာနဲ့ အခြားသော ကင်ဆာတွေကို ကာကွယ်တဲ့နေရာမှာ အကူအညီဖြစ်စေပါတယ်။ ဆိုလိုတာကတော့ ဂေါ်ဖီထုပ် အသေးစားလေးတွေမှာ ကင်ဆာရောဂါတွေကို ကာကွယ်တဲ့ဓာတ်အပြင် အအေးမိခြင်းကို တိုက်ထုတ်ပေးတဲ့ ဗီတာမင်စီလည်း ပါဝင်နေတာပေါ့။ 
 
ဂေါ်ဖီပန်း 
ဂေါ်ဖီပန်းမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏရဲ့ ၈ဝ ရာခိုင်နှုန်းပါဝင်တဲ့အပြင် ဗီတာမင် ကေ၊ ဘီ ၆ နှင့် ကယ်(လ) ဆီယမ်တို့လည်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ တစ်သျှူးတွေဆီက အဆိပ်အတောက်တွေကို သန့်စင်ပေးတဲ့အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျစေပါတယ်။ 
 
မုန်လာဥနီ 
မုန်လာဥနီမှာ အစွမ်းထက် ဓာတ်တိုးဆန့် ကျင်ပစ္စည်းဖြစ်တဲ့ ဘီတာကယ်ရိုတင်းပါဝင်ပြီး မျက်လုံးနဲ့ အရေးပြား ကျန်းမာရေးကို ကောင်းမွန်ေ စပါတယ်။ 
 
သခွားသီး 
သခွားသီးမှာ ပါဝင်တာကတော့ အယ်(လ) ကာလိုင်း ဓာတ်ဆားနဲ့ ဗီတာမင် စီတို့ ပါဝင်ပါတယ်။ အယ်(လ)ကာလိုင်း ဓာတ်ဆားက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေးကွေးစေပြီး ကိုယ်အလေးချိန်ကျဆင်းဖို့အတွက်လည်း ရွေးချယ်စားသုံးသင့် ပါတယ်။ 
 
ကိုက်လန်
ကိုက်လန်မှာတော့ ဗီတာမင် အေ၊ စီ၊ အီး၊ ကေ နဲ့ ဘီဒြပ်ပေါင်းတို့ ပါဝင်တဲ့အပြင် Phytonutrients လို့ခေါ်တဲ့ အပင်ကရရှိတဲ့ အာဟာရဓာတ် တော်တော်များများ ပါဝင်နေပါတယ်။ Phytonutrients က ကင်ဆာရောဂါကို တိုက်ထုတ်ကာကွယ်ပေးပြီး ပေါင်းစပ်ပါဝင်နေတဲ့ ဗီတာမင်တွေကတော့ ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။ 
 
အနီရောင်ပန်းငရုတ်ပွ 
အနီရောင်ပန်းငရုတ်ပွမှာ ကယ်ရိုတင်းနဲ့ ဗီတာမင်စီပါဝင်ပါတယ်။ ကယ်ရိုတင်းက အမြင်အာရုံနဲ့ ကြက်မျက်သင့်တာကို ကူညီကာကွယ် ပေးပြီး ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တာကြောင့်  အအေးမိခြင်းကနေလည်း ကာကွယ်ပေးပါ 
သေးတယ်။ 
 
ပဲပိစပ် 
ပဲပိစပ်မှာ အပင်ကနေရရှိတဲ့ ဒြပ်ပေါင်းဖြစ်တဲ့ Isoflavones ပါဝင်ပြီး ယင်းက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ ဟော်မုန်း မညီမမျှဖြစ်ခြင်းကို ထိန်းညှိပေးတဲ့အပြင် ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
 
ဟင်းနုနွယ်ရွက် 
ဟင်းနုနွယ်ရွက်မှာတော့ လူတိန်းနဲ့ Zeaxanthin တို့ပါဝင်ပြီး ရောဂါတွေကို တားဆီးပေးတဲ့အပြင် ရောဂါဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ နောက်ပြီး အမြင်အာရုံကွယ်ပျောက်စေတတ်တဲ့ ရောဂါကနေလည်း ကာကွယ်ပေးပါတယ်။  
အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတဲ့ သစ်သီးများ
ပန်းသီး 
ပန်းသီးမှာ ခန္ဓာကိုယ်ထဲရှိ စွန့်ပစ်ပစ္စည်းတွေ ဆီက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသော pectin လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုး ပါဝင်တာမို့ အိုးမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတဲ့ သစ်သီးတစ်မျိုးပါဘဲ။ ပန်းသီးဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြတ်လပ်မှုမဖြစ်စေဖို့ ထိန်းသိမ်းပေးတာကြောင့် အရေးအကြောင်းတွေ ဖြစ်ပေါ်စေခြင်းကလည်း လျော့ကျစေပါတယ်။ 
 
ထောပတ်သီး 
ထောပတ်သီးကတော့ အခြားသော သစ်သီးေ တွထက် ဗီတာမင် အီး ပိုမိုကြွယ်ဝပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ပျက်စီးသွားတဲ့ အရေပြားတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးပြီး အရေပြားတွေကို တင်းရင်းစိုပြေပြီး နူးညံ့တဲ့ ခံစားမှုရရှိစေဖို့ ကူညီ ပေးတာကြောင့် ဗီတာမင် အီး ကြွယ်ဝတဲ့ ထောပတ်သီးဟာ ရွေးချယ်ဖို့ အကောင်းဆုံးပါဘဲ။ ထောပတ်သီးကို တစ်ခါတရံမှာ အသားထူတယ်လို့ ခံစားရ ပေမယ့် အလွှာလိုက်ပြီး အသုပ်တွေထဲမှာ ထည့်လို့ရသလို ကြိတ်စက်နဲ့ ချေဖို့လည်း အဆင်ပြေ တာကြောင့် ကိစ္စမရှိဘူးလို့ ဆိုနိုင်မှာပါ။ 
 
