မြန်မာအရသာ မြန်မာ့ဟင်းလျာ


ငါးရံဒန်သလွန်ဟင်း
ငါးရံ၊ ဒန့်သလွန်သီး၊ အာလူး၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ရှမ်းနံနံ တို့ပါဝင်ပါတယ်။
မြန်မာစတိုင်လ် မြန်မာအရသာ အရည်သောက်ဟင်းလျာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အရသာပေါ့ပေါ့ နွေရာသီဟင်းလျာပုံစံပါ။

မြစ်ပုစွန်ဆီပြန်
မြစ်ပုစွန်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆီ အနည်းငယ်တို့ ပါဝင်ပါတယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်တို့နဲ့ အနှစ်ပြုလုပ်ပြီး ရေလည်ဆီလယ် မြန်မာချက်နည်းအတိုင်း ချက်ပြုတ်ထားတဲ့ဟင်းပွဲပါ။

ကြက်ကာလသားဘူးသီးချက်
ကြက်သား၊ ဘူးသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်တို့ ပါဝင်ပါတယ်။
ကြက်သားသပ်သပ် ဘူးသီးသပ်သပ် ချက်ပြူတ်ထားပြီး စားခါနီးမှ ရောစပ်စားတဲ့ ဟင်းလျာမျိုးပါ။ အရေသောက်ပုံစံ ခပ်ပေါ့ပေါ့လေး ချက်ပြုတ်ထားတာဖြစ်လို့ ငပိထောင်း၊ သရက်ချဉ်သုတ်တို့နဲ့ တွဲစပ်စားရင် လိုက်ဖက်တဲ့ အညာဒေသ မြန်မာ့အကြိုက်ဟင်းလျာဖြစ်ပါတယ်။

ကြက်သားမျှစ်ခြောက် 
အညာဒေသမှမျှစ်ခြောက်နဲ့ ကြက်သားကိုပေါင်းစပ်ချက်ပြုတ်ထားတာပါ။ ကြက်သားနဲ့ မျှစ်ခြောက်ကို သီးခြားစီ ချက်ပြုတ်ပြီးမှ ရောစပ်တာပါ။ ကြက်သွန်ဖြူနီနဲ့ ဂျင်းအနည်းငယ်လည်းပါဝင်ပါတယ်။

ကြက်သားကလျာချက်
ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနီ၊ ဒေါင်းလန်းကြီးမဆလာ၊ ငရုတ်သီးစိမ်းအနည်းငယ်တို့ ပါဝင်ပါတယ်။
အနံထူးခြားတဲ့ ဟင်းပွဲမျိုးပါ။ ကြက်သားကို ပုံမှန်ချက်နေကြပုံစံမျိုးထဲမှာ အထူးပြုလုပ်ထားတဲ့ မဆလာကို ထည့်ချက်ထားတဲ့အတွက် အနံရောအရသာပါပြည့်စုံတဲ့ ဟင်းပွဲဖြစ်ပါတယ်။ အမြင်အရ အစပ်ကဲတယ်ထင်ရပေမယ့် ကလေးတွေပါ စားနိုင်တဲ့ အရသာမျိုးဖြစ်ပါတယ်။

ငါးဖယ်အစိမ်းချက်
လတ်ဆတ်တဲ့ ငါးအရသာရဖို့ ငါးဖယ်ကိုနာနာပေါက်ပြီး ခရမ်းချဉ်သီးအနှစ်နဲ့ ဆီသတ်ချက်ထားတဲ့ မြန်မာတို့ရဲ့ ဟင်းလျာပါ။ 

Model - Moe Htet Thu Ya ၊ Ye Yint ၊ Snow Pwint Phyu ၊ Nang Su Myat Thinzar ၊ May Thiri Zaw
Makeup Artist - Wai Yan (Mandalay)
Dress Maker - San Win Aung (Mandalay)
Jewellery - Sann Myittar (Mandalay)
Foods - Daung Lann Gyi
Venue - Mandalay Royal Palace
Photographer - Zaw Minn Latt
Arranged by DECENT Entertainment (Mandalay)