မိုးအေးအေးမှာ စားဖွယ်ရာ…

မိုးသံလေးတွေ တစ်ဖြောက်နှစ်ဖြောက်ကြားရတဲ့ ဒီလိုအချိန်မှာ….
Eating in Style ကဏ္ဍ ခြေဦးလှည့်ဖြစ်တဲ့နေရာလေးကတော့ Bangkok Cafe ဆိုတဲ့ စားသောက်ဆိုင်ပါ။
ဒီဆိုင်မှာ ဘယ်အစားအသောက်တွေ လူကြိုက်များသလဲဆိုတာ တီးခေါက်ကြည့်မိတော့….

ဆယ်လမွန် ငါးမှိုင်းတိုက်နှင့် ထောပတ်သီး ပီဇာ

ပါဝင်ပစ္စည်းများ
မှိုင်းတိုက်ထားတဲ့ ဆယ်လမွန်ငါး
ထောပတ်သီး
Parmesan ချိစ်
ပီဇာဂျုံ
ပီဇာ ဆော့စ်
Baby rocket ရွက်

ပြုလုပ်ပုံအဆင့်ဆင့်
၁။    ပီဇာ ဂျုံ နဲ့ ဆော့စ် ကိုသုံးပြီး Oven နဲ့ ပီဇာ အရင်ဆုံးလုပ်လိုက်ပါ။
၂။    Oven ထဲက ထွက်လာတဲ့ ပီဇာပေါ်မှာ ထောပတ်သီး၊ မှိုင်းတိုက် ဆယ်လမွန်ငါး၊ ချိစ်၊ Baby rocke ရွက်တို့နဲ့ တန်ဆာဆင်ပါ။


ပင်လယ်မဆလာဟင်း

ပါဝင်ပစ္စည်းများ
ကင်းမွန်
ရေဘ၀ဲ
ခရု
ပုဇွန် အကြီး
ပုဇွန်အသေး
ရှမ်းနံနံ
ကြက်သွန်မိတ်
ကြက်သွန်ဥကြီး
ငြုပ်သီးအတောင့်ရှည်
ကြက်ဥ
ပင်လယ်စာ မဆလာမှုန့်
နို့စိမ်း
Bangkok Cafe Sauce

ပြုလုပ်ပုံအဆင့်ဆင့်
၁။    ပင်လယ်စာတွေကို အရင်ဆုံးကြော်လိုက်ပါ။
၂။    အရွက်တွေကို နွမ်းအောင်လုပ်ပြီး sauce ထည့်၊ မဆလာထည့်ပြီး ချက်ပါ။
၃။    ပွက်လာလျှင် နို့စိမ်းဆမ်းပြီး ဟင်းပွဲပြင်ဆင်နိုင်ပါပြီ။


အမဲသား Steak နှင့် မှိုဆော့စ်

ပါဝင်ပစ္စည်းများ
Wagyu အမဲသား
Shimeji မှို
မုန်လာဥနီ
ကညွတ်
အာလူး
Cherry Tomatoes
Bangkok Cafe Steak Sauce
ငြုပ်ကောင်း
ထောပတ်

ပြုလုပ်ပုံအဆင့်ဆင့်
၁။    အမဲသားကို ငြုပ်ကောင်းဖြူးပြီး အိုးကင်ပူတိုက်ပါ။
၂။    မှိုနဲ့ ကညွတ်ကို အိုးကင်ပူတိုက်ပြီး နွမ်းလာမှ ထောပတ်နည်းနည်းထည့်ပါ။
၃။    အိုးကင်ပူတိုက်ထားတဲ့ အမဲသား၊ မှို နဲ့ ကညွတ်ကို Bangkok Cafe Sauce နဲ့ ရောချက်ပါ။
၎။    အာလူးကို အခွံမခွာဘဲ အတုံးလှီးကာ ကြော်ပါ။
၅။    အားလုံးကျက်လျှင် စားသုံးရန် ခင်းကျင်းနိုင်ပါပြီ။


Panna Cotta & Hot Caffe Latte

ပါဝင်ပစ္စည်းများ
Whipping cream
နို့စိမ်း
Panna Cotta Powder
စတော်ဘယ်ရီ
ဘလူးဘယ်ရီ
ရတ်စ်ဘယ်ရီ

ပြုလုပ်ပုံအဆင့်ဆင့်
၁။    Whipping Cream၊ နို့စိမ်း နဲ့ Panna Cotta Powder ကို ရောပြီး ကြိုပါ။
၂။    အပြစ်အကြဲအနေတော်ဖြစ်လာလျှင် လိုချင်တဲ့ ပုံစံခွက်ထဲထည့်ပြီး အအေးခံထားပါ။
၃။    သုံးဆောင်ခါနီးတွင် အအေးထဲမှ ထုတ်ပြီး အသီးများနဲ့ အလှဆင်ပေးပါ။