ဘယ်ရီများ 
ဘယ်ရီတွေမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ယင်းက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကို တည်ဆောက်ပေးတယ်။ ခုခံစွမ်းအားစနစ်က ခိုင်မာလေ ခန္ဓာကိုယ်ဟာ ကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်လေဘဲ ဖြစ်ပါတယ်။ အနက်ရောင် ဘယ်ရီတွေဟာ flavonoids ပါဝင်တာကြောင့် ရွေးချယ်ဖို့ အကောင်းဆုံးလို့ ဆိုရမှာပါဘဲ။ Flavonoids ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ထိခိုက်မှုမှ ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဘဲ ဖြစ်ပါတယ်။
 
ငှက်ပျောသီးများ 
ငှက်ပျောသီး တစ်လုံးမှာ မဂ္ဂနီဆီယမ် ၃ဝ မီလီဂရမ်တောင် ပါတာဆိုတော့ သွားရည်စာအဖြစ် ရွေးချယ်ဖို့အတွက် အကောင်းဆုံးပါဘဲ။ မဂ္ဂနီဆီယမ်ဟာ ပြီးပြည့်စုံတဲ့ သွေးလည်ပတ်မှုရရှိဖို့အတွက် အဓိက သော့ချက်ပါဘဲ။ သွေးလည်ပတ်မှုကောင်းလေ ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းအသီးသီးရှိရာကို သွေးတွေ ပိုပြီးစီးဆင်းနိုင်လေဘဲပေါ့။ သွေးစီးဆင်းမှုကောင်းလေ ခန္ဓာကိုယ်က သူ့ဘာသာပြုပြင်ဖို့ ပိုပြီးလွယ်ကူလေဖြစ်ပါတယ်။ နောက်ပြီး နေထိုင်ခံစားရတာ ပိုမိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်နှုန်း မကောင်းဘူးဆိုရင် အရေပြားက အရောင်ဖျော့လာသလို ဖြစ်လာတတ်ပါတယ်။ မဂ္ဂနီဆီယမ်က အရေပြားကို ပန်းသွေးရောင်ဖြစ်ပြီး တင်းတင်းရင်းရင်းလည်း ဖြစ်စေပါတယ်။ 
 
သခွားမွှေးသီး 
သခွားမွှေးသီးမှာ ဗီတာမင် အေ အပြည့်အဝ ထုပ်ပိုးပါဝင်ပါတယ်။ ယင်းက အရေပြားကို အာဟာရပြည့်ဝစေပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
 
စတော်ဘယ်ရီ
စတော်ဘယ်ရီတစ်ခွက်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီ ပမာဏရဲ့ လေးပုံတစ်ပုံလောက် ပါဝင်ပါတယ်။ ဒီရဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အရေပြား အပေါ်ယံလွှာက ကျန်းမာတဲ့ ကိုလာဂျင်ေ တွကို ဖျက်ဆီးတတ်တဲ့ free radicals တွေကို 
ကာကွယ်ပေးတဲ့နေရာမှာ သိပ်ကို အရေးပါပါတယ်။ ဗီတာမင် စီက အရေပြားကို တင်းရင်းချောေ မွ့စေပါတယ်။ 
 
သေဘာၤသီး 
သေဘာၤသီးကေတာ့ ဗီတာမင် အေ၊ အီးနဲ့ ကေ ပါ ပါဝင်တာကြောင့် အားလုံးထဲမှာ ရွေးချယ်ဖို့ အကောင်းဆုံး အသီးလို့ ဆိုရမှာပါဘဲ။ ငယ်ရွယ်နုပျိုလိုသူတို့အတွက် ရွေးချယ်ဖို့ အသင့်ဆုံး အသီးပေါ့။ 
 
အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေရာပေါင်းများစွာရှိပါတယ်။ အကောင်းမွန်ဆုံး အကျိုးသက်ရောက်မှုကို ရရှိစေဖို့ဆိုရင် ဘယ်လို သစ်သီး၊ ဘယ်လိုဟင်းသီးဟင်းရွက်ကို စားသုံးသင့်သလဲ၊ သူတို့ချည်းသာ စားသုံးသင့်သလားဆိုတာကို သေချာစွာ သိထားဖို့ လိုအပ်ပါတယ်။ အမျိုးအစားမတူတဲ့ အစားအစာတွေကို စုံအောင်စားပေးလေ အာဟာရတွေကိုများများ စုပ်ယူနိုင်လေပါဘဲ။ အခွံစင်အောင် ချွတ်မထားတဲ့ ကောက်နှံ၊ နို့နဲ့ 
အခြားသော ကာဘိုဟိုက်ဒရိတ်အပြင် အသား ဓာတ်တွေပါ ရရှိနိုင်တဲ့ အစားအစာတွေကိုလည်း မျှတစွာ စားသုံးပေးဖို့ မမေ့ပါနဲ့ဆိုတာကို ပြော ကြားရင်း နှုတ်ဆက်လိုက်ပါတယ်။
Ref : Vegetables for an Anti-Aging Diet
By Angela Michelle Schultz