တစ်မျိုးဆန်းတဲ့ မြန်မာ့အစားအစာ

ဇူလိုင်လထဲမှာတော့ Eating in Style ကဏ္ဍလေးဟာ မြန်မာ့ရိုးရာ အစားအစာများကို တစ်မျိုးဆန်းသစ်ထားတဲ့ စားသောက်ဖွယ်ရာများရှိရာ Vestige Restaurant ဘက်ကို ခြေဦးလှည့် ဖြစ်ခဲ့ပါတယ်။ 

ဟင်းနုနယ်ရွက်မီးဖုတ် နှင့် ချိစ်

ပါဝင်ပစ္စည်းများ
ဟင်းနုနယ်ရွက်    - ၂၀၀ ဂရမ်
ဆား                 - ၅ ဂရမ်
ငြုပ်ကောင်း         - ၃ ဂရမ်
Mozzrella ချိစ်     - ၅၀ ဂရမ်
Permisan ချိစ်     - ၅ ဂရမ်
ဟင်းချက်ဆီ       - ၄၀ ဂရမ်
နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူ - ၂၀ ဂရမ်

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဟင်းနုနယ်ကို အရွက်တွေချည်းခြွေပြီး ရေ စင်စင်ဆေးထားပါ။
၂။ ကြက်သွန်ဖြူနုပ်နုပ်စင်းကို ဆီပူထိုးပါ။ နွမ်းလာလျှင် ဟင်းနုနယ်ရွက်၊ ဆား နဲ့ ငြုပ်ကောင်း ထည့်ပါ။
၃။ ဆီပူထိုးထားသော ဟင်းနုနယ်ရွက်များကို ပုဂံတစ်လုံးထဲထည့်ပြီး ချိစ်နှစ်မျိုးကို အပေါ်မှ ဖြူးပါ။
၎။ ထို့နောက် Oven တွင် ချိစ်များ ရွှေညိုရောင် သမ်းလာသည်အထိ Bake လုပ်ပါ။
၅။ ချိစ်များ ရွှေညိုရောင်သမ်းလာလျှင် သုံးဆောင်နိုင်ပါပြီ။

Vestige ရှောက်သီးသုပ်
ပါဝင်ပစ္စည်းများ
အသားနွှင်ထားသောရှောက်သီး - ၅၀ ဂရမ်
ပါးပါးလှီးထားသော ကြက်သွန်နီ - ၁၀၀ ဂရမ်
ငြုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း - ၁ ဇွန်း
ငါးငံပြာရည် စားပွဲတင်ဇွန်း        - ၁ ဇွန်း
ပဲမှုန့် စားပွဲတင်ဇွန်း - ၁ ဇွန်း
ငြုပ်သီးဆီသပ် စားပွဲတင်ဇွန်း - ၁ ဇွန်း
ပုဇွန်ခြောက်မှုန့် စားပွဲတင်ဇွန်း - ၂ ဇွန်း
ဆား - အနည်းငယ်
ပုဇွန်ခြောက် - အနည်းငယ်
ငှက်ပျောရွက်(အလှဆင်ရန်)
 
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းအားလုံးကို သမအောင် ခပ်ဖွဖွ နယ်ပါ။
၂။ အရသာ မြည်းကြည့်ပြီး စားသုံးရန် ငှက်ပျောရွက်အောက်ခံ၍ ပြင်ဆင်နိုင်ပါပြီ။
ကြက်သားလက်ဖက်
ပါဝင်ပစ္စည်းများ
ကြက်ရင်ဗုံသား - ၁၅၀ ဂရမ်
လက်ဖက် - ၈၅ ဂရမ်
ကြက်သွန်နီ - ၅၀ ဂရမ်
ကြက်သွန်ဖြူ - ၅ ဂရမ်
ဂျင်း - ၃ ဂရမ်
ဟင်းချက်ဆီ - ၄၀ ဂရမ်
သံပရာသီး - ၁ ဂရမ်
ငြုပ်သီးစိမ်း - ၂၀ ဂရမ်
 
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကြက်ရင်ဗုံသားကို ခပ်ပါးပါးလှီး၍ ဆား၊ နနွင်းဖြင့် နှပ်ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းနှင့် ကြိတ်ထားသော ငြုပ်သီးစိမ်းများကို ဆီပူထိုးပါ။
၃။ အနည်းငယ်နွမ်းလာလျှင် လက်ဖက်ကို ထည့်ပြီး အရသာဝင်အောင် ခဏထားပါ။
၎။ နောက်ဆုံးမှ ကြက်သားနှပ်ထားသည်ကို ထည့်၊ ရေထည့်ပြီး ဆူအောင်တည်ပါ။
၅။ ရေခမ်းပြီး ကျက်လျှင် သံပရာကွင်းဖြင့် အလှဆင်ပြီး သုံးဆောင်ရန်ပြင်ဆင်နိုင်ပါပြီ။
ပင်လယ်စာစွန်တန် ဟင်းချို
ပါဝင်ပစ္စည်းများ
ပုစွန်တုပ် - ၃ ကောင်
စွန်တန်ခြောက် - ၃၀ ဂရမ်
ပြည်ကြီးငါး - ၂၀ ဂရမ်
ဂျင်း - ၅ ဂရမ်
ကြက်သွန်နီ - ၁၀ ဂရမ်
မုန်လာဥနီ - ၂၀ ဂရမ်
ပဲငံပြာရည် (အကြည်ရည်) စားပွဲတင်ဇွန်း  - ၂ ဇွန်း
ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း - ၁ ဇွန်း
သံပရာရည် စားပွဲတင်ဇွန်း - ၁ ဇွန်း
ဟင်းရွက်ပြုတ်ရည် - ၃၀၀ မီလီ လီတာ
 
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဟင်းရွက်ပြုတ်ရည်၊ စွန်တန်ခြောက်၊ ကြက်သွန်နီ၊ ဂျင်း၊ မုန်လာဥနီ နှင့် ပင်လယ်စာများကို ဆူအောင် အရင်တည်ပါ။
၂။ ဆူချိန်အတန်ငယ်ကြာလျှင် ပဲငံပြာရည်၊ ကြက်သားမှုန့်၊ ဆား နှင့် သံပရာရည် ထည့်ပြီး အရသာမြည်းပါ။
၃။  အရသာ အနေတော်ဖြစ်လျှင် ပွဲပြင်ပေးနိုင်ပါပြီ။