မွှေးစပ်ချိုချို အရသာပို

ဒီတစ်လတော့ မွှေးသော၊ စပ်သော၊ ချိုသော ကိုရီးယားအသားကင်နဲ့ ကိုရီးယား အစားအသောက်များရှိရာ Bamboo Grove Korean BBQ သို့ Eating in style လေး ခြေဆန့်ခဲ့ပါပြီ။

အကင်အချို
ပါဝင်သောပစ္စည်းများ
ဝက်သား (ဂုတ်သား၊ သုံးထပ်သား၊ ပေါင်သား)
ကြက်သား
အမဲသား
ယိုးဒယားငံပြာရည် အပြစ်
ယိုးဒယားငံပြာရည် အကျဲ
ကြက်သွန်ဖြူ
ကြက်သွန်နီ
မုန်လာဥနီ
Coke

ပြုလုပ်ပုံအဆင့်အဆင့်
အသားတွေကို ပါးနိုင်သမျှပါးပါးလှီးထားပါ။
ငံပြာရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန် လာဥနီ၊ coke တို့ကို အနှစ်ဖြစ်အောင် Blender နဲ့ ကြိတ်ထားပါ။
ကြိတ်ထားသောအနှစ် နဲ့ အသားလွှာတွေကို ရောစိမ်ထားပါ။
အကင်အရသာပိုကောင်းလိုလျှင် တစ်ရက်တိတိ နှပ်ထားပါ။

အကင်အစပ်
ပါဝင်သောပစ္စည်းများ
ဝက်သား (ဂုတ်သား၊ သုံးထပ်သား၊ ပေါင်သား)
ကြက်သား
အမဲသား
ကိုရီးယား ငြုပ်သီးမှုန့်
ယိုးဒယားငံပြာရည် အပြစ်
ယိုးဒယားငံပြာရည် အကျဲ
ကြက်သွန်ဖြူ
ကြက်သွန်နီ
မုန်လာဥနီ

ပြုလုပ်ပုံအဆင့်အဆင့်
အသားတွေကို ပါးနိုင်သမျှပါးပါးလှီးထားပါ။
ငြုပ်သီးမှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ကို အနှစ်ဖြစ်အောင် Blender နဲ့ ကြိတ်ထားပါ။
ကြိတ်ထားသောအနှစ် နဲ့ အသားလွှာတွေ ကို တစ်လွှာချင်းစီသုတ်ပေးပါ။
အကင်အရသာပိုကောင်းလိုလျှင် တစ်ရက်တိတိ နှပ်ထားပါ။

RA-MEN ခေါက်ဆွဲပြုတ်
လိုအပ်သောပစ္စည်းများ
ကိုရီးယား ခေါက်ဆွဲ
ကြက်သွန်ဖြူ
ကိုရီးယား ငြုပ်သီးမှုန့်
ငြုပ်သီးစိမ်း
ကြိုက်နှစ်သက်ရာအသား
ပုစွန်
ကင်မ်ချီ

ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သွန်ဖြူ ၊ ငြုပ်သီးမှုန့် ၊ ငြုပ်သီးစိမ်း နဲ့ အသားကို အရင်ဆုံး ဆီသတ်ပါ။
ဆီသတ်ပြီး အနံ့မွှေးလာလျှင် ရေထည့်ပါ။
ရေဆူလာလျှင် ခေါက်ဆွဲခြောက်ထည့်ပါ။
လေးမိနစ်လောက်နေလျှင် ကင်မ်ချီနဲ့ ပုစွန် ထည့်ပြီး မိနစ်ဝက်ခန့် ထပ်တည်ထားပါ။
ပြီးလျှင် ကင်မ်ချီနံ့မွှေးသော ခေါက်ဆွဲပြုတ်ကို သုံးဆောင်နိုင်ပါပြီ။

ကျောက်အိုးပူ ထမင်းသုတ်
ပါဝင်သော ပစ္စည်းများ
ထမင်း
မုန်လာဥနီ
မှိုအမည်း
ကြက်သွန်ဖြူ
ကြက်သွန်မြိတ်
သေဘာၤသီး
ပဲပင်ပေါက်
ကိုရီးယားဆော့စ်
နှမ်းဆီ
နှမ်း
ကြက်ဥ
ကြိုက်နှစ်သက်ရာအသား

ပြုလုပ်ပုံ အဆင့်အဆင့်
မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုးကို အတုံးသေးသေးတုံးပြီး ဆီပူပူမှာ ကျက်အောင် ကြော်ထားပါ။
ကျောက်အိုးထဲကို နှမ်းဆီထည့်ပါ။
ထမင်းကိုအလယ်မှာ ထည့်၊ အသားထည့်၊ နှစ်သက်ရာ အသီးအရွက်တွေကို ပါးပါးလှီးထည့်၊ ကြက်ဥ ဖောက်ထည့်၊ နှမ်းဖြူးပြီး ကျောက်အိုးကို အပူပေးပါ။
ကျောက်အိုးတော်တော်ပူလာပြီး ဖျစ်ဖျစ် မြည်လာလျှင် သုံးဆောင်နိုင်ပါပြီ။