ပေါ့ပေါ့ပါးပါးစားကြမယ်

အေးအေးချမ်းချမ်းရာသီဥတုနဲ့ သာသာယာယာနေ့လေးမှာ ပေါ့ပေါ့ပါးပါးလေးစားကြရအောင်.....
အကြီးစား ပြင်ဆင်ထားမှုတွေ မဟုတ်တဲ့အရသာလည်း မပြင်းရှတဲ့ စားဖွယ်ရာလေးတစ်ချို့ကို နိုဝင်ဘာလအတွက် တည်ခင်းလိုက်ပါတယ်။

Bruschetta
Caesal Dressing ၊ သံလွင်သီး၊ ပြင်သစ် ပေါင်မုန့် ၊ ဂဏာန်းသားချောင်း၊ ဆလတ်ရွက် နဲ့  ပုစွန်တို့နဲ့ ပြုလုပ်ထားတာပါ။ ပြည့်စုံတဲ့ အရသာ ဖြစ်စေတာကတော့ ငပိကောင်သေးသေးလေးတွေနဲ့ ပြုလုပ်ထားတဲ့ ဆော့ကြောင့်ပဲဖြစ်ပါတယ်။

Prawn Cocktail
ဆိမ့်ဆိမ့်ချဉ်ချဉ် အရသာလေးနဲ့ လှလှပပလေး စားလို့ကောင်းမယ့် ပုစွန်ပါဝင်တဲ့ စားဖွယ်ရာလေးပါ။
ပန်းသီးစိမ်း၊ သံလွင်သီး၊ ဆလတ်၊ ကော့တေး နဲ့ အမေရိကန် လီမွန်၊ ချယ်ရီ၊ ခရမ်းချဉ်သီးတို့နဲ့ ပြင်ဆင်ထားတဲ့ ဥရောပစတိုင်လ် အရန်အစားအစာလေးပါ။


 

Tiramisu Cake
ကော်ဖီအရသာ ပိုကဲထားတဲ့ ကိတ်လေးပါ။  Cream Cheese ၊ Whipping Cream ၊ ကြက်ဥ၊ သကြား၊ ချောကလက်ပေါင်ဒါ၊ နို့ကိတ်သားတို့ ပါဝင်ပါတယ်။

Green Tea Cake
Grenn Tea အနံ့နဲ့ ခပ်ဆိမ့်ဆိမ့်အရသာရှိတဲ့ ကိတ်ပါ။ Green Tea Powder ၊ ကြက်ဥ၊ နွား နို့၊ သကြား၊ ဂျုံနဲ့ Topping Cream တို့ ပါဝင်ပါတယ်။

E’ claria
အရောင်စုံ အီကလဲလေးတွေပါ ကြက်ဥ အရသာ ဆိမ့်ဆိမ့်လေးတွေပါ။ ကြက်ဥ၊ ဂျုံ၊ နွားနို့ နဲ့ ရေတို့ပါဝင်ပါတယ်။
ချောကလက်အရသာ  သကြားအရသာတို့ကို အတွင်းဖက်မှာ ပူတင်း၊ မြေပဲ၊ သီဟိုရ်စေ့ တို့ ထည့်သွင်းထားပါတယ်။

Yogurt Mouse
ဒိန်ချဉ်၊ Topping Cream ၊ သကြား၊ ကြက်ဥ၊ ချယ်ရီသီး၊ မက်မွန်သီးတို့နဲ့ ပြုလုပ်ထားတဲ့ အချဉ် အဆိမ့် အရသာပါ။

Model - Michi ko
Photo - Thardu ko ko
Coffee Heaven BY Angel Phoo’s Bakery