ချိုချဉ်စပ်များ ရှိရာဆီ….

ဒီတစ်လတော့ ယိုးဒယားအစားအစာများကို အဓိကရောင်းတဲ့ One Zaab သို့ ခြေဦးလှည့် ဖြစ်ခဲ့ပါတယ်…

ငါးကင်မုန့်တီ

ပါဝင်ပစ္စည်းများ
တလားဗီးယားငါး
ဆလပ်ရွက်
နံနံပင်
မုန်ညင်းဖြူ
မုန့်ဖတ် (နန်းကြီး)
ငြုပ်သီးစိမ်းတောင့်
ငြုပ်သီးအနီတောင့်

ပြုလုပ်ပုံအဆင့်ဆင့်

အရင်ဆုံး သန့်စင်ပြီးသားငါးကို ဆားနဲ့နယ် ထားပါ။
ထို့နောက် ငါး ကို ကင်ပါ။
ကင်ပြီးသားငါးကို အရေခွံခွာလိုက်ပါ။
ဆလပ်ရွက်၊ နံနံပင်၊ မုန့်ညှင်းဖြူ၊ ငြုပ်သီးတောင့်များကို ရေစင်စင်ဆေးထားပါ။
ငါးကင်၊ မုန့်ဖတ်၊ ရေဆေးထားသော အရွက်များကို အချဉ်ရည်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

ပြောင်းဖူးထောင်း

ပါဝင်ပစ္စည်းများ

ပြောင်းဖူး 
ဆားဘဲဥ
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
မြေပဲ
ပုစွန်ခြောက်
ငြုပ်သီးအနီတောင့်
ကြက်သွန်ဖြူ
ထန်းလျက်
သကြားရည်
ငံပြာရည်
သံပရာ
မန်ကျည်းသီး

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်သွန်ဖြူ နဲ့ ငြုပ်သီးကို အရင်ဆုံးထောင်းပါ။
ပြီးလျှင် ထန်းလျက်ထည့်ပြီး ညက်အောင် ထောင်းပါ။
ထို့နောက် မန်ကျည်းရည်၊ သံပရာရည်၊ ငံပြာရည်ထည့်ပါ။
ခရမ်းချဉ်သီး နဲ့ ပဲသီးကို အနေတော်လှီးပြီး ထည့်ထောင်းပါ။
နောက်ဆုံးမှ ပြောင်းဖူးထည့်ပါ။
ဟင်းပွဲပြင်လျှင် ဆားဘဲဥထည့်ပြီး ပြင်ဆင်ပေးပါ။

တောသားထောင်း

ပါဝင်ပစ္စည်းများ

သင်္ဘောသီး
ဂေါ်ဖီထုပ်
ကြက်သွန်ဖြူ
ငြုပ်သီး
ထန်းလျက်
မန်ကျည်းရည်
သံပရာရည်
ယိုးဒယား ငပိရည်
ယိုးဒယားမုယော (ဝက်သား)
မုန့်ဖတ်
ဆူးပုတ်ရွက်
ကျွဲကောသီး
ပြောင်းဖူး
ကန်စွန်းရိုးနီ
ရှမ်းနံနံ
ဝက်သားချဉ်
ခရမ်းကျွတ်သီး
ပဲတောင့်ရှည်
ခရမ်းချဉ်သီး
မုန်ညှင်းချဉ်
ပုစွန်ခြောက်

ပြုလုပ်ပုံအဆင့်ဆင့်

ငြုပ်သီး နဲ့ ကြက်သွန်ဖြူကို အရင်ဆုံးထောင်းပါ။
ထန်းလျက်ထည့်ထောင်းပါ။
မန်ကျည်းရည်၊ သံပရာရည် နဲ့ ယိုးဒယား ငပိရည် ထည့်ပါ။
ကျန်သောပါဝင်ပစ္စည်းများကို ရောထောင်းပါ။
ပုစွန်ခြောက်ဖြူးပေးပြီး သုံးဆောင်နိုင်ပါပြီ။

သီးစုံရေခဲခြစ်

ပါဝင်ပစ္စည်းများ

နဂါးမောက်သီး
ပန်းသီး
သစ်တော်သီး
နာနတ်သီး
သရက်သီးမှည့်
ဂျယ်လီ
ဖျော်ရည်အဆီ (စတော်ဘယ်ရီ+ကီဝီ+လိမ္မော်)
နို့ဆီ
နို့စိမ်း
သကြားရည်
ရေခဲ

ပြုလုပ်ပုံအဆင့်ဆင့်

ရေခဲခြစ်ပြီး ပန်းကန်ထဲမှာ စိတ်ကြိုက်ပြင်ဆင်ပါ။
နို့စိမ်းဆမ်းပြီး သစ်သီးတွေ ထည့်ပါ။
ဂျယ်လီလေးတွေ တုံးပြီးထည့်၊ ဖျော်ရည် အဆီဆမ်းပါ။
အားလုံးပြီးမှ နို့ဆီဆမ်းပြီး သုံးဆောင်နိုင်ပါပြီ။