VIP ဟင်းလျာ

နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အိမ်လေးထဲက အနုပညာရှင် မမက အနုပညာရှင် ညီမလေးအတွက် ချက်တဲ့ VIP ဟင်းလျာ…

အသက်ကွာတဲ့ ညီမလေးကို  Rocker မမ လိမ္မော်သီး ချက်ကျွေးတဲ့ ဟင်းလျာက နွေရာသီမှာ အအီပြေစေတဲ့ မွန်ဟင်းလျာ “သရက်သီး ဝက်သားချက်”

ပါဝင်ပစ္စည်းများ
- ဝက်သား (တုံးထားပါ)
- သရက်သီးစိမ်း (အခွံခွါပြီး မထူမပါးလှီးထားပါ)
- မျှင်ငါးပိအနည်းငယ်၊ ဆား၊ ဆနွင်း၊ ငံပြာရည် နည်းနည်း၊ ဆီ
- ငရုတ်ပုပွတောင့်ခြောက် (ရေစိမ်ထားပါ)
- ကြက်သွန်ဖြူ/နီ/ဂျင်း (ခွာပြီး ထောင်းထားပါ)


ချက်ပြုတ်နည်းအဆင့်ဆင့်
ဆီပူလာအောင်အိုးတည်ပြီး ရောထောင်း ထားတဲ့ ကြက်သွန်ဖြူ နီ ဂျင်းတို့ကို ဆီသတ်ပါ။
အနည်ငယ်မွှေးလာလျှင်  ဆားဆနွင်းနယ်ထားတဲ့ဝက်သားကိုထည့်ပြီး နှံအောင်မွှေပါတယ်။


Photo - Ko Naing (Escape Studio)
Makeup & Hair - Lin Lin (Lanmadaw)