သူမ မိသားစုထဲက သူမဘဝ

ဓာတ်ပုံ- လမင်းနိုင်
မိတ်ကပ်-ယုဇန

    ‘‘သရုပ်ဆောင် ဖြိုးငွေစိုးရဲ့ ဇနီး ဇင်ဇင်ရဲ့  အိမ်ရှင်မဘ၀’’

၁။ နေ့သစ်ရဲ့အစ
-    မနက်မိုးလင်းပြီဆိုတာနဲ့ သားရဲ့အလုပ်က စတာပဲ။ သားနိုးပြီဆိုတာနဲ့ ကိုယ်လည်းလိုက်နိုးပြီး သူ့လုပ်ငန်းတွေနဲ့ နေ့သစ်ကို စခဲ့တယ်။

၂။    အိမ်မှုကိစ္စ
-    မီးဖိုချောင်ကိစ္စတော့ မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ထမင်းဟင်း ကောင်းကောင်းချက်တတ်တယ်။
-    အိမ်သန့်ရှင်းရေး လုပ်ရတာကို ၀ါသနာပါတယ်။
-    ဈေးကို ကိုယ်တိုင်သွားတယ်။

၃။    သားကို ဒီလိုမျိုး ပြုစုတယ်
-    သားကို အရမ်းချစ်တော့ သူတစ်ခုခု ဖြစ်ပြီဆိုတာနဲ့ လင်မယားနှစ်ယောက်လုံး နေလို့ကို မရတော့ဘူး။
-    သာမာန် လေထိုး၊ လေအောင့် ဖြစ်တာကအစ သားခံစားရတာကိုကြည့်ပြီး အရမ်းခံစားရတယ်။
-    အစားအသောက်ဆိုရင် သားအတွက် အိုး သုံးလုံးလောက်ချက်ရတယ်။ တစ်လုံးက အသား ပြုတ်တယ်။ နောက်တစ်လုံးက ဆန်ပြုတ်တယ်။ နောက်တစ်လုံးက အသီးအနှံတွေ ပြုတ်တယ်။ အားလုံးနူးသွားပြီဆိုတော့မှ ကြိတ်စက်ထဲကို ထည့်ပြီး ရောမွှေတယ်။
-    သားရဲ့အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်တိုင်ပဲ သေသေချာချာ သိမ်းဆည်းချင်တယ်။

၎။    ခင်ပွန်းအတွက်
-    ကိုဖြိုး ရှုတင်သွားဖို့ ပြင်ဆင်ရင်တော့ ကိုယ်တိုင်လိုက်လုပ်ပေးတယ်။
-    ဟင်းထဲမှာ ကိုဖြိုးက ၀က်သားနဲ့ ဒညှင်းသီးဟင်းကို အကြိုက်ဆုံးပဲ။
-    သူက အိမ်ကို သန့်နေမှ ကြိုက်တယ်။
-    သူ့စိတ်က ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နေချင်တယ်။ စိတ်ကြီးတယ်။

၅။    ကိုယ်တိုင်ရဲ့ ပြောင်းလဲမှု
-    အိမ်ထောင်ကျသွားပြီးတဲ့နောက် ဆုံးဖြတ်ချက်တွေက လူကြီးဆန်လာတယ်လို့ ထင်တယ်။
-    အရင်တုန်းကဆိုရင် ကိစ္စတစ်ခုကို သေချာမစဉ်းစားပဲ လွယ်လွယ်ဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက် မြန်တယ်။ အခုတော့ သေချာစဉ်းစားလာတယ်။

    အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ပဲ မိသားစုအတွက်၊ ခင်ပွန်းအတွက်၊ သားအတွက် ပိုပြီးအချိန်ပေးဖြစ်နေတဲ့ အိမ်ရှင်မဇင်ဇင်ရဲ့ အိမ်ထောင်မှု ဖြတ်သန်းပုံတွေ ဖြစ်ပါတယ်။