မိသားစုအတွက် ဂုဏ်ယူတဲ့ အိမ်ရှင်မ

ဓာတ်ပုံ - လမင်းနိုင်

    အန်တီနဲ့ ဦးဇင်ဝိုင်း အိမ်ထောင်ကျတာ ၃၈ နှစ် ရှိပြီ။ အခုလိုမြေးအထိ မိသားစုနဲ့အတူ ဘ၀ကို ဖြတ် သန်းနေရတဲ့အတွက် ဂုဏ်ယူပါတယ်။ သားနှစ် ယောက်နဲ့ နေရတဲ့ဘ၀။ မြေးတွေနဲ့ အခုထိနေရတဲ့ ဘ၀က အရမ်းပြည့်စုံပါတယ်။
    သားကြီးမင်းမော်ကွန်းကို အိမ်ထောင်သက် ၂ နှစ်မှာမွေးတယ်။ သားကြီးက ငယ်ငယ်က အရမ်း အေးတယ်။ သူ့စိတ်က ဆက်တယ်။ ဒေါသကြီး တယ်။ စိတ်ကောင်းရှိတယ်။ ဂီတကို ၀ါသနာပါတာ ပေါ့နော်။ အဲဒီအချိန်တုန်းက ပလေးဘွိုင်းသန်းနိုင် တို့ခေတ်ပေါ့။ သူက ပလေးဘွိုင်းသန်းနိုင် Drum တီးတာကို အရမ်းသဘောကျတာ။ တူနှစ်ချောင်း နဲ့ Drum တီးတမ်း ကစားနေတာပဲ။
    သားငယ် ကြည်သာဌေးလွင်က သားကြီးနဲ့ ၈ နှစ်ခွဲကွာတယ်။ သားငယ်လည်း အေးတယ်။ ငိုတာတွေမရှိဘူး။ အန်တီကရုံးမှာ လုပ်တယ်။ အန်တီရုံးသွားပြီဆိုရင် သူ့ညီကိုသူထိန်းပေးတယ်။ ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်တာ မရှိဘူး။ အရမ်း တည့်တယ်။


    အန်တီက သား(၂)ယောက်ကို စည်းကမ်း တင်းကြပ်ပြီးအုပ်ချုပ်တာ မရှိဘူး။ ကလေးတွေရဲ့ အခြေအနေကိုကြည့်ပြီး အလိုက်အထိုက်နဲ့ နေ တယ်။ ကိုယ်ဖြစ်ချင်တာချည်းကိုပဲ ဦးစားမပေးဘူး။ သားကြီးက ဆယ်တန်းအောင်တုန်းက 4D ထွက် တယ်။ သူ့အမှတ်က ဆေးတက္ကသိုလ်တတ်လို့ရ တယ်။ အန်တီ့အနေနဲ့က ဆရာဝန်ဖြစ်စေချင်တာ ပေါ့နော်။ ဒါပေမဲ့သူက ၀ါသနာမပါဘူး။ သူကြိုက် တဲ့လမ်းကို လျှောက်ခဲ့တာ။ အန်တီခွင့်ပြုပါတယ်။ သားငယ်ကိုလည်း ဒီအတိုင်းပဲ သူဖြစ်ချင်တာပဲ လုပ်ခွင့်ပေးခဲ့တယ်။
    မိသားစုတွေ အကုန်လုံး စုစုစည်းစည်းနေ ကြတယ်။ စည်းစည်းလုံးလုံးရှိကြတဲ့အတွက် ဒီမိ သားစုရဲ့ အိမ်ရှင်မအနေနဲ့ အရမ်းကိုပီတိဖြစ်တယ်။ အခက်အခဲ အဆင်မပြေမှုဆိုတာ လူတိုင်းမှာရှိကြ တာပဲ။ ဒါကို မိသားစုတွေအားလုံး စည်းစည်းလုံး လုံး ကျော်ဖြတ်ကြတဲ့အတွက် အားလုံးအဆင်ပြေသွား ကြတယ်။ အခုလို မိသားစုတွေအတူတူ နေနိုင်တာ ကို တန်ဖိုးမဖြတ်နိုင်ပါဘူး။
    သားတွေအိမ်ထောင်ပြုတော့မယ်ဆိုတော့ စိတ်တော့မကောင်းဘူးပေါ့လေ။ ကိုယ့်တုန်းက လည်း ကိုယ်ကြိုက်တာ ကိုယ်လက်ထပ်ခဲ့တာဆို တော့လေ၊ သားတွေကလည်း သူတို့ဆုံးဖြတ်ချက် နဲ့ သူတို့နှစ်သက်တာကို လက်ထပ်ခဲ့ကြတယ်။ စိတ်ထဲမှာ ဘာမှမဖြစ်ပါဘူး။
    သားကြီးမင်းမော်ကွန်းက သူ့လက်ထပ်မဲ့ ဇနီးကို ပထမဆုံးအိမ်ခေါ်လာတုန်းကဆိုရင် စိတ် မှာလေ အန်တီက သမီးမရှိဘူးလေ။ သမီးလေးရ တော့မယ်ဆိုတော့ ၀မ်းသာလိုက်တာ အရမ်းပဲ။ သူ တို့ကလည်း ချစ်ကြတယ်ဆိုတော့ ကျေနပ် ပါတယ်။ သားငယ်လည်း သူလက်ထပ်မဲ့ မိန်းကလေးကို ခေါ် လာတယ်။ သမီးငယ်လေးကိုလည်း သမီးအရင်း လိုပဲ ချစ်တယ်။ ချွေးမနှစ်ယောက်လုံးကလည်း ညီအစ်မတွေလိုပဲ။
    သားတွေအပေါ်ရှိတဲ့ အတ္တကတော့ လူတိုင်း မှာ အနည်းနဲ့အများရှိတာပေါ့။ ဒါပေမဲ့လည်း ကိုယ့် ဖာသာပြန်ဖြည့်ပြီး ကိုယ့်စိတ်ကိုပြုပြင်ပြီး မဖြစ်သင့် တာ မဖြစ်အောင် ထိန်းရတယ်။ အခုလို မိသားစု တွေ အားလုံးစည်းစည်းလုံးလုံး နေနိုင်တာ ဟာ သား၊ ချွေးမ၊ မြေးတွေအားလုံးက တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတော့ စည်းလုံးပြီး ပျော် စရာကောင်းနေတာပါ။
    မိသားစုတွေ အခုလိုစည်းစည်းလုံးလုံး နေ နိုင်ဖို့ အိမ်ရှင်မအနေနဲ့ ဘယ်ဘိုအုပ်ချုပ်လဲဆိုရင် အိမ်ရှင်မဖြစ်တဲ့ အန်တီရဲ့ တာဝန်ထက် မိသားစု ၀င်တွေအားလုံး သူတို့စိတ်နဲ့ သူတို့ ဖြတ်သန်းကြ တယ်။ သူတို့စိတ်ကိုက မိသားစုကို ချစ်တဲ့အတွက် အန်တီအထူးတလည် အုပ်ချုပ်ရတာမျိုး မရှိပါ။ တစ် ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ ဒီမိသားစု ၀င်တစ်ယောက်အနေနဲ့ မိသားစုအခုလို စည်းစည်း လုံးလုံး သေဆုံးတဲ့အချိန်ထိ နေသွားချင်ပါတယ်။