ချစ်ခြင်းတွေနဲ့အတူ

မြင်လိုက်ရုံနဲ့ ချစ်ခြင်းတရားကို ကိုယ်စားပြုတယ်ဆိုတာ ပြောဖို့မလိုလောက်အောင် ဖော်ပြမယ့် ပေါ့ပေါ့ပါးပါးစားဖွယ်ရာလေးတစ်ချို့ကို ဖေဖော်ဝါရီလအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Love in the Cup
ကိုရီးယားကော်ဖီစေ့၊ သြစတေးလျ နွားနို့တို့ အဓိကပါဝင်တဲ့ Mocha ကော်ဖီအမျိုးအစားဖြစ်ပါတယ်။ ခါးဆိမ့်တဲ့အရသာကြားက ပေါ်ထွက်လာတဲ့ ချိုမြိန်ကို cream ရဲ့ နူးညံ့မှုနဲ့တွဲပြီး ခံစားလိုက်တဲ့အခါ တစ်စုံတစ်ယောက်ကို ဖြတ်ခနဲ သတိရသွားမိပါလိမ့်မယ်။

Cafe Valentine
သဘာဝကော်ဖီစေ့ကရရှိလာတဲ့ ကော်ဖီမှုန့်ကို ဂျယ်လီကဲ့သို့ ပြုလုပ်ထားပြီး သကြား၊ နို့စိမ်းနဲ့အတူ တွဲဖက်သုံးဆောင်ရမယ့် expresso အမျိုးအစားကော်ဖီဖြစ်ပါတယ်။ ကော်ဖီခါးခါး ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အထူးအဆင်ပြေမယ့် အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Spice up your heart
Frozen Gingerbread Mocha ကော်ဖီအမျိုးအစားဖြစ်ပြီး ဂျင်းအနည်းငယ်ပါဝင်တဲ့ အတွက်ကြောင့် စူးရှရှ ရှိန်းမြမြခံစားရမယ့် ခါးဆိမ့်အရသာနဲ့ ကော်ဖီတစ်ခွက်ဖြစ်ပါတယ်။ အချစ်ကြောင့်နာကျင်ခဲ့ဖူးရင်တော့ ဒီကော်ဖီလေးသောက်ပြီး သင့်နှလုံးသားကို ပြန်ကုစားကြည့်လိုက်ပါ။

Flavor of Love
စတော်ဘယ်ရီ၊ ငှက်ပျော်သီး၊ ပေါင်မုန့် မီးကင်၊ caramel source ၊ ice cream ပါဝင်ပါတယ်။ စတော်ဘယ်ရီ အရသာပြည့်ပြည့်လေးနဲ့အတူ ချိုချိုမွှေးမွှေး ပေါင်မုန့်မီးကင်အရသာကို သစ်သီးလေးတွေနဲ့ တွဲဖက်သုံးဆောင်ရမှာဖြစ်ပါတယ်။

Love Packed
ဂျုံ ၊ ကြက်ဥနဲ့ ထောပတ်တို့ပါဝင်တဲ့ ပန်ကိတ်ဖြစ်ပြီး Cream ၊ စတော်ဘယ်ရီသီး၊ ကော်ဖီမှုန့်နဲ့အတူ တွဲဖက်သုံးဆောင်ရမှာဖြစ်ပါတယ်။ အချို၊ အဆိမ့်၊ အချဉ်၊ အခါး အရသာလေးမျိုးကို ပေါင်းစပ်ပြီးစားသုံးရမှာ ဖြစ်ပါတယ်။

Sign of Love
Cup cake & Ice-cream အမျိုးအစား ဖြစ်ပါတယ်။ Coffee cup cake ကို ချောကလက် ခရင်၊ သကြားပြားတို့နဲ့ အလှဆင်ထားပြီး စတော်ဘယ်ရီရေခဲမုန့် ၊ cream တို့နဲ့ တွဲဖက်သုံးဆောင်ရမှာဖြစ်လို့ ချိုမြိန်တဲ့ချစ်ခြင်းတွေရဲ့ သင်္ကေတအဖြစ် ပုံဖော်ထားပါတယ်။

Faded Love
ကော်ဖီအရသာဖျော့ဖျော့လေးဖြစ်ပြီး အချိုပိုကဲထားတဲ့ ကိတ်လေးဖြစ်ပါတယ်။ Cream ၊ Cheese ၊ ကြက်ဥ၊ သကြားတို့ ပါဝင်ပါတယ်။ အချို အရသာကဲကဲဖြစ်တာကြောင့် ခပ်ချဉ်ချဉ်အရသာကော်ဖီလေးနဲ့ တွဲဖက်သုံးဆောင်ရင် ပြည့်စုံတဲ့ အရသာဖြစ်ပေါ်စေမှာပါ